Amicus Curiae စာတမ်းဆိုင်ရာ ရှင်းလင်းပွဲကျင်းပခြင်း

0

Amicus Curiae စာတမ်းဆိုင်ရာ ရှင်းလင်းပွဲကျင်းပခြင်း

သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ (Thayninga Institute for Strategic Studies – TISS) က နိုင်ငံတကာရာဇဝတ်မှုတရားရုံး (International Criminal Court – ICC) သို့ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့ ရက်စွဲဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းအရေးနှင့် ပတ်သက်သော Amicus Curiae (Friend of the Court) စာတမ်းအား တင်သွင်းခဲ့ပြီးဖြစ်ပါသည်။

အဆိုပါစာတမ်းနှင့် ပတ်သက်သော ရှင်းလင်းတင်ပြပွဲအား ၂၀၁၈ ခုနှစ် သြဂုတ်လ ၄ ရက် (စနေနေ့) တွင် ရန်ကုန်မြို့ Taw Win Garden Hotel ၌ ပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ တည်ထောင်သူနှင့် အမှုဆောင်ဒါရိုက်တာ ဒေါက်တာနိုင်ဆွေဦးက Amicus Curiae စာတမ်းတင်သွင်းရခြင်း၏ ရည်ရွယ်ချက်၊ ဖြစ်ပေါ်လာပုံနှင့် စာတမ်းပြုစုရေးသားတင်သွင်းခဲ့သည့် အခြေအနေများကို ရှင်းလင်းပြောကြားပါသည်။

ထို့နောက် အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက Amicus Curiae စာတမ်းပါ အချက်အလက်များကို အသေးစိတ်ရှင်းလင်း ပြောကြားပါသည်။

ဆက်လက်ပြီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံကိန်းပညာရှင် ဒေါက်တာဒေါ်ရင်ရင်နွယ်က စာတမ်းနှင့် ပတ်သက်ပြီး မှတ်ချက်စကားပြောကြားပါသည်။

ထို့နောက် သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့၏ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များသို့ ကွင်းဆင်းလေ့လာခဲ့သည့် ဗီဒီယိုမှတ်တမ်းအား ပြသခဲ့ပါသည်။

တက်ရောက်လာသူများနှင့် မီဒီယာများ၏ မေးမြန်းခြင်းများကို ဖြေကြားပြီးနောက် အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

Thayninga Institute for Strategic Studies – သေနင်္ဂ

Share.

About Author

Leave A Reply