အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်းနှင့် အဖွဲ့အား တွေ့ဆုံခြင်း

0

သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ တည်ထောင်သူနှင့် အမှုဆောင်ဒါရိုက်တာ ဒေါက်တာနိုင်ဆွေဦးနှင့် ဦးသိန်းထွန်းဦးတို့သည် စင်ကာပူနိုင်ငံ နန်ယန်းနည်းပညာတက္ကသိုလ် S. Rajaratnam School of International Studies ၏ Executive Deputy Chairman နှင့် Institute of Defence and Strategic Studies ၏ Director ဖြစ်သူ သံအမတ်ကြီး Mr. Ong Keng Yong ဦးဆောင်သော သုတေသနပညာရှင်အဖွဲ့နှင့် စက်တင်ဘာ ၁၃ ရက်နေ့ နံနက်ပိုင်းက သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

Mr. Ong Keng Yong သည် ၂၀၀၃ မှ ၂၀၀၇ ခုနှစ်အထိ အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ၏ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါသည်။

တွေ့ဆုံရာတွင် ပင်လယ်ရေကြောင်းလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း (Maritime Security Cooperation) နှင့် လူသားချင်းစာနာထောက်ထားမှုနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အကူအညီပေးရေး (Humanitarian Assistance and Disaster Relief) ကိစ္စရပ်များကို နှစ်ဘက်အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြပါသည်။
Thayninga Institute for Strategic Studies 

Share.

About Author

Leave A Reply