စီးပြားေရး – စစ္ေရးဆက္စပ္မႈႏွင့္ ေခါင္းေဆာင္တို႔၏ အျပဳအမူ
ယေန႔ေခတ္တြင္ စီမံခန႔္ခြဲမႈပညာရပ္သည္ မ်ားစြာ အေရးပါသည့္ အခန္းက႑တြင္ ပါရွိေနေပသည္။ စီမံခန႔္ခြဲမႈ ပညာရပ္ဆိုသည္ စီးပြားေရး၊ ႏိုင္ငံေတာ္ တည္ေဆာက္ေရး စသည့္ အခန္းက႑မ်ားအတြက္ မရွိမျဖစ္ လိုအပ္ေသာ ပညာရပ္ပင္ ျဖစ္သည္။ စီမံခန႔္ခြဲမႈပညာသည္ လူတစ္ဦး တစ္ေယာက္အတြက္ သာမက လူသားမ်ား တစ္ဦးထက္ပိုမိုကာ စုေပါင္းထားေသာ လူသားအဖြဲ႕အစည္းမ်ား၏ စုေပါင္းလုပ္ေဆာင္မႈ အတြက္လည္း မ်ားစြာ အေရးႀကီးလွေပသည္။ ယေန႔ ေခတ္မွီတိုးတက္ေျပာင္းလဲေနသည့္ လူ႔အဖြဲ႕အစည္း အတြက္ စီမံခန႔္ခြဲမႈပညာရပ္သည္ မရွိမျဖစ္လိုအပ္ေသာ အတတ္ပညာရပ္ဟု သတ္မွတ္မည္ ဆိုပါက မွားမည္ မဟုတ္ေပ။
ေခတ္မွီတိုးတက္ေျပာင္းလဲေနသည့္ လူ႔အဖြဲ႕အစည္းအတြက္ဟု ဆိုရာတြင္လည္း Scientific Thoughts ေခတ္မီ သိပၸံအေတြးအေခၚမ်ားႏွင့္ Technological Innovation နည္းပညာဆိုင္ရာ ဆင့္ကဲ့တိုးတက္ေျပာင္းလဲ ေတြးေခၚမႈမ်ားကို ေပါင္းစပ္ၿပီးေတြးေခၚျခင္းကို လက္ေတြ႕အသုံးခ်ေနမႈျဖင့္ လုပ္ေဆာင္ဆိုလိုျခင္း ျဖစ္သည္။ ထိုကဲ့သို႔ စီမံခန႔္ခြဲမႈ အတတ္ပညာမ်ား အေၾကာင္းကို ေျပာဆိုရာတြင္ မျဖစ္မေန ပါရွိရမည့္ အခ်က္မွာ စီးပြားစီမံခန႔္ခြဲမႈ၏ အဓိပၸါယ္ ဖြင့္ဆိုခ်က္ ျဖစ္သည္။ စီမံခန႔္ခြဲမႈဆိုသည္မွာ အင္အားစုမ်ားကို အက်ိဳးရွိစြာ ေပါင္းစပ္အသုံးခ်ၿပီး ေဆာင္ရြက္လိုေသာ လုပ္ေဆာင္မႈမ်ားကို ေအာင္ျမင္စြာ ေဆာင္ရြက္ျခင္း ပင္ျဖစ္သည္။ ထိုသို႔ လုပ္ေဆာင္ေနသည့္ စီမံခန႔္ခြဲမႈတြင္ ပိုမိုေခတ္မီ တိုးတက္လာေသာ ေတြးေခၚမႈႏွင့္ စီမံခန႔္ခြဲမႈမ်ားတြင္ ပါရွိသည့္အခ်က္မ်ားကို ထပ္မံၿပီး ေဆြးေႏြးရမည္ ျဖစ္သည္။
တိုးတက္ေျပာင္းလဲလာေနသည့္ ေခတ္သစ္ စီမံခန႔္ခြဲမႈ အေတြးအေခၚမ်ားထဲတြင္ တိုးတက္ေျပာင္းလဲမႈ အျမဲတမ္းျဖစ္ေပၚေနသည့္ ယေန႔ေခတ္တြင္ စီမံခန႔္ခြဲမႈကို တဆင့္ ျမႇင့္တင္သည့္အေနျဖင့္ ယခင္က စီးပြားေရးဆိုင္ရာ ဆုံးျဖတ္ခ်က္မ်ားကို ခ်မွတ္သည့္ အခါတြင္ Internal Factors ဟု ေခၚသည့္မိမိ အဖြဲ႕အစည္းအတြင္းတြင္ ရွိသည့္ အခ်က္အလက္မ်ားကို အေျခခံၿပီး ဆုံးျဖတ္ေလ့ရွိၾကသည္။
အေမရိကန္ျပည္ေထာင္စုသည္ မၾကာေသးမီ ႏွစ္မ်ားအတြင္း ဧည့္သည္ဦးေရ က်ဆင္းမႈကို မ်က္ျမင္ေတြ႕ရွိ ခဲ့ရသည္။ ခရီးသြားလုပ္ငန္းတြင္ အခ်ိန္မတန္မီ အေမရိကန္ ဟုေခၚေသာ စြမ္းေဆာင္ရည္က်ဆင္းမႈ (ဥပမာ Lane၊ ၂၀၁၈) ကို ၾကည့္ပါက သိရွိႏိုင္ေပသည္။ ဤကဲ့သို႔ေသာ ေကာက္ခ်က္မ်ားသည္ ဆြဲေဆာင္မႈရွိေသာ သတင္းစာေခါင္းစီးမ်ား ျဖစ္ေသာ္လည္း ၎တို႔သည္လာေရာက္လည္ပတ္သူအေရအတြက္ကို ထိခိုက္ေစေသာ အခ်က္မ်ားအားလုံးကို ေစ့ေစ့စပ္စပ္ စစ္ေဆးျခင္းအေပၚ အေျခခံကာ ေဖာ္ျပခဲ့ျခင္း ျဖစ္သည္။ ႏိုင္ငံတစ္ႏိုင္ငံ၏ ဦးတည္ခ်က္ စြမ္းေဆာင္ရည္သည္ ႏိုင္ငံတစ္ႏိုင္ငံ၏ ႏိုင္ငံေရးေခါင္းေဆာင္၏ က်ယ္က်ယ္ျပန႔္ျပန႔္ သက္ေရာက္မႈရွိသည့္ ရႈပ္ေထြးေသာ လုပ္ငန္းတစ္ခု ျဖစ္သည္။ ထို႔ျပင္ အေမရိကန္ျပည္ေထာင္စု၌ သမၼတျဖစ္သည့္ ႏိုင္ငံ့ေခါင္းေဆာင္သည္ ႏိုင္ငံေရးေခါင္းေဆာင္မႈကို ရႈေထာင့္ေပါင္းစုံမွ ထည့္သြင္းတြက္ခ်က္ကာ စဥ္းစားရမည္ျဖစ္သည္။
ဤေလ့လာမႈတြင္ အလြန္တိက်ေသာ ရႈေထာင့္တစ္ခု၏ အက်ိဳးသက္ေရာက္မႈကို သမၼတ Donald J. Trump ၏ Twitter အသုံးျပဳမႈေၾကာင့္ ကၽြန္ေတာ္တို႔ ခရီးသြားလုပ္ငန္း၏ ေဈးကြက္တန္ဖိုး၌ ထင္ဟပ္ေစေသာ ႏိုင္ငံ၏ ခရီးသြားလုပ္ငန္း ေဈးကြက္တန္ဖိုးကို ေဖာ္ျပပါမည္။ ခရီးသြားလုပ္ငန္း ေဈးကြက္ရႈေထာင့္မွၾကည့္လွ်င္ ခရီးသြားမ်ားႏွင့္ ဦးတည္ရာတစ္ခုစီတိုင္းသည္ ခရီးသြားဆုံးျဖတ္ခ်က္မ်ားကို အဆုံးအျဖတ္ေပးႏိုင္မည့္ အလားအလာ ရွိေပသည္။ အဓိကအေနျဖင့္ ခရီးသြားမ်ားအေနျဖင့္ ခရီးမသြားခင္တြင္ ခ်မွတ္ေလ့ရွိေသာ ဆုံးျဖတ္ခ်က္မ်ား၊ သိစိတ္ႏွင့္ မသိစိတ္က ေတြးေခၚေသာ ေတြးေခၚမႈမ်ားအေပၚတြင္ ထည့္သြင္းစဥ္းစားေသာ အခ်က္မ်ားအေပၚတြင္ အေျခခံပါသည္။
ၿပီးခဲ့သည့္ ႏွစ္အနည္းငယ္အတြင္း ဆိုရွယ္မီဒီယာ ေပၚေပါက္လာျခင္းသည္ ခရီးသြားေနရာမ်ားႏွင့္ ပတ္သက္ေသာ သတင္းအခ်က္အလက္မ်ားအပါအဝင္ သတင္းအခ်က္အလက္ အမ်ိဳးအစားအားလုံးကို မွ်ေဝရန္ ပလက္ေဖာင္းသစ္တစ္ခု ျဖစ္လာခဲ့သည္။ အဆိုပါပလက္ေဖာင္းတြင္ ဆိုရွယ္မီဒီယာမွ တိုက္ရိုက္ျဖစ္ေစ၊ သြယ္ဝိုင္၍ ျဖစ္ေစ၊ အျခားေသာ သုံးစြဲသူမ်ားမွ ျဖစ္ေစ လုပ္ေဆာင္ေသာ ဆိုရွယ္မီဒီယာ လႈပ္ရွားမႈကို ျဖစ္ေစသည္။
အထက္ေဖာ္ျပပါ ဇယားကို ေလ့လာၾကည့္ရမည္ဆိုပါက သမၼတထရန႔္ အေနႏွင့္ ဆိုရွယ္မီဒီယာကို အသုံးျပဳရာတြင္ ေရးသားေဖာ္ျပေလ့ရွိေသာ အေၾကာင္းအရာမ်ားကို ေတြ႕ရွိႏိုင္သည္။ သမၼတထရန႔္သည္ ၎၏ ဆိုရွယ္မီဒီယာ စာမ်က္ႏွာ ၁ဝဝ ရာခိုင္ႏႈန္းတြင္ ၃၁ ဒသမ ၇၆ ရာခိုင္ႏႈန္းကို အေမရိကန္ႏိုင္ငံ၏ ပုံႏွိပ္ထုတ္ေဝျခင္းႏွင့္ မီဒီယာအပိုင္းတို႔ကို ေရးသားေဖာ္ျပခဲ့သည္။ ဆက္လက္ၿပီး အေမရိကန္ႏိုင္ငံ၏ စီးပြားေရးဖြံ႔ၿဖိဳးတိုးတက္မႈမ်ားႏွင့္ သက္ဆိုင္ေသာ အေၾကာင္းအရာမ်ားကို ၁၂ ဒသမ ၉၄ ရာခိုင္ႏႈန္း ေဖာ္ျပေရးသား ခဲ့သည္။ သဘာဝေဘးအႏၲရာယ္ႏွင့္ မေတာ္တဆမႈမ်ား စသည့္ အေၾကာင္းအရာမ်ားကို ၈ ဒသမ ၂၄ ရာခိုင္ႏႈန္း ေရးသားေဖာ္ျပခဲ့သည္။ အေမရိကန္ႏိုင္ငံႏွင့္ အျခားျပည္ပႏိုင္ငံမ်ား၏ ဆက္ဆံေရး၊ အေကာင္းျမင္ေသာ ညႇိႏႈိင္းပုံေဖာ္မႈမ်ား အေၾကာင္းကို ၈ ဒသမ ၂၄ ရာခိုင္ႏႈန္းခန႔္ ေရးသားေဖာ္ျပခဲ့သည္။ အေမရိကန္ႏိုင္ငံႏွင့္ အျခားျပည္ပႏိုင္ငံမ်ား၏ဆက္ဆံေရးကို မေကာင္းျမင္ေသာ ညႇိႏႈိင္းပုံေဖာ္မႈမ်ား အေၾကာင္းကို ၇ ဒသမ ၆၅ ရာခိုင္ႏႈန္းခန႔္ ေရးသားေဖာ္ျပခဲ့သည္။ ေရႊ႕ေျပာင္းေနထိုင္သူမ်ားအေပၚ ႏွစ္သက္မႈမရွိေသာ အေၾကာင္းအရာမ်ားကို ၈ ဒသမ ၂၄ ရာခိုင္ႏႈန္းေရးသား ေဖာ္ျပခဲ့သည္။ သမၼတ၏ ပူးေပါင္းႀကံစည္မႈ သီအိုရီျဖစ္ေသာ spygate ႏွင့္ပတ္သတ္ၿပီး ၂၂ ဒသမ ၃၅ ရာခိုင္ႏႈန္း ေရးသား ေဖာ္ျပခဲ့သည္။
ထိုသို႔ သက္ဆိုင္ရာ အေၾကာင္းအမ်ားကို အေမရိကန္ သမၼတ ေဒၚနယ္ထရန႔္ သက္တမ္းတစ္ေလွ်ာက္ Twitter ေပၚတြင္ ေရးသား ေဖာ္ျပခဲ့သည္။ ဆက္လက္ၿပီး ခရီးသြားလုပ္ငန္းေဈးကြက္ႏွင့္ ပတ္သတ္ေသာ အေၾကာင္းအရာမ်ားကို ဆက္လက္ေဖာ္ျပပါမည္။
Twitter ေပၚတြင္ သမၼတ ေဒၚနယ္ထရန႔္သည္ အထက္ေဖာ္ျပပါ စာပိုဒ္တြင္ပါဝင္ေသာ အေၾကာင္းအရာမ်ားကို သူ၏ သမၼတသက္တမ္း တေလွ်ာက္ ေရးသားေဖာ္ျပခဲ့သည္။ ၎၏ ေရးသားေဖာ္ျပခ်က္မ်ားသည္ ခရီးသြားလုပ္ငန္း၏ ေဈးကြက္တန္ဖိုးအေပၚ မ်ားစြာေသာ အက်ိဳးသက္ေရာက္မႈမ်ား ျဖစ္ေပၚေစခဲ့သည္။ Twitter ေပၚတြင္ သမၼတေဒၚနယ္ထရန႔္၏ ေရးသားေဖာ္ျပမႈမ်ားအေပၚ မူတည္ပီး ခရီးသြားလုပ္ငန္း ေဈးကြက္တန္ဖိုးမ်ားသည္ ေဖာ္ျပပီးသည့္ အခ်ိန္မိနစ္မွစၿပီး ေနာက္ထပ္ (၅) မိနစ္အတြင္း တန္ဖိုးအတက္အက် မ်ားစြာရွိေနသည္။ ပထမဦးဆုံး စတင္ေဖာ္ျပေသာ အခ်ိန္ (၁) မိနစ္မွစပီး (၁)မိနစ္ခ်င္းစီအလိုက္ ေဈးကြက္တန္ဖိုး ေျပာင္းလဲမႈမ်ားမွာ အလြန္အင္မတန္ထင္ရွားစြာ ေျပာင္းလဲေစခဲ့သည္။ အခ်ိဳ႕ေရးသား ေဖာ္ျပမႈမ်ားမွာ ေကာင္းေသာဘက္ အေပါင္းလကၡဏာျပ ေျပာင္းလဲမႈမ်ားျဖစ္ေစခဲ့ေသာ္လည္း သမၼတ ေဒၚနယ္ထရန႔္၏ အမွတ္မထင္ အႏႈတ္လကၡာျပ ေျပာင္းလဲမႈမ်ားကို ျဖစ္ေပၚေစခဲ့ပါသည္။
ပထမဦးစြာ သမၼတေဒၚနယ္ထရန႔္ ေရးသားေဖာ္ျပခဲ့ေသာ အေၾကာင္းအရာမ်ားထဲမွ အေမရိကန္ႏိုင္ငံ၏ ပုံႏွိပ္ထုတ္ေဝျခင္းႏွင့္ သတင္းမီဒီယာအပိုင္းႏွင့္သက္ဆိုင္ေသာ ေရးသားေဖာ္ျပမႈမ်ားေၾကာင့္ ခရီးသြားလုပ္ငန္း ေဈးကြက္အေပၚတြင္ အက်ိဳးသက္ေရာက္ေစျခင္းအေၾကာင္းကို ဦးစြာေဖာ္ျပလိုပါသည္။ ပုံႏွိပ္ထုတ္ေဝျခင္းႏွင့္ သတင္းမီဒီယာအပိုင္းကိုေရးသားေဖာ္ျပမႈမ်ားေၾကာင့္ ခရီးသြားလုပ္ငန္း ေဈးကြက္တန္ဖိုးသည္ အေပါင္းလကၡဏာျပ ေျပာင္းလဲမႈမ်ား ျဖစ္ေပၚေစခဲ့သည္။ ပထမတစ္မိနစ္တြင္ စုစုေပါင္းေဈးကြက္တန္ဖိုး၏ ၀ ဒသမ ၀၀၀၂ ခန႔္ တိုးတက္လာခဲ့သည္။ ဒုတိယ ႏွစ္မိနစ္တြင္ ၀ ဒသမ ၀၀၀၉ ခန႔္ တိုးတက္လာခဲ့သည္။ တတိယသုံးမိနစ္တြင္ ၀ ဒသမ ၀၀၀၃ ခန႔္ တိုးတက္လာခဲ့သည္။ စတုတၳေလးမိနစ္တြင္ ဝ ဒသမ ဝဝဝ၃ ခန႔္တိုးတက္လာခဲ့သည္။ ပၪၥမငါးမိနစ္တြင္ ၀ ဒသမ ၀၀၀၃ ခန႔္ တိုးတက္လာခဲ့သည္။ ၎ကို ၾကည့္ျခင္းအားျဖင့္ သမၼတေဒၚနယ္ထရန႔္၏ ေရးသားေဖာ္ျပမႈမ်ားသည္ ခရီးသြားလုပ္ငန္းေဈးကြက္ ေဖာ္ေဆာင္မႈမ်ားအေပၚ အေပါင္းလကၡဏာျပ ေျပာင္းလဲမႈမ်ားျဖစ္ေပၚေစခဲ့သည္ကို ထင္ရွားေသာသက္ေသတစ္ခုျဖင့္ ျပသႏိုင္ေပသည္။
ဆက္လက္၍ သမၼတေဒၚနယ္ထရန႔္ ေရးသားေဖာ္ျပခဲ့ေသာ အေၾကာင္းအရာမ်ားထဲမွ အေမရိကန္ႏို င္ငံႏွင့္ အျခားျပည္ပ ႏိုင္ငံမ်ား၏ ဆက္ဆံေရးအေပၚ အေကာင္းျမင္ေသာ ညွိႏႈိင္းပုံေဖာ္မႈမ်ား အေၾကာင္းကို ေရးသားေဖာ္ျပမႈမ်ားေၾကာင့္ ခရီးသြားလုပ္ငန္းေဈးကြက္အေပၚတြင္ အက်ိဳးသက္ေရာက္ေစျခင္းအေၾကာင္းကို ဆက္လက္ ေဖာ္ျပပါမည္။ အေမရိကန္ႏိုင္ငံႏွင့္ အျခားျပည္ပ ႏိုင္ငံမ်ား၏ ဆက္ဆံေရး အေကာင္းျမင္ေသာ ညွိႏႈိင္းပုံေဖာ္မႈမ်ား အေၾကာင္းကို ေရးသားေဖာ္ျပမႈမ်ားေၾကာင့္ ခရီးသြားလုပ္ငန္းေဈးကြက္ တန္ဖိုးသည္ အႏုတ္ လကၡဏာျပ ေျပာင္းလဲမႈမ်ား ျဖစ္ေပၚေစခဲ့သည္။ ပထမတစ္မိနစ္တြင္ စုစုေပါင္းေဈးကြက္တန္ဖိုး၏ အႏုတ္ ၀ ဒသမ ၀၀၁ ခန႔္ ေလွ်ာ့က်လာခဲ့သည္။ ဒုတိယ ႏွစ္မိနစ္တြင္ အႏုတ္ ၀ ဒသမ ၀၀၂၁ ခန႔္ေလွ်ာ့က်လာခဲ့သည္။ တတိယသုံးမိနစ္တြင္ အႏုတ္ ၀ ဒသမ ၀၀၁၁ ခန႔္ ေလွ်ာ့က်လာခဲ့သည္။ စတုတၳေလးမိနစ္တြင္ အႏုတ္ ၀ ဒသမ ၀၀၁၂ ခန႔္ေလွ်ာ့က်လာခဲ့သည္။ ပၪၥမငါးမိနစ္တြင္ အႏုတ္ ၀ ဒသမ ၀၀၀၆ ခန႔္ ေလွ်ာ့က်လာခဲ့သည္။
၎ကို ၾကည့္ျခင္းအားျဖင့္ သမၼတေဒၚနယ္ထရန႔္၏ ေရးသားေဖာ္ျပမႈမ်ားသည္ ခရီးသြား လုပ္ငန္းေဈးကြက္ ေဖာ္ျပမႈမ်ားအေပၚ အႏုတ္ လကၡဏာျပ ေျပာင္းလဲမႈမ်ားျဖစ္ေပၚေစခဲ့သည္ကို ထင္ရွားေသာ သက္ေသတစ္ခုျဖင့္ ျပသႏိုင္ပါသည္။
တတိယအေနျဖင့္ သမၼတေဒၚနယ္ထရန႔္ ေရးသားေဖာ္ျပခဲ့ေသာ အေၾကာင္းအရာမ်ားထဲမွ ေ႐ႊ႕ေျပာင္း ေနထိုင္သူမ်ားအေပၚ ႏွစ္သက္မႈမရွိေသာ အေၾကာင္းအရာမ်ားကို အေၾကာင္းကို ေရးသားေဖာ္ျပမႈမ်ားေၾကာင့္ ခရီးသြားလုပ္ငန္းေဈးကြက္အေပၚတြင္ အက်ိဳးသက္ေရာက္ေစျခင္းအေၾကာင္းကို ဆက္လက္ေဖာ္ျပပါမည္။ ေ႐ႊ႕ေျပာင္းေနထိုင္သူမ်ားအေပၚ ႏွစ္သက္မႈမရွိေသာ အေၾကာင္းအရာမ်ားေၾကာင့္ ခရီးသြားလုပ္ငန္းေဈးကြက္ တန္ဖိုးသည္ အႏုတ္ဘက္ေဆာင္ေသာ လကၡဏာျပ ေျပာင္းလဲမႈမ်ား ျဖစ္ေပၚေစခဲ့သည္။ ပထမတစ္မိနစ္တြင္ စုစုေပါင္းေဈးကြက္တန္ဖိုး၏ ၀ ဒသမ ၀၀၀၃ ခန႔္ တိုးတက္လာခဲ့သည္။ ဒုတိယႏွစ္မိနစ္တြင္ အႏုတ္ ၀ ဒသမ ၀၀၂၉ ခန႔္ ေလွ်ာ့က်လာခဲ့သည္။ တတိယသုံးမိနစ္တြင္ အႏုတ္ ၀ ဒသမ ၀၀၀၂ ခန႔္ ေလွ်ာ့က်လာခဲ့သည္။ စတုတၳေလးမိနစ္တြင္ ၀ ဒသမ ၀၀၁ ခန႔္ တိုးတက္လာခဲ့သည္။ ပၪၥမငါးမိနစ္တြင္ အႏုတ္ ၀ ဒသမ ၀၀၀၃ ခန႔္ ေလွ်ာ့က်လာခဲ့သည္။ ၎ကို ၾကည့္ျခင္းအားျဖင့္ သမၼတေဒၚနယ္ထရန႔္၏ေရးသားေဖာ္ျပမႈမ်ားသည္ ခရီးသြား လုပ္ငန္းေဈးကြက္ေဖာ္ျပမႈမ်ားအေပၚ အႏုတ္ လကၡဏာျပ ေျပာင္းလဲမႈမ်ားျဖစ္ေပၚေစခဲ့သည္ကို ထင္ရွားေသာ သက္ေသတစ္ခုျဖင့္ ထပ္မံ ျပသႏိုင္ပါသည္။ ခရီးသြားလုပ္ငန္း ေဈးကြက္ေဖာ္ျပမႈမ်ားအေပၚ အႏုတ္လကၡဏာျပ ေျပာင္းလဲမႈမ်ား ျဖစ္ေပၚေစခဲ့သည္ကို ထင္ရွားေသာ သက္ေသတစ္ခုျဖင့္ ျပသႏိုင္ပါသည္။
ထိုသို႔ျဖင့္ သမၼတေဒၚနယ္ထရန႔္ ေရးသားခဲ့ေသာ အေၾကာင္းအရာမ်ားထဲမွ အေမရိကန္ႏိုင္ငံႏွင့္ အျခားျပည္ပ ႏိုင္ငံမ်ား၏ ဆက္ဆံေရးအေပၚ မေကာင္းျမင္ေသာ ညွိႏိႈင္းပုံေဖာ္မႈမ်ားအေၾကာင္းကို Twitter စာမ်က္ႏွာေပၚတြင္ ေရးသားေဖာ္ျပမႈမ်ားေၾကာင့္ ပထမတစ္မိနစ္တြင္ ဝ ဒသမ ဝဝ၃၉ ခန႔္ အျဖစ္လည္းေကာင္း၊ ဒုတိယ မိနစ္တြင္ ၀.၀၀၂၁ ခန႔္ အျဖစ္လည္းေကာင္း တတိယမိနစ္တြင္ ၀ ဒသမ ၀၀၂၆ ခန႔္ အျဖစ္လည္းေကာင္း၊ စတုတၳမိနစ္တြင္ ၀ ဒသမ ၀၀၂ ခန႔္အျဖစ္လည္းေကာင္း ေနာက္ဆုံး ပၪၥမ ငါးမိနစ္ေျမာက္တြင္ ၀ ဒသမ ၀၀၁၁ ခန႔္အျဖစ္လည္းေကာင္း အေပါင္းလကၡဏာျပေသာ ေျပာင္းလဲမႈမ်ားျဖစ္ေပၚေစခဲ့ၿပီး ခရီးသြားလုပ္ငန္းေဈးကြက္ တန္ဖိုးအေပၚတြင္ တိုးတက္ေသာ ေျပာင္းလဲမႈအေနျဖင့္ တိုးတက္ေျပာင္းလဲေစခဲ့ေသာေၾကာင့္ သမၼတ၏ ေရးသားေဖာ္ျပမႈသည္ အက်ိဳးသက္ေရာက္မႈ ရွိေၾကာင္းထပ္မံသတိျပဳႏိုင္သည္။ ထိုမွတဆင့္ထပ္မံၿပီး သမၼတ၏ ပူးေပါင္းႀကံစည္မႈ သီအိုရီျဖစ္ေသာ Spygate ႏွင့္ပတ္သက္ၿပီး ေရးသားေဖာ္ျပမႈမ်ားေၾကာင့္ ေရးသားေဖာ္ျပမႈမ်ားေၾကာင့္ ပထမတစ္မိနစ္မွစတင္ၿပီး အႏုတ္ ၀ ဒသမ ၀၀၀၁၊ ၀ ဒသမ ၀၀၀၀၁၊ အႏုတ္ ၀ ဒသမ ၀၀၀၂၊ ၀ ဒသမ ၀၀၀၀၃၊ ၀ ဒသမ ၀၀၀၀၂ စသည္ျဖင့္လည္းေကာင္း၊ အေမရိကန္ႏိုင္ငံ၏ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈမ်ားႏွင့္ သက္ဆိုင္ေသာ အေၾကာင္းရာမ်ားေၾကာင့္ ၀ ဒသမ ၀၀၂၂၊ ၀ ဒသမ ၀၀၃၊ အႏုတ္ ၀ ဒသမ ၀ဝ၀၁၄၊ ၀.၀၀၀၂၊ ၀.၀၀၀၂) အျဖစ္ျဖင့္လည္းေကာင္း ဆက္လက္ၿပီး အေမရိကန္ႏိုင္ငံ၏ သဘာဝေဘးအႏၱရာယ္ႏွင့္ မေတာ္တဆမႈမ်ားကို ေရးသားေဖာ္ျပမႈမ်ားေၾကာင့္ (အႏုတ္ ၀ ဒသမ ၀ဝ၀၉၊ ၀ ဒသမ ၀၀၀၄၊ ၀ ဒသမ ၀ဝဝ၈၊ ၀ ဒသမ ၀၀၀၇၄၊ ၀ ဒသမ ၀၀၀၂) အျဖစ္ျဖင့္လည္းေကာင္း ခရီးသြားလုပ္ငန္းေဈးကြက္အေပၚ ေျပာင္းလဲမႈမ်ား ျဖစ္ေပၚေစခဲ့သည္။
စီးပြားေရးတိုးတက္မႈအတြက္ ႏိုင္ငံေရးေဘာဂဆိုင္ရာ သီအိုရီမ်ားကို ထည့္သြင္းေလ့လာရမည္ျဖစ္ၿပီး စီးပြားေရးတိုးတက္မႈ မရွိပါက အရပ္ဖက္ – စစ္ဖက္ဆက္ဆံေရးကို ျပဳလုပ္ရာတြင္ အခက္အခဲမ်ားစြာ ရွိႏိုင္ေၾကာင္းကို ႐ုရွားႏိုင္ငံတြင္ ျဖစ္ေပၚခဲ့ေသာ အေျခမ်ားကို အေျခခံၿပီးေလ့လာပါမည္။ ဆက္လက္ၿပီး ႐ုရွားႏိုင္ငံ၏ စီးပြားေရးေကာင္းမြန္မႈသာ အရပ္ဖက္ – စစ္ဖက္ဆက္ဆံေရးကို ပိုမိုေကာင္းမြန္ေအာင္ ေဆာင္ရြက္ႏိုင္မည္ ျဖစ္ေၾကာင္းကို ေဆြးေႏြးတင္ျပပါမည္။ ႐ုရွားႏိုင္ငံ၏ အရပ္ဖက္ – စစ္ဖက္ဆက္ဆံေရး က႑တြင္ အပိုင္း (၈) ပိုင္းပါဝင္သည္။
(၁) နိဒါန္း
(၂) ေနာက္ခံသမိုင္း
(၃) ပိုမိုေကာင္းမြန္ေစရန္ ထိန္းခ်ဳပ္သည့္ စံသက္မွတ္ျခင္း
(၄) စစ္ဖက္ေျပာင္းလဲမႈဦးတည္ခ်က္
(၅) စစ္ဖက္ပူးေပါင္း လုပ္ကိုင္မႈ အတက္အက်
(၆) ဗလာတီနီယားပူတင္ႏွင့္ စစ္ေရး
(၇) ႐ုရွားတပ္မေတာ္၏ အနာဂတ္စိန္ေခၚမႈမ်ား
(၈) နိဂုံး
(၁) နိဒါန္း
႐ုရွားႏိုင္ငံ၏ အရပ္ဖက္ – စစ္ဖက္ ဆက္ဆံေရးမွာ ခက္ခဲေသာ ကိစၥရပ္တစ္ခုျဖစ္ပါသည္။ ယင္းဆက္ဆံေရးမွာ ဝန္းရံလ်က္ရွိေသာ NATO ေနာက္စစ္အုပ္ႏွင့္ ၿပိဳင္ဆိုင္ေရးအေပၚ အေျခခံပါသည္။ တစ္နည္းအားျဖင့္ ဗလာဒီမီယာပူတင္၏ Hawkwish ႏိုင္ငံျခားေရး မူဝါဒေၾကာင့္ ပိုမိုရႈပ္ေထြးေနပါသည္။ ႐ုရွားႏိုင္ငံ၏ စီးပြါးေရးမွာ ေရနံတင္ပို႔ေရာင္းခ်မႈ အေပၚလြန္ကဲစြာ အေျခခဲေနျခင္း ျဖစ္ပါသည္။ ပူတင္၏ ႏိုင္ငံျခားေရးမူဝါဒမွာ ၄င္း၏ဩဇာခိုင္မာမႈရွိေရးအတြက္ အေထာက္အကူျပဳေနပါသည္။ ႐ုရွားႏိုင္ငံအေနျဖင့္ ခိုင္မာေသာ အရပ္ဖက္ – စစ္ဖက္ဆက္ဆံေရး တည္ေဆာက္ရန္လိုအပ္လ်က္ရွိပါသည္။
(၂) ေနာက္ခံသမိုင္း (ၿပိဳကြဲျခင္း)
၁၉၉၀ ျပည့္ႏွစ္တြင္ ျဖစ္ေပၚခဲ့ေသာ အေျခအေန ရႈပ္ေထြးမႈေၾကာင့္ ႐ုရွားစစ္ေရးအေျခအေနသည္ ၿပိဳကြဲလုနီးပါး ျဖစ္ခဲ့ရပါသည္။ ၁၉၉၂ ခုႏွစ္၊ ဧၿပီလတြင္ ႐ုရွားအစိုးရအေနျဖင့္ ဆိုဗီယက္အရာရွိႏွင့္ စစ္သည္ ၂ ဒသမ ၆ သန္း ဟု ေဖာ္ျပေသာ္လည္း အမွန္တကယ္မွာမူ ထိုထက္နည္းပါးလ်က္ ရွိပါသည္။ ၁၉၉၄ ခုႏွစ္တြင္ စစ္မႈထမ္း ၁ ဒသမ ၅ သန္း ဟု ေဖာ္ျပေသာ္လည္း ၄င္းမွာ ပိုမိုခန႔္မွန္းေဖာ္ျပထားျခင္း ျဖစ္ပါသည္။
(၃) ပိုမိုေကာင္းမြန္ေစရန္ ထိန္းခ်ဳပ္သည့္ စံသတ္မွတ္ျခင္း .
႐ုရွားတပ္မေတာ္မွာ အစိုးရႏွင့္ KGB ၾကား ဓားစာခံ ျဖစ္ခဲ့ၿပီး ၁၉၈၀ ခုႏွစ္ေနာက္ပိုင္းတြင္ အင္အားခိ်နဲ႔လာခဲ့သည္။ ၁၉၉၁ ခုႏွစ္တြင္ KGB မွာ အာဏာပိုမိုႀကီးထြားလာကာ ဆိုဗီယက္ယူနီယမ္ကို ဦးေဆာင္ခဲ့ပါသည္။ ကာကြယ္ေရး အသုံးစရိတ္ေလွ်ာ့ခ်ၿပီး တပ္မေတာ္ကို ဆင္းရဲမြဲေတေစခဲ့ေသာ္လည္း ၁၉၉၃ ခုႏွစ္ ဖြဲ႕စည္းပုံ အေျခခံဥပေဒေရးဆြဲေရးကိစၥတြင္သာ ပါဝင္ခဲ့ၿပီး သမၼတ ယယ္ဆင္၏ အမိန႔္အာဏာျဖင့္သာ ရပ္တည္ေနခဲ့ပါသည္။
(၄) စစ္ဘက္ေျပာင္းလဲမႈဦးတည္ခ်က္
တပ္မေတာ္အသြင္ေျပာင္းလဲေရးမွာ ႐ုရွားႏိုင္ငံ လုံၿခဳံေရးႏွင့္ စီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္မႈႏွင့္ ဆက္စပ္ေနပါသည္။ အဓိက ယွဥ္ၿပိဳင္မႈမွာ အေနာက္အုပ္စု ပုံစံအဆင့္ျဖင့္ ဖြဲ႕စည္းျခင္း၊ အရည္အခ်င္း ျပည့္ဝေသာ အင္အားႀကီးတပ္ဖြဲ႕ ဖြဲ႕စည္းႏိုင္ျခင္းတို႔ ျဖစ္ပါသည္။ ပထမ ေခ်ခ်င္းညာစစ္ပြဲ (၁၉၉၄-၁၉၉၆) ခုႏွစ္တြင္ အင္အား ၁ ဒသမ ၅ သန္းရွိေသာ္လည္း အင္အား (၄၀၀၀၀) သာ ပါဝင္ခဲ့ပါသည္။ ဒုတိယ ေခ်ခ်င္းညာစစ္ပြဲ (၁၉၉၉- ၂၀၀၇) ခုႏွစ္တြင္ ကာကြယ္ေရးဝန္ႀကီး Sergei Ivanov အေနျဖင့္ အဆင့္ျမင့္ ေလထီးတပ္ရင္း ဖြဲ႕စည္းႏိုင္ခဲ့ပါသည္။ ၂၀၀၈ ခုႏွစ္ Rossia – Georganian စစ္ပြဲအၿပီးတြင္ ပုံစံသစ္႐ုရွားတပ္ကို အသြင္ေျပာင္းႏိုင္ခဲ့ပါသည္။ ၂၀၁၂ ခုႏွစ္တြင္ အရာရွိ (၃၃၅၀၀၀) မွ (၂၂၀၀၀၀) ခန႔္သို႔ အင္အား ေလွ်ာ့ခ်ခဲ့ပါသည္။ တပ္မေတာ္၏ အမာခံေက်ာရိုးအျဖစ္ NCO (အရာခံ၊ အၾကပ္တပ္သား) တို႔ကို တိုးခ်ဲ႔ ဖြဲ႕စည္းခဲ့ပါသည္။ ၂၀၁၈ ခုႏွစ္တြင္ ဖြဲ႕စည္းပုံ၏ ၃ ပုံ ၂ ပုံအား အၿမဲတန္း အင္အားအျဖစ္ ရပ္တည္ႏိုင္ေအာင္ ဖြဲ႕စည္းခဲ့ပါသည္။ လက္ရွိအခ်ိန္တြင္ အင္အား (၄၀၀၀၀၀) ႏွင့္ စစ္မႈမထမ္းမေနရဥပေဒျဖင့္ အင္အား (၂၇၆ ၀၀၀) ရွိပါသည္။ အခ်ဳပ္အားျဖင့္ဆိုရေသာ္ တပ္မေတာ္ ပုံစံေျပာင္း ဖြဲ႕စည္းမႈမ်ား ေအာင္ျမင္လ်က္ရွိပါသည္။
ခ႐ိုင္းမီးယား၊ ယူကရိန္းႏွင့္ Donbas ေဒသစစ္ပြဲမ်ားတြင္ အဆင့္ျမင့္စစ္သည္တို႔ကို အသုံးျပဳ တိုက္ခိုက္ေအာင္ျမင္ခဲ့ၿပီး ဆီးရီးယားေဒသလည္း အပါအဝင္ျဖစ္ခဲ့သည္။ ယခုအခါ ႐ုရွားအေနျဖင့္ ေခတ္မီတပ္မေတာ္အျဖစ္ တည္ေထာင္ႏိုင္ၿပီျဖစ္ေသာ္လည္း ႐ုရွားႏိုင္ငံေတာ္အတြက္ အေရးပါေသာ က႑မွ ပါဝင္ႏိုင္ေရးအတြက္ ႀကိဳးပမ္းရဦးမည္ျဖစ္ပါသည္။ ၂၀၂၁ ခုႏွစ္တြင္ စစ္သည္အင္အား (၉၅၀၀၀) ထပ္မံရရွိႏိုင္ေရးအတြက္ ဘဏၰာေငြရရွိေရး သံသယျဖစ္ဖြယ္ ရွိေနပါသည္။ မည္သို႔ပင္ဆိုေစကာမႈ ႐ုရွားအေနျဖင့္ တပ္မေတာ္အင္အားရွိမွ တိုင္းျပည္အင္အားရွိမည္ ဆိုသကဲ့သို႔ အင္အားေကာင္းမြန္ေသာ တပ္မေတာ္ျဖစ္ရန္ ႀကိဳးပမ္းရပါသည္။
(၅) စစ္ဖက္စုေပါင္းအင္အားအတက္အက်
တပ္မေတာ္ကို အသြင္ေျပာင္းရာတြင္ ႏိုင္ငံေရးၾသဇာမရွိသူ ျပည္သူမ်ား မပါဝင္မႈေၾကာင့္ ႏွစ္ရွည္ လုပ္ေဆာင္ရမည္ ျဖစ္ပါသည္။ ၁၉၉၀ ခုႏွစ္ ယယ္ဆင္၏ အင္အားခ်ိနဲ႕ေသာ ဦးေဆာင္မႈေၾကာင့္ စစ္ဘက္ ႏွင့္ အရပ္ဘက္ဆက္ဆံေရး ၿပိဳကြဲလုနီးပါး ျဖစ္ခဲ့ေသာ္လည္း ၁၉၉၃ အေျခခံဥပေဒ ေရးဆြဲေရးေၾကာင့္ ျပန္လည္ ေကာင္းမြန္လာခဲ့ပါသည္။ ဒူအာလႊတ္ေတာ္အေနျဖင့္ ကာကြယ္ေရးအသုံးစရိတ္ ျပင္ဆင္ခြင့္ရရွိေရးအတြက္ မစြမ္းေဆာင္ႏိုင္ပါ။ ယယ္ဆင္အေနျဖင့္ ကာကြယ္ေရး အသုံးစရိတ္ႏွင့္ စစ္ဗိုလ္ခ်ဳပ္အရာရွိႀကီးမ်ား၏ အာဏာကို ခ်ဳပ္ကိုင္လိုေသာ္လည္း မစြမ္းေဆာင္ႏိုင္ခဲ့ပါ။
၂၀၀၄ ခုႏွစ္တြင္ အရပ္သား Sergei Ivanov အား ကာကြယ္ေရး ဝန္ႀကီး အျဖစ္ခန႔္အပ္ခဲ့ပါသည္။ ၄င္းမွာ တပ္မေတာ္ အရာရွိမဟုတ္ဘဲ KGB ႏွင့္ FSB အႀကီးအကဲ ျဖစ္ပါသည္။ ပူတင္အေနျဖင့္ ၂၀၀၀ ခုႏွစ္မွ ၂၀၀၈ ခုႏွစ္အတြင္း ကာကြယ္ေရးအသုံးစရိတ္ (၂) ဆရရွိေအာင္ ေဆာင္႐ြတ္ႏိုင္ခဲ့သျဖင့္ ပူတင္ႏွင့္ မက္ဗီဒက္တို႔သည္ ေအာင္ျမင္မႈ ရရွိခဲ့ပါသည္။
(၆) ဗလာဒီမီယာပူတင္ ႏွင့္ စစ္ေရး
တပ္မေတာ္ႏွင့္ ဆက္ႏြယ္မႈသည္ ပူတင္၏ ဥပေဒျပဌာန္းမႈအတြက္ အေရးပါသည္။ တပ္မေတာ္သည္ ၄င္း၏ ႏိုင္ငံျခားေရးမူဝါဒ တည္ၿမဲေရးအတြက္ အေရးပါသည္။ ႐ုရွားျပည္သူမ်ားအေနျဖင့္ ပူတင္သည္ တပ္မေတာ္ကို ေလးစားၿပီး ႐ုရွားႏိုင္ငံ မဟာဩဇာရရွိေရးအတြက္ ခိုင္ၿမဲေသာ ႏိုင္ငံျခားေရးဝါဒကို စြဲကိုင္ေသာ သူအျဖစ္ မွတ္ယူၾကသည္။ KGB ႏွင့္ FSB အေတြ႕အႀကဳံမ်ားအရ ပူတင္သည္ တပ္မေတာ္ႏွင့္ ႏိုင္ငံလုံၿခဳံေရးကို စိတ္ဝင္စားသူျဖစ္သည္။ ႐ုရွားႏိုင္ငံအား NATO ႏွင့္ အင္အားယွဥ္ၿပိဳင္ႏိုင္ေရးမွ ႏိုင္ငံအာဏာ ထိန္းသိမ္းႏိုင္ေရး အတြက္ လုပ္ေဆာင္လ်က္ ရွိသည္။
(၇) ႐ုရွားတပ္မေတာ္၏ အနာဂတ္စိန္ေခၚမႈမ်ား
႐ုရွားႏိုင္ငံ၏ စီးပြားေရးအားနည္းမႈေၾကာင့္ အေနာက္အုပ္စုႏွင့္ ယွဥ္ၿပိဳင္ႏိုင္ရန္ ခက္ခဲေၾကာင္း၊ ယင္းအတြက္ ပူတင္အေနျဖင့္ တပ္မေတာ္အား ေခတ္မီတပ္မေတာ္အျဖစ္ အသြင္ေျပာင္းေရးအတြက္ မည္သို႔ လုပ္ေဆာင္မည္ကို ႐ုရွားစာေစာင္မ်ားက ေဖာ္ျပေနပါသည္။ ေခတ္မီတိုက္ေလယာဥ္ႏွင့္ လက္နက္မ်ားကို ျပသေနေသာ္လည္း လုံေလာက္ေသာ အေရအတြက္ထုတ္လုပ္ရန္ ေငြေၾကးမလုံေလာက္မႈ ျဖစ္ေပၚေနပါသည္။ NATO မဆိုထားႏွင့္ တ႐ုတ္ႏွင့္ပင္ ယွဥ္ၿပိဳင္ရန္ပင္ လုံေလာက္ေသာ ဘ႑ာအင္အားမရွိဟု ဆိုရေပမည္။
၂၀၂၁ ခုႏွစ္တြင္ စစ္သည္အင္အား (၉၅၀၀၀) ရရွိရန္ပင္ ခက္ခဲေနပါသည္။ ၂၀၁၈ ခုႏွစ္တြင္ အၿငိမ္းစားယူမည့္ အသက္ကို တိုးျမႇင့္ခဲ့ေသာေၾကာင့္ ဆႏၵျပမ်ား ႀကဳံေတြ႕ခဲ့ရပါသည္။ စီးပြားေရးဖြံ႕ၿဖိဳးခဲ့ေသာ ၂၀၀၀ ခုႏွစ္ႏွင့္ ၂၀၁၀ ခုႏွစ္ တို႔မွာ လြန္ေျမာက္ခဲ့ၿပီး ျမင့္မားေနေသာ ကာကြယ္ေရးအသုံးစရိတ္ ထိန္းထားႏိုင္ရန္ ႏိုင္ငံေရးအခက္အခဲႏွင့္ ႀကဳံေတြ႕ေနရပါသည္။ ၂၀၀၈ ခုႏွစ္ ကာကြယ္ေရးအသုံးစရိတ္၏ ၃၀ ရာခိုင္ႏႈန္းမွာ စာရင္းေပ်ာက္ေနပါသည္။ လက္စားမႈျပႆနာေၾကာင့္ ပူတင္၏ ႏိုင္ငံေရး အေနအထားမွာ ပ်က္ျပယ္သြားႏိုင္ပါသည္။ လက္စားမႈကို တိုက္ဖ်က္ႏိုင္မွသာလွ်င္ ႏိုင္ငံေရးေအာင္ျမင္မႈ ရရွိပါမည္။
နိဂုံး
ပူတင္အေနျဖင့္ တပ္မေတာ္ အင္အားႀကီးထြားေရးအတြက္ မည္သို႔ပင္ ႀကိဳးပမ္းလုပ္ေဆာင္ေနေသာ္လည္း ျမင္ႏိုင္ေသာ အနာဂတ္တြင္ NATO ႏွင့္ ယွဥ္ႏိုင္ေသာအဆင့္သို႔ မေရာက္ရွိႏိုင္ေသးေပ။ အေၾကာင္းမွာ အေနာက္အုပ္စုႏိုင္ငံမ်ားႏွင့္ စီးပြားေရး မယွဥ္ႏိုင္ေသာေၾကာင့္ပင္ ျဖစ္သည္။ ယခုျဖစ္ရပ္မွာ ဇာဘုရင္ လက္ထက္မွာစ၍ ယေန႕တိုင္ျဖစ္ပါသည္။ မည္သို႔ပင္ဆိုေစကာမူ ႐ုရွားႏိုင္ငံသည္ ထင္ျမင္ရသကဲ့သို႔ မသန္စြမ္း၊ ထင္ျမင္ရသကဲ့သို႔ အင္အားမခ်ိနဲ႕ပါ ဟူေသာ စကားပုံမွာ ယခုအခ်ိန္ထိ မွန္ကန္ေနပါသည္။ ႀကိဳးစားတည္ေဆာက္ေနေသာ္လည္း တပ္မေတာ္အသြင္ေျပာင္းေရးမွာ လိုအပ္ခ်က္မ်ားစြာရွိေနပါသည္။ ႐ုရွား အရပ္ဖက္ – စစ္ဖက္ဆက္ဆံေရးကို ထိခိုက္ေစေသာအရာမွာ ဘ႑ာေရး ပင္ျဖစ္ပါသည္။ တပ္မေတာ္ အေနျဖင့္ အရပ္ဘက္ဆက္ဆံေရး ေကာင္းမြန္ရန္ မည္သို႔ပင္ ႀကိဳးစားေနေသာ္လည္း အသုံးစရိတ္ မလုံေလာက္မႈေၾကာင့္ အသုံးစရိတ္ မလုံေလာက္မႈေၾကာင့္ အေကာင္အထည္မေဖာ္ႏိုင္ေပ။
ထိုသို႔ကာကြယ္ေရး အသုံးစရိတ္ျဖတ္ေတာက္မႈမွာ ပူတင္အတြက္ ျပႆနာ ျဖစ္ေပၚေစပါသည္။ ၄င္း၏ ရည္မွန္းခ်က္ အေကာင္အထည္ေဖာ္ႏိုင္ေရးအတြက္ ဘဏၰာေငြ လိုအပ္သည္။ ဗိုလ္ခ်ဳပ္ႀကီးမ်ား အေနျဖင့္ Putin ၏ Hawkish Foreign Policy ကို ေထာက္ခံပံ့ပိုးေပးလိုေသာ္လည္း ယူကရိန္းႏွင့္ ဆီးရီးယား ကဲ့သို႔ေသာ ကိစၥမ်ားတြင္ ဘဏၰာေရး အသုံးစရိတ္မ်ား ကုန္က်မႈအတြက္ ခက္ခဲေနပါသည္။ ၂၀၁၈ ခုႏွစ္တြင္ ျပင္ဆင္ခဲ့ေသာ အၿငိမ္းစားယူခြင့္ သက္တမ္းတိုးျမႇင့္ေရးကိစၥေၾကာင့္လည္း ပါဝင္ပါသည္။ ၂၀၀၀ ခုႏွစ္ထိ ႐ုရွားစီးပြားေရးေကာင္းမြန္ခဲ့ေသာ္လည္း ၂၀၁၄ ခုႏွစ္ စီးပြားေရးက်ဆင္းမႈေၾကာင့္ ႐ုရွားျပည္သူမ်ားမွာ ပူတင္၏ Hawkish Foreign Policy ႏွင့္ တပ္မေတာ္အင္အားႀကီးထြားေရးကို ယုံၾကည္မႈ ကင္းမဲ့ေနၾကပါသည္။
ဘဏၰာေရးျပႆနာႏွင့္ လာဘ္စားမႈျပႆနာမွာ ပူတင္၏ အုပ္ခ်ဳပ္ေရးအား ထိခိုက္ေစေသာ အခ်က္ျဖစ္ပါသည္။ ကာကြယ္ေရးအသုံးစရိတ္ ျဖတ္ေတာက္မႈမ်ားအား ဟန႔္တားႏိုင္ပါက ၄င္းအတြက္ ေထာက္ခံမႈ ပိုမိုရရွိေစမည္ ျဖစ္ပါသည္။ ကာကြယ္ေရး အသုံးစရိတ္ျဖတ္ေတာက္ျခင္း မျပဳပါက လူမႈအက်ိဳးခံစားခြင့္ကို ျဖတ္ေတာက္ရမည္ ျဖစ္ေသာ္ေၾကာင့္ ျပည္သူလူထု၏ ခါးသီးေသာ ခံစားခ်က္မ်ား ခံစားရမည္ျဖစ္ပါသည္။
ထို႔ေၾကာင့္ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္ရန္ အေရးႀကီးေၾကာင္း စီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္မႈ မရွိပါက ႏိုင္ငံတြင္း အရပ္ဖက္ – စစ္ဖက္ဆက္ဆံေရးကို တိုးျမႇင့္လုပ္ေဆာင္ရန္ ခက္ခဲေၾကာင္း၊ ထို႔ေၾကာင့္ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္ရန္ ႏိုင္ငံေရးေဘာဂေဗဒဆိုင္ရာ သီအိုရီမ်ားကို ထည့္သြင္းဆင္ျခင္လုပ္ေဆာင္ၿပီး အေကာင္အထည္ေဖာ္သင့္ေၾကာင္း တင္ျပအပ္ပါသည္။
အခ်ဳပ္အားျဖင့္ဆိုရေသာ္ စီမံခန႔္ခြဲမႈပညာဆိုသည္မွာ လြန္စြာအင္မတန္မွ အေရးႀကီးၿပီး ႏိုင္ငံေတာ္တည္ေဆာက္ေရး၊ ႏိုင္ငံေတာ္၏ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္ေရး စသည္တို႔အေပၚတြင္ မ်ားစြာ အက်ိဳးသက္ေရာက္မႈ ရွိေစၿပီး ႏိုင္ငံ့ေခါင္းေဆာင္မ်ားအေနျဖင့္ မိမိတို႔၏ ဆုံးျဖတ္ခ်က္မ်ားကို ေဆာင္႐ြက္ရာတြင္ အေမရိကန္ႏိုင္ငံသမၼတ၏ အေၾကာင္းကိုေလ့လာျခင္းျဖင့္ Digital Diplomacy ႏွင့္သက္ဆိုင္ေသာ သမၼတ၏ ေသးငယ္ေသာ အျပဳအမူေလးကပင္လွ်င္ ႏိုင္ငံ၏ စီးပြားေရးလုပ္ငန္းမ်ားထဲမွ အခန္းက႑ ျဖစ္ေသာ ခရီးသြားလုပ္ငန္းအေပၚတြင္ ႀကီးမားေသာ ေျပာင္းလဲမႈမ်ားကို ျဖစ္ေပၚေစခဲ့သည္။
ထို႔အျပင္ ႏိုင္ငံတစ္ႏိုင္ငံ၏ အဓိကအခ်က္အခ်ာျဖစ္ေသာ ‘တပ္မေတာ္အင္အားရွိမွ တိုင္းျပည္အင္အားရွိမည္’ ဟူေသာ ေဆာင္ပုဒ္ႏွင့္အညီ ႏိုင္ငံ၏ ေကာင္းမြန္သည့္ အင္အားျပယုဂ္ျဖစ္ေသာ အင္အားမ်ားကို ေဖာ္ေဆာင္ရာတြင္ အရပ္ဖက္ – စစ္ဖက္ဆက္ဆံေရးသည္ အျပန္အလွန္ အက်ိဳးျဖစ္ထြန္းေစေသာ တပ္မေတာ္ဘက္မွေတြးေခၚေသာ ျပည္သူမ်ား၏ အက်ိဳးစီးပြားကို ျဖစ္ထြန္းေစမည့္ ဆုံးျဖတ္ခ်က္မ်ား၊ စီးပြားေရးအျမင္ဘက္မွ ျပန္လည္စဥ္းစားေသာ တပ္မေတာ္၏ ကာကြယ္ေရးအင္အားျမႇင့္တင္မႈအေပၚ အက်ိဳးသက္ေရာက္ေစေသာ ဆုံးျဖတ္ခ်က္မ်ား၊ ညီၫႊတ္မွ်တစြာ ေဆာင္႐ြက္ျခင္းမ်ားကို ျပဳလုပ္သင့္ေၾကာင္း ႐ုရွားႏိုင္ငံ၏ ေခါင္းေဆာင္ျဖစ္ေသာ သမၼတ ဘလာတီမီယာပူတင္၏ ဆုံးျဖတ္ခ်က္မ်ားကို ေတြ႕ျမင္ႏိုင္ပါသည္။
တစ္ၿပိဳင္နက္ထဲတြင္ ႏိုင္ငံတစ္ႏိုင္ငံ၏ သမၼတျဖစ္ေသာ အေမရိကန္သမၼတသည္ သမၼတရာထူးႏွင့္ မညီ မသင့္ေတာ္ေသာ လုပ္ရပ္မ်ားေၾကာင့္ ကမာၻ႕အင္အားႀကီးႏိုင္ငံဟု မိမိကိုယ္ကိုသတ္မွတ္ထားေသာ အေမရိကန္ ႏိုင္ငံ၏ ေသးငယ္ေသာ ခရီးသြားလုပ္ငန္းပင္လွ်င္ အႏုတ္လကၡဏာျပေသာ ေျပာင္းလဲမႈမ်ား ျဖစ္ေပၚေစခဲ့သည္။ ၎ဥပမာကို ၾကည့္ျခင္းအားျဖင့္ ႀကီးမားေသာ ႏိုင္ငံ၏ အျခားက႑မ်ားကို ဆုံးျဖတ္ရာတြင္ မည္မွ်ေသာ ဆိုးက်ိဳးမ်ားကို ျဖစ္ေပၚေစႏိုင္သနည္း ဟူေသာ ေမးခြန္းမ်ားမွာ ထြက္ေပၚလာႏိုင္မည္ မဟုတ္ပါလား။ ထို႔ေၾကာင့္ ႏိုင္ငံတစ္ႏိုင္ငံ၏ ေခါင္းေဆာင္မ်ားသည္ ဆုံးျဖတ္ခ်က္မ်ား ခ်မွတ္ရာတြင္ National Interest ဟူေသာ အမ်ိဳးသားအက်ိဳးစီးပြားကို ထည့္သြင္း စဥ္းစားသင့္ေၾကာင္း တင္ျပအပ္ပါသည္။
ရဲမင္းေအာင္
(ရဲမင္းေအာင္သည္ စီးပြားစီမံခန္႔ခြဲမႈအပိုင္းႏွင့္ပတ္သတ္ၿပီး ပါရဂူက်မ္း ျပဳစုေနသူ တစ္ဦးျဖစ္သည္။ စီးပြားစီမံခန္႔ခြဲမႈအပိုင္းႏွင့္ပတ္သတ္ၿပီး Project Management၊ Business Management ႏွင့္ Administration အစရွိသည့္ အေၾကာင္းအရာမ်ားကို ေလ့လာခဲ့သည္။ စာေရးသူသည္ စီးပြားစီမံခန္႔ခြဲမႈ (မဟာဘြဲ႕) ကို ရရွိထားသူ ျဖစ္သည္။ စီးပြားစီမံခန္႔ခြဲမႈဆိုင္ရာ ပါရဂူဘြဲ႕ကို တက္ေရာက္သင္ယူေနဆဲ ျဖစ္သည္။ ယခုေဖာ္ျပသည့္ စီးပြားေရး – စစ္ေရးဆက္စပ္မႈႏွင့္ ေခါင္းေဆာင္တို႔၏ အျပဳအမႈ ေဆာင္းပါးသည္ စာေရးသူ၏ ပါရဂူဘြဲ႕အတြက္ တစ္စိတ္တစ္ပိုင္းလိုအပ္သည့္ ထုတ္ေဝမႈကို ျပဳလုပ္သည့္အေနျဖင့္ ေရးသားတင္ျပျခင္း ပင္ျဖစ္ပါသည္။)
(Unicode)
စီးပွားရေး – စစ်ရေးဆက်စပ်မှုနှင့် ခေါင်းဆောင်တို့၏ အပြုအမူ
ယနေ့ခေတ်တွင် စီမံခန့်ခွဲမှုပညာရပ်သည် များစွာ အရေးပါသည့် အခန်းကဏ္ဍတွင် ပါရှိနေပေသည်။ စီမံခန့်ခွဲမှု ပညာရပ်ဆိုသည် စီးပွားရေး၊ နိုင်ငံတော် တည်ဆောက်ရေး စသည့် အခန်းကဏ္ဍများအတွက် မရှိမဖြစ် လိုအပ်သော ပညာရပ်ပင် ဖြစ်သည်။ စီမံခန့်ခွဲမှုပညာသည် လူတစ်ဦး တစ်ယောက်အတွက် သာမက လူသားများ တစ်ဦးထက်ပိုမိုကာ စုပေါင်းထားသော လူသားအဖွဲ့အစည်းများ၏ စုပေါင်းလုပ်ဆောင်မှု အတွက်လည်း များစွာ အရေးကြီးလှပေသည်။ ယနေ့ ခေတ်မှီတိုးတက်ပြောင်းလဲနေသည့် လူ့အဖွဲ့အစည်း အတွက် စီမံခန့်ခွဲမှုပညာရပ်သည် မရှိမဖြစ်လိုအပ်သော အတတ်ပညာရပ်ဟု သတ်မှတ်မည် ဆိုပါက မှားမည် မဟုတ်ပေ။
ခေတ်မှီတိုးတက်ပြောင်းလဲနေသည့် လူ့အဖွဲ့အစည်းအတွက်ဟု ဆိုရာတွင်လည်း Scientific Thoughts ခေတ်မီ သိပ္ပံအတွေးအခေါ်များနှင့် Technological Innovation နည်းပညာဆိုင်ရာ ဆင့်ကဲ့တိုးတက်ပြောင်းလဲ တွေးခေါ်မှုများကို ပေါင်းစပ်ပြီးတွေးခေါ်ခြင်းကို လက်တွေ့အသုံးချနေမှုဖြင့် လုပ်ဆောင်ဆိုလိုခြင်း ဖြစ်သည်။ ထိုကဲ့သို့ စီမံခန့်ခွဲမှု အတတ်ပညာများ အကြောင်းကို ပြောဆိုရာတွင် မဖြစ်မနေ ပါရှိရမည့် အချက်မှာ စီးပွားစီမံခန့်ခွဲမှု၏ အဓိပ္ပါယ် ဖွင့်ဆိုချက် ဖြစ်သည်။ စီမံခန့်ခွဲမှုဆိုသည်မှာ အင်အားစုများကို အကျိုးရှိစွာ ပေါင်းစပ်အသုံးချပြီး ဆောင်ရွက်လိုသော လုပ်ဆောင်မှုများကို အောင်မြင်စွာ ဆောင်ရွက်ခြင်း ပင်ဖြစ်သည်။ ထိုသို့ လုပ်ဆောင်နေသည့် စီမံခန့်ခွဲမှုတွင် ပိုမိုခေတ်မီ တိုးတက်လာသော တွေးခေါ်မှုနှင့် စီမံခန့်ခွဲမှုများတွင် ပါရှိသည့်အချက်များကို ထပ်မံပြီး ဆွေးနွေးရမည် ဖြစ်သည်။
တိုးတက်ပြောင်းလဲလာနေသည့် ခေတ်သစ် စီမံခန့်ခွဲမှု အတွေးအခေါ်များထဲတွင် တိုးတက်ပြောင်းလဲမှု အမြဲတမ်းဖြစ်ပေါ်နေသည့် ယနေ့ခေတ်တွင် စီမံခန့်ခွဲမှုကို တဆင့် မြှင့်တင်သည့်အနေဖြင့် ယခင်က စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက်များကို ချမှတ်သည့် အခါတွင် Internal Factors ဟု ခေါ်သည့်မိမိ အဖွဲ့အစည်းအတွင်းတွင် ရှိသည့် အချက်အလက်များကို အခြေခံပြီး ဆုံးဖြတ်လေ့ရှိကြသည်။
အမေရိကန်ပြည်ထောင်စုသည် မကြာသေးမီ နှစ်များအတွင်း ဧည့်သည်ဦးရေ ကျဆင်းမှုကို မျက်မြင်တွေ့ရှိ ခဲ့ရသည်။ ခရီးသွားလုပ်ငန်းတွင် အချိန်မတန်မီ အမေရိကန် ဟုခေါ်သော စွမ်းဆောင်ရည်ကျဆင်းမှု (ဥပမာ Lane၊ ၂၀၁၈) ကို ကြည့်ပါက သိရှိနိုင်ပေသည်။ ဤကဲ့သို့သော ကောက်ချက်များသည် ဆွဲဆောင်မှုရှိသော သတင်းစာခေါင်းစီးများ ဖြစ်သော်လည်း ၎င်းတို့သည်လာရောက်လည်ပတ်သူအရေအတွက်ကို ထိခိုက်စေသော အချက်များအားလုံးကို စေ့စေ့စပ်စပ် စစ်ဆေးခြင်းအပေါ် အခြေခံကာ ဖော်ပြခဲ့ခြင်း ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ ဦးတည်ချက် စွမ်းဆောင်ရည်သည် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေးခေါင်းဆောင်၏ ကျယ်ကျယ်ပြန့်ပြန့် သက်ရောက်မှုရှိသည့် ရှုပ်ထွေးသော လုပ်ငန်းတစ်ခု ဖြစ်သည်။ ထို့ပြင် အမေရိကန်ပြည်ထောင်စု၌ သမ္မတဖြစ်သည့် နိုင်ငံ့ခေါင်းဆောင်သည် နိုင်ငံရေးခေါင်းဆောင်မှုကို ရှုထောင့်ပေါင်းစုံမှ ထည့်သွင်းတွက်ချက်ကာ စဉ်းစားရမည်ဖြစ်သည်။
ဤလေ့လာမှုတွင် အလွန်တိကျသော ရှုထောင့်တစ်ခု၏ အကျိုးသက်ရောက်မှုကို သမ္မတ Donald J. Trump ၏ Twitter အသုံးပြုမှုကြောင့် ကျွန်တော်တို့ ခရီးသွားလုပ်ငန်း၏ ဈေးကွက်တန်ဖိုး၌ ထင်ဟပ်စေသော နိုင်ငံ၏ ခရီးသွားလုပ်ငန်း ဈေးကွက်တန်ဖိုးကို ဖော်ပြပါမည်။ ခရီးသွားလုပ်ငန်း ဈေးကွက်ရှုထောင့်မှကြည့်လျှင် ခရီးသွားများနှင့် ဦးတည်ရာတစ်ခုစီတိုင်းသည် ခရီးသွားဆုံးဖြတ်ချက်များကို အဆုံးအဖြတ်ပေးနိုင်မည့် အလားအလာ ရှိပေသည်။ အဓိကအနေဖြင့် ခရီးသွားများအနေဖြင့် ခရီးမသွားခင်တွင် ချမှတ်လေ့ရှိသော ဆုံးဖြတ်ချက်များ၊ သိစိတ်နှင့် မသိစိတ်က တွေးခေါ်သော တွေးခေါ်မှုများအပေါ်တွင် ထည့်သွင်းစဉ်းစားသော အချက်များအပေါ်တွင် အခြေခံပါသည်။
ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း ဆိုရှယ်မီဒီယာ ပေါ်ပေါက်လာခြင်းသည် ခရီးသွားနေရာများနှင့် ပတ်သက်သော သတင်းအချက်အလက်များအပါအဝင် သတင်းအချက်အလက် အမျိုးအစားအားလုံးကို မျှဝေရန် ပလက်ဖောင်းသစ်တစ်ခု ဖြစ်လာခဲ့သည်။ အဆိုပါပလက်ဖောင်းတွင် ဆိုရှယ်မီဒီယာမှ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုင်၍ ဖြစ်စေ၊ အခြားသော သုံးစွဲသူများမှ ဖြစ်စေ လုပ်ဆောင်သော ဆိုရှယ်မီဒီယာ လှုပ်ရှားမှုကို ဖြစ်စေသည်။
အထက်ဖော်ပြပါ ဇယားကို လေ့လာကြည့်ရမည်ဆိုပါက သမ္မတထရန့် အနေနှင့် ဆိုရှယ်မီဒီယာကို အသုံးပြုရာတွင် ရေးသားဖော်ပြလေ့ရှိသော အကြောင်းအရာများကို တွေ့ရှိနိုင်သည်။ သမ္မတထရန့်သည် ၎င်း၏ ဆိုရှယ်မီဒီယာ စာမျက်နှာ ၁ဝဝ ရာခိုင်နှုန်းတွင် ၃၁ ဒသမ ၇၆ ရာခိုင်နှုန်းကို အမေရိကန်နိုင်ငံ၏ ပုံနှိပ်ထုတ်ဝေခြင်းနှင့် မီဒီယာအပိုင်းတို့ကို ရေးသားဖော်ပြခဲ့သည်။ ဆက်လက်ပြီး အမေရိကန်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများနှင့် သက်ဆိုင်သော အကြောင်းအရာများကို ၁၂ ဒသမ ၉၄ ရာခိုင်နှုန်း ဖော်ပြရေးသား ခဲ့သည်။ သဘာဝဘေးအန္တရာယ်နှင့် မတော်တဆမှုများ စသည့် အကြောင်းအရာများကို ၈ ဒသမ ၂၄ ရာခိုင်နှုန်း ရေးသားဖော်ပြခဲ့သည်။ အမေရိကန်နိုင်ငံနှင့် အခြားပြည်ပနိုင်ငံများ၏ ဆက်ဆံရေး၊ အကောင်းမြင်သော ညှိနှိုင်းပုံဖော်မှုများ အကြောင်းကို ၈ ဒသမ ၂၄ ရာခိုင်နှုန်းခန့် ရေးသားဖော်ပြခဲ့သည်။ အမေရိကန်နိုင်ငံနှင့် အခြားပြည်ပနိုင်ငံများ၏ဆက်ဆံရေးကို မကောင်းမြင်သော ညှိနှိုင်းပုံဖော်မှုများ အကြောင်းကို ၇ ဒသမ ၆၅ ရာခိုင်နှုန်းခန့် ရေးသားဖော်ပြခဲ့သည်။ ရွှေ့ပြောင်းနေထိုင်သူများအပေါ် နှစ်သက်မှုမရှိသော အကြောင်းအရာများကို ၈ ဒသမ ၂၄ ရာခိုင်နှုန်းရေးသား ဖော်ပြခဲ့သည်။ သမ္မတ၏ ပူးပေါင်းကြံစည်မှု သီအိုရီဖြစ်သော spygate နှင့်ပတ်သတ်ပြီး ၂၂ ဒသမ ၃၅ ရာခိုင်နှုန်း ရေးသား ဖော်ပြခဲ့သည်။
ထိုသို့ သက်ဆိုင်ရာ အကြောင်းအများကို အမေရိကန် သမ္မတ ဒေါ်နယ်ထရန့် သက်တမ်းတစ်လျှောက် Twitter ပေါ်တွင် ရေးသား ဖော်ပြခဲ့သည်။ ဆက်လက်ပြီး ခရီးသွားလုပ်ငန်းဈေးကွက်နှင့် ပတ်သတ်သော အကြောင်းအရာများကို ဆက်လက်ဖော်ပြပါမည်။
Twitter ပေါ်တွင် သမ္မတ ဒေါ်နယ်ထရန့်သည် အထက်ဖော်ပြပါ စာပိုဒ်တွင်ပါဝင်သော အကြောင်းအရာများကို သူ၏ သမ္မတသက်တမ်း တလျှောက် ရေးသားဖော်ပြခဲ့သည်။ ၎င်း၏ ရေးသားဖော်ပြချက်များသည် ခရီးသွားလုပ်ငန်း၏ ဈေးကွက်တန်ဖိုးအပေါ် များစွာသော အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေခဲ့သည်။ Twitter ပေါ်တွင် သမ္မတဒေါ်နယ်ထရန့်၏ ရေးသားဖော်ပြမှုများအပေါ် မူတည်ပီး ခရီးသွားလုပ်ငန်း ဈေးကွက်တန်ဖိုးများသည် ဖော်ပြပီးသည့် အချိန်မိနစ်မှစပြီး နောက်ထပ် (၅) မိနစ်အတွင်း တန်ဖိုးအတက်အကျ များစွာရှိနေသည်။ ပထမဦးဆုံး စတင်ဖော်ပြသော အချိန် (၁) မိနစ်မှစပီး (၁)မိနစ်ချင်းစီအလိုက် ဈေးကွက်တန်ဖိုး ပြောင်းလဲမှုများမှာ အလွန်အင်မတန်ထင်ရှားစွာ ပြောင်းလဲစေခဲ့သည်။ အချို့ရေးသား ဖော်ပြမှုများမှာ ကောင်းသောဘက် အပေါင်းလက္ခဏာပြ ပြောင်းလဲမှုများဖြစ်စေခဲ့သော်လည်း သမ္မတ ဒေါ်နယ်ထရန့်၏ အမှတ်မထင် အနှုတ်လက္ခာပြ ပြောင်းလဲမှုများကို ဖြစ်ပေါ်စေခဲ့ပါသည်။
ပထမဦးစွာ သမ္မတဒေါ်နယ်ထရန့် ရေးသားဖော်ပြခဲ့သော အကြောင်းအရာများထဲမှ အမေရိကန်နိုင်ငံ၏ ပုံနှိပ်ထုတ်ဝေခြင်းနှင့် သတင်းမီဒီယာအပိုင်းနှင့်သက်ဆိုင်သော ရေးသားဖော်ပြမှုများကြောင့် ခရီးသွားလုပ်ငန်း ဈေးကွက်အပေါ်တွင် အကျိုးသက်ရောက်စေခြင်းအကြောင်းကို ဦးစွာဖော်ပြလိုပါသည်။ ပုံနှိပ်ထုတ်ဝေခြင်းနှင့် သတင်းမီဒီယာအပိုင်းကိုရေးသားဖော်ပြမှုများကြောင့် ခရီးသွားလုပ်ငန်း ဈေးကွက်တန်ဖိုးသည် အပေါင်းလက္ခဏာပြ ပြောင်းလဲမှုများ ဖြစ်ပေါ်စေခဲ့သည်။ ပထမတစ်မိနစ်တွင် စုစုပေါင်းဈေးကွက်တန်ဖိုး၏ ၀ ဒသမ ၀၀၀၂ ခန့် တိုးတက်လာခဲ့သည်။ ဒုတိယ နှစ်မိနစ်တွင် ၀ ဒသမ ၀၀၀၉ ခန့် တိုးတက်လာခဲ့သည်။ တတိယသုံးမိနစ်တွင် ၀ ဒသမ ၀၀၀၃ ခန့် တိုးတက်လာခဲ့သည်။ စတုတ္ထလေးမိနစ်တွင် ဝ ဒသမ ဝဝဝ၃ ခန့်တိုးတက်လာခဲ့သည်။ ပ ဉ္စမငါးမိနစ်တွင် ၀ ဒသမ ၀၀၀၃ ခန့် တိုးတက်လာခဲ့သည်။ ၎င်းကို ကြည့်ခြင်းအားဖြင့် သမ္မတဒေါ်နယ်ထရန့်၏ ရေးသားဖော်ပြမှုများသည် ခရီးသွားလုပ်ငန်းဈေးကွက် ဖော်ဆောင်မှုများအပေါ် အပေါင်းလက္ခဏာပြ ပြောင်းလဲမှုများဖြစ်ပေါ်စေခဲ့သည်ကို ထင်ရှားသောသက်သေတစ်ခုဖြင့် ပြသနိုင်ပေသည်။
ဆက်လက်၍ သမ္မတဒေါ်နယ်ထရန့် ရေးသားဖော်ပြခဲ့သော အကြောင်းအရာများထဲမှ အမေရိကန်နို င်ငံနှင့် အခြားပြည်ပ နိုင်ငံများ၏ ဆက်ဆံရေးအပေါ် အကောင်းမြင်သော ညှိနှိုင်းပုံဖော်မှုများ အကြောင်းကို ရေးသားဖော်ပြမှုများကြောင့် ခရီးသွားလုပ်ငန်းဈေးကွက်အပေါ်တွင် အကျိုးသက်ရောက်စေခြင်းအကြောင်းကို ဆက်လက် ဖော်ပြပါမည်။ အမေရိကန်နိုင်ငံနှင့် အခြားပြည်ပ နိုင်ငံများ၏ ဆက်ဆံရေး အကောင်းမြင်သော ညှိနှိုင်းပုံဖော်မှုများ အကြောင်းကို ရေးသားဖော်ပြမှုများကြောင့် ခရီးသွားလုပ်ငန်းဈေးကွက် တန်ဖိုးသည် အနုတ် လက္ခဏာပြ ပြောင်းလဲမှုများ ဖြစ်ပေါ်စေခဲ့သည်။ ပထမတစ်မိနစ်တွင် စုစုပေါင်းဈေးကွက်တန်ဖိုး၏ အနုတ် ၀ ဒသမ ၀၀၁ ခန့် လျှော့ကျလာခဲ့သည်။ ဒုတိယ နှစ်မိနစ်တွင် အနုတ် ၀ ဒသမ ၀၀၂၁ ခန့်လျှော့ကျလာခဲ့သည်။ တတိယသုံးမိနစ်တွင် အနုတ် ၀ ဒသမ ၀၀၁၁ ခန့် လျှော့ကျလာခဲ့သည်။ စတုတ္ထလေးမိနစ်တွင် အနုတ် ၀ ဒသမ ၀၀၁၂ ခန့်လျှော့ကျလာခဲ့သည်။ ပ ဉ္စမငါးမိနစ်တွင် အနုတ် ၀ ဒသမ ၀၀၀၆ ခန့် လျှော့ကျလာခဲ့သည်။
၎င်းကို ကြည့်ခြင်းအားဖြင့် သမ္မတဒေါ်နယ်ထရန့်၏ ရေးသားဖော်ပြမှုများသည် ခရီးသွား လုပ်ငန်းဈေးကွက် ဖော်ပြမှုများအပေါ် အနုတ် လက္ခဏာပြ ပြောင်းလဲမှုများဖြစ်ပေါ်စေခဲ့သည်ကို ထင်ရှားသော သက်သေတစ်ခုဖြင့် ပြသနိုင်ပါသည်။
တတိယအနေဖြင့် သမ္မတဒေါ်နယ်ထရန့် ရေးသားဖော်ပြခဲ့သော အကြောင်းအရာများထဲမှ ရွှေ့ပြောင်း နေထိုင်သူများအပေါ် နှစ်သက်မှုမရှိသော အကြောင်းအရာများကို အကြောင်းကို ရေးသားဖော်ပြမှုများကြောင့် ခရီးသွားလုပ်ငန်းဈေးကွက်အပေါ်တွင် အကျိုးသက်ရောက်စေခြင်းအကြောင်းကို ဆက်လက်ဖော်ပြပါမည်။ ရွှေ့ပြောင်းနေထိုင်သူများအပေါ် နှစ်သက်မှုမရှိသော အကြောင်းအရာများကြောင့် ခရီးသွားလုပ်ငန်းဈေးကွက် တန်ဖိုးသည် အနုတ်ဘက်ဆောင်သော လက္ခဏာပြ ပြောင်းလဲမှုများ ဖြစ်ပေါ်စေခဲ့သည်။ ပထမတစ်မိနစ်တွင် စုစုပေါင်းဈေးကွက်တန်ဖိုး၏ ၀ ဒသမ ၀၀၀၃ ခန့် တိုးတက်လာခဲ့သည်။ ဒုတိယနှစ်မိနစ်တွင် အနုတ် ၀ ဒသမ ၀၀၂၉ ခန့် လျှော့ကျလာခဲ့သည်။ တတိယသုံးမိနစ်တွင် အနုတ် ၀ ဒသမ ၀၀၀၂ ခန့် လျှော့ကျလာခဲ့သည်။ စတုတ္ထလေးမိနစ်တွင် ၀ ဒသမ ၀၀၁ ခန့် တိုးတက်လာခဲ့သည်။ ပ ဉ္စမငါးမိနစ်တွင် အနုတ် ၀ ဒသမ ၀၀၀၃ ခန့် လျှော့ကျလာခဲ့သည်။ ၎င်းကို ကြည့်ခြင်းအားဖြင့် သမ္မတဒေါ်နယ်ထရန့်၏ရေးသားဖော်ပြမှုများသည် ခရီးသွား လုပ်ငန်းဈေးကွက်ဖော်ပြမှုများအပေါ် အနုတ် လက္ခဏာပြ ပြောင်းလဲမှုများဖြစ်ပေါ်စေခဲ့သည်ကို ထင်ရှားသော သက်သေတစ်ခုဖြင့် ထပ်မံ ပြသနိုင်ပါသည်။ ခရီးသွားလုပ်ငန်း ဈေးကွက်ဖော်ပြမှုများအပေါ် အနုတ်လက္ခဏာပြ ပြောင်းလဲမှုများ ဖြစ်ပေါ်စေခဲ့သည်ကို ထင်ရှားသော သက်သေတစ်ခုဖြင့် ပြသနိုင်ပါသည်။
ထိုသို့ဖြင့် သမ္မတဒေါ်နယ်ထရန့် ရေးသားခဲ့သော အကြောင်းအရာများထဲမှ အမေရိကန်နိုင်ငံနှင့် အခြားပြည်ပ နိုင်ငံများ၏ ဆက်ဆံရေးအပေါ် မကောင်းမြင်သော ညှိနှိုင်းပုံဖော်မှုများအကြောင်းကို Twitter စာမျက်နှာပေါ်တွင် ရေးသားဖော်ပြမှုများကြောင့် ပထမတစ်မိနစ်တွင် ဝ ဒသမ ဝဝ၃၉ ခန့် အဖြစ်လည်းကောင်း၊ ဒုတိယ မိနစ်တွင် ၀.၀၀၂၁ ခန့် အဖြစ်လည်းကောင်း တတိယမိနစ်တွင် ၀ ဒသမ ၀၀၂၆ ခန့် အဖြစ်လည်းကောင်း၊ စတုတ္ထမိနစ်တွင် ၀ ဒသမ ၀၀၂ ခန့်အဖြစ်လည်းကောင်း နောက်ဆုံး ပဉ္စမ ငါးမိနစ်မြောက်တွင် ၀ ဒသမ ၀၀၁၁ ခန့်အဖြစ်လည်းကောင်း အပေါင်းလက္ခဏာပြသော ပြောင်းလဲမှုများဖြစ်ပေါ်စေခဲ့ပြီး ခရီးသွားလုပ်ငန်းဈေးကွက် တန်ဖိုးအပေါ်တွင် တိုးတက်သော ပြောင်းလဲမှုအနေဖြင့် တိုးတက်ပြောင်းလဲစေခဲ့သောကြောင့် သမ္မတ၏ ရေးသားဖော်ပြမှုသည် အကျိုးသက်ရောက်မှု ရှိကြောင်းထပ်မံသတိပြုနိုင်သည်။ ထိုမှတဆင့်ထပ်မံပြီး သမ္မတ၏ ပူးပေါင်းကြံစည်မှု သီအိုရီဖြစ်သော Spygate နှင့်ပတ်သက်ပြီး ရေးသားဖော်ပြမှုများကြောင့် ရေးသားဖော်ပြမှုများကြောင့် ပထမတစ်မိနစ်မှစတင်ပြီး အနုတ် ၀ ဒသမ ၀၀၀၁၊ ၀ ဒသမ ၀၀၀၀၁၊ အနုတ် ၀ ဒသမ ၀၀၀၂၊ ၀ ဒသမ ၀၀၀၀၃၊ ၀ ဒသမ ၀၀၀၀၂ စသည်ဖြင့်လည်းကောင်း၊ အမေရိကန်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများနှင့် သက်ဆိုင်သော အကြောင်းရာများကြောင့် ၀ ဒသမ ၀၀၂၂၊ ၀ ဒသမ ၀၀၃၊ အနုတ် ၀ ဒသမ ဝဝဝ၁၄၊ ၀.၀၀၀၂၊ ၀.၀၀၀၂) အဖြစ်ဖြင့်လည်းကောင်း ဆက်လက်ပြီး အမေရိကန်နိုင်ငံ၏ သဘာဝဘေးအန္တရာယ်နှင့် မတော်တဆမှုများကို ရေးသားဖော်ပြမှုများကြောင့် (အနုတ် ၀ ဒသမ ဝဝဝ၉၊ ၀ ဒသမ ၀၀၀၄၊ ၀ ဒသမ ဝဝဝ၈၊ ၀ ဒသမ ၀၀၀၇၄၊ ၀ ဒသမ ၀၀၀၂) အဖြစ်ဖြင့်လည်းကောင်း ခရီးသွားလုပ်ငန်းဈေးကွက်အပေါ် ပြောင်းလဲမှုများ ဖြစ်ပေါ်စေခဲ့သည်။
စီးပွားရေးတိုးတက်မှုအတွက် နိုင်ငံရေးဘောဂဆိုင်ရာ သီအိုရီများကို ထည့်သွင်းလေ့လာရမည်ဖြစ်ပြီး စီးပွားရေးတိုးတက်မှု မရှိပါက အရပ်ဖက် – စစ်ဖက်ဆက်ဆံရေးကို ပြုလုပ်ရာတွင် အခက်အခဲများစွာ ရှိနိုင်ကြောင်းကို ရုရှားနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော အခြေများကို အခြေခံပြီးလေ့လာပါမည်။ ဆက်လက်ပြီး ရုရှားနိုင်ငံ၏ စီးပွားရေးကောင်းမွန်မှုသာ အရပ်ဖက် – စစ်ဖက်ဆက်ဆံရေးကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်းကို ဆွေးနွေးတင်ပြပါမည်။ ရုရှားနိုင်ငံ၏ အရပ်ဖက် – စစ်ဖက်ဆက်ဆံရေး ကဏ္ဍတွင် အပိုင်း (၈) ပိုင်းပါဝင်သည်။
(၁) နိဒါန်း
(၂) နောက်ခံသမိုင်း
(၃) ပိုမိုကောင်းမွန်စေရန် ထိန်းချုပ်သည့် စံသက်မှတ်ခြင်း
(၄) စစ်ဖက်ပြောင်းလဲမှုဦးတည်ချက်
(၅) စစ်ဖက်ပူးပေါင်း လုပ်ကိုင်မှု အတက်အကျ
(၆) ဗလာတီနီယားပူတင်နှင့် စစ်ရေး
(၇) ရုရှားတပ်မတော်၏ အနာဂတ်စိန်ခေါ်မှုများ
(၈) နိဂုံး
(၁) နိဒါန်း
ရုရှားနိုင်ငံ၏ အရပ်ဖက် – စစ်ဖက် ဆက်ဆံရေးမှာ ခက်ခဲသော ကိစ္စရပ်တစ်ခုဖြစ်ပါသည်။ ယင်းဆက်ဆံရေးမှာ ဝန်းရံလျက်ရှိသော NATO နောက်စစ်အုပ်နှင့် ပြိုင်ဆိုင်ရေးအပေါ် အခြေခံပါသည်။ တစ်နည်းအားဖြင့် ဗလာဒီမီယာပူတင်၏ Hawkwish နိုင်ငံခြားရေး မူဝါဒကြောင့် ပိုမိုရှုပ်ထွေးနေပါသည်။ ရုရှားနိုင်ငံ၏ စီးပွါးရေးမှာ ရေနံတင်ပို့ရောင်းချမှု အပေါ်လွန်ကဲစွာ အခြေခဲနေခြင်း ဖြစ်ပါသည်။ ပူတင်၏ နိုင်ငံခြားရေးမူဝါဒမှာ ၄င်း၏ဩဇာခိုင်မာမှုရှိရေးအတွက် အထောက်အကူပြုနေပါသည်။ ရုရှားနိုင်ငံအနေဖြင့် ခိုင်မာသော အရပ်ဖက် – စစ်ဖက်ဆက်ဆံရေး တည်ဆောက်ရန်လိုအပ်လျက်ရှိပါသည်။
(၂) နောက်ခံသမိုင်း (ပြိုကွဲခြင်း)
၁၉၉၀ ပြည့်နှစ်တွင် ဖြစ်ပေါ်ခဲ့သော အခြေအနေ ရှုပ်ထွေးမှုကြောင့် ရုရှားစစ်ရေးအခြေအနေသည် ပြိုကွဲလုနီးပါး ဖြစ်ခဲ့ရပါသည်။ ၁၉၉၂ ခုနှစ်၊ ဧပြီလတွင် ရုရှားအစိုးရအနေဖြင့် ဆိုဗီယက်အရာရှိနှင့် စစ်သည် ၂ ဒသမ ၆ သန်း ဟု ဖော်ပြသော်လည်း အမှန်တကယ်မှာမူ ထိုထက်နည်းပါးလျက် ရှိပါသည်။ ၁၉၉၄ ခုနှစ်တွင် စစ်မှုထမ်း ၁ ဒသမ ၅ သန်း ဟု ဖော်ပြသော်လည်း ၄င်းမှာ ပိုမိုခန့်မှန်းဖော်ပြထားခြင်း ဖြစ်ပါသည်။
(၃) ပိုမိုကောင်းမွန်စေရန် ထိန်းချုပ်သည့် စံသတ်မှတ်ခြင်း .
ရုရှားတပ်မတော်မှာ အစိုးရနှင့် KGB ကြား ဓားစာခံ ဖြစ်ခဲ့ပြီး ၁၉၈၀ ခုနှစ်နောက်ပိုင်းတွင် အင်အားချိနဲ့လာခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် KGB မှာ အာဏာပိုမိုကြီးထွားလာကာ ဆိုဗီယက်ယူနီယမ်ကို ဦးဆောင်ခဲ့ပါသည်။ ကာကွယ်ရေး အသုံးစရိတ်လျှော့ချပြီး တပ်မတော်ကို ဆင်းရဲမွဲတေစေခဲ့သော်လည်း ၁၉၉၃ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရေးကိစ္စတွင်သာ ပါဝင်ခဲ့ပြီး သမ္မတ ယယ်ဆင်၏ အမိန့်အာဏာဖြင့်သာ ရပ်တည်နေခဲ့ပါသည်။
(၄) စစ်ဘက်ပြောင်းလဲမှုဦးတည်ချက်
တပ်မတော်အသွင်ပြောင်းလဲရေးမှာ ရုရှားနိုင်ငံ လုံခြုံရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆက်စပ်နေပါသည်။ အဓိက ယှဉ်ပြိုင်မှုမှာ အနောက်အုပ်စု ပုံစံအဆင့်ဖြင့် ဖွဲ့စည်းခြင်း၊ အရည်အချင်း ပြည့်ဝသော အင်အားကြီးတပ်ဖွဲ့ ဖွဲ့စည်းနိုင်ခြင်းတို့ ဖြစ်ပါသည်။ ပထမ ချေချင်းညာစစ်ပွဲ (၁၉၉၄-၁၉၉၆) ခုနှစ်တွင် အင်အား ၁ ဒသမ ၅ သန်းရှိသော်လည်း အင်အား (၄၀၀၀၀) သာ ပါဝင်ခဲ့ပါသည်။ ဒုတိယ ချေချင်းညာစစ်ပွဲ (၁၉၉၉- ၂၀၀၇) ခုနှစ်တွင် ကာကွယ်ရေးဝန်ကြီး Sergei Ivanov အနေဖြင့် အဆင့်မြင့် လေထီးတပ်ရင်း ဖွဲ့စည်းနိုင်ခဲ့ပါသည်။ ၂၀၀၈ ခုနှစ် Rossia – Georganian စစ်ပွဲအပြီးတွင် ပုံစံသစ်ရုရှားတပ်ကို အသွင်ပြောင်းနိုင် ခဲ့ပါသည်။ ၂၀၁၂ ခုနှစ်တွင် အရာရှိ (၃၃၅၀၀၀) မှ (၂၂၀၀၀၀) ခန့်သို့ အင်အား လျှော့ချခဲ့ပါသည်။ တပ်မတော်၏ အမာခံကျောရိုးအဖြစ် NCO (အရာခံ၊ အကြပ်တပ်သား) တို့ကို တိုးချဲ့ ဖွဲ့စည်းခဲ့ပါသည်။ ၂၀၁၈ ခုနှစ်တွင် ဖွဲ့စည်းပုံ၏ ၃ ပုံ ၂ ပုံအား အမြဲတန်း အင်အားအဖြစ် ရပ်တည်နိုင်အောင် ဖွဲ့စည်းခဲ့ပါသည်။ လက်ရှိအချိန်တွင် အင်အား (၄၀၀၀၀၀) နှင့် စစ်မှုမထမ်းမနေရဥပဒေဖြင့် အင်အား (၂၇၆ ၀၀၀) ရှိပါသည်။ အချုပ်အားဖြင့်ဆိုရသော် တပ်မတော် ပုံစံပြောင်း ဖွဲ့စည်းမှုများ အောင်မြင်လျက်ရှိပါသည်။
ခရိုင်းမီးယား၊ ယူကရိန်းနှင့် Donbas ဒေသစစ်ပွဲများတွင် အဆင့်မြင့်စစ်သည်တို့ကို အသုံးပြု တိုက်ခိုက်အောင်မြင်ခဲ့ပြီး ဆီးရီးယားဒေသလည်း အပါအဝင်ဖြစ်ခဲ့သည်။ ယခုအခါ ရုရှားအနေဖြင့် ခေတ်မီတပ်မတော်အဖြစ် တည်ထောင်နိုင်ပြီဖြစ်သော်လည်း ရုရှားနိုင်ငံတော်အတွက် အရေးပါသော ကဏ္ဍမှ ပါဝင်နိုင်ရေးအတွက် ကြိုးပမ်းရဦးမည်ဖြစ်ပါသည်။ ၂၀၂၁ ခုနှစ်တွင် စစ်သည်အင်အား (၉၅၀၀၀) ထပ်မံရရှိနိုင်ရေးအတွက် ဘဏ္ဏာငွေရရှိရေး သံသယဖြစ်ဖွယ် ရှိနေပါသည်။ မည်သို့ပင်ဆိုစေကာမှု ရုရှားအနေဖြင့် တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည် ဆိုသကဲ့သို့ အင်အားကောင်းမွန်သော တပ်မတော်ဖြစ်ရန် ကြိုးပမ်းရပါသည်။
(၅) စစ်ဖက်စုပေါင်းအင်အားအတက်အကျ
တပ်မတော်ကို အသွင်ပြောင်းရာတွင် နိုင်ငံရေးသြဇာမရှိသူ ပြည်သူများ မပါဝင်မှုကြောင့် နှစ်ရှည် လုပ်ဆောင်ရမည် ဖြစ်ပါသည်။ ၁၉၉၀ ခုနှစ် ယယ်ဆင်၏ အင်အားချိနဲ့သော ဦးဆောင်မှုကြောင့် စစ်ဘက် နှင့် အရပ်ဘက်ဆက်ဆံရေး ပြိုကွဲလုနီးပါး ဖြစ်ခဲ့သော်လည်း ၁၉၉၃ အခြေခံဥပဒေ ရေးဆွဲရေးကြောင့် ပြန်လည် ကောင်းမွန်လာခဲ့ပါသည်။ ဒူအာလွှတ်တော်အနေဖြင့် ကာကွယ်ရေးအသုံးစရိတ် ပြင်ဆင်ခွင့်ရရှိရေးအတွက် မစွမ်းဆောင်နိုင်ပါ။ ယယ်ဆင်အနေဖြင့် ကာကွယ်ရေး အသုံးစရိတ်နှင့် စစ်ဗိုလ်ချုပ်အရာရှိကြီးများ၏ အာဏာကို ချုပ်ကိုင်လိုသော်လည်း မစွမ်းဆောင်နိုင်ခဲ့ပါ။
၂၀၀၄ ခုနှစ်တွင် အရပ်သား Sergei Ivanov အား ကာကွယ်ရေး ဝန်ကြီး အဖြစ်ခန့်အပ်ခဲ့ပါသည်။ ၄င်းမှာ တပ်မတော် အရာရှိမဟုတ်ဘဲ KGB နှင့် FSB အကြီးအကဲ ဖြစ်ပါသည်။ ပူတင်အနေဖြင့် ၂၀၀၀ ခုနှစ်မှ ၂၀၀၈ ခုနှစ်အတွင်း ကာကွယ်ရေးအသုံးစရိတ် (၂) ဆရရှိအောင် ဆောင်ရွတ်နိုင်ခဲ့သဖြင့် ပူတင်နှင့် မက်ဗီဒက်တို့သည် အောင်မြင်မှု ရရှိခဲ့ပါသည်။
(၆) ဗလာဒီမီယာပူတင် နှင့် စစ်ရေး
တပ်မတော်နှင့် ဆက်နွယ်မှုသည် ပူတင်၏ ဥပဒေပြဌာန်းမှုအတွက် အရေးပါသည်။ တပ်မတော်သည် ၄င်း၏ နိုင်ငံခြားရေးမူဝါဒ တည်မြဲရေးအတွက် အရေးပါသည်။ ရုရှားပြည်သူများအနေဖြင့် ပူတင်သည် တပ်မတော်ကို လေးစားပြီး ရုရှားနိုင်ငံ မဟာဩဇာရရှိရေးအတွက် ခိုင်မြဲသော နိုင်ငံခြားရေးဝါဒကို စွဲကိုင်သော သူအဖြစ် မှတ်ယူကြသည်။ KGB နှင့် FSB အတွေ့အကြုံများအရ ပူတင်သည် တပ်မတော်နှင့် နိုင်ငံလုံခြုံရေးကို စိတ်ဝင်စားသူဖြစ်သည်။ ရုရှားနိုင်ငံအား NATO နှင့် အင်အားယှဉ်ပြိုင်နိုင်ရေးမှ နိုင်ငံအာဏာ ထိန်းသိမ်းနိုင်ရေး အတွက် လုပ်ဆောင်လျက် ရှိသည်။
(၇) ရုရှားတပ်မတော်၏ အနာဂတ်စိန်ခေါ်မှုများ
ရုရှားနိုင်ငံ၏ စီးပွားရေးအားနည်းမှုကြောင့် အနောက်အုပ်စုနှင့် ယှဉ်ပြိုင်နိုင်ရန် ခက်ခဲကြောင်း၊ ယင်းအတွက် ပူတင်အနေဖြင့် တပ်မတော်အား ခေတ်မီတပ်မတော်အဖြစ် အသွင်ပြောင်းရေးအတွက် မည်သို့ လုပ်ဆောင်မည်ကို ရုရှားစာစောင်များက ဖော်ပြနေပါသည်။ ခေတ်မီတိုက်လေယာဉ်နှင့် လက်နက်များကို ပြသနေသော်လည်း လုံလောက်သော အရေအတွက်ထုတ်လုပ်ရန် ငွေကြေးမလုံလောက်မှု ဖြစ်ပေါ်နေပါသည်။ NATO မဆိုထားနှင့် တရုတ်နှင့်ပင် ယှဉ်ပြိုင်ရန်ပင် လုံလောက်သော ဘဏ္ဍာအင်အားမရှိဟု ဆိုရပေမည်။
၂၀၂၁ ခုနှစ်တွင် စစ်သည်အင်အား (၉၅၀၀၀) ရရှိရန်ပင် ခက်ခဲနေပါသည်။ ၂၀၁၈ ခုနှစ်တွင် အငြိမ်းစားယူမည့် အသက်ကို တိုးမြှင့်ခဲ့သောကြောင့် ဆန္ဒပြများ ကြုံတွေ့ခဲ့ရပါသည်။ စီးပွားရေးဖွံ့ဖြိုးခဲ့သော ၂၀၀၀ ခုနှစ်နှင့် ၂၀၁၀ ခုနှစ် တို့မှာ လွန်မြောက်ခဲ့ပြီး မြင့်မားနေသော ကာကွယ်ရေးအသုံးစရိတ် ထိန်းထားနိုင်ရန် နိုင်ငံရေးအခက်အခဲနှင့် ကြုံတွေ့နေရပါသည်။ ၂၀၀၈ ခုနှစ် ကာကွယ်ရေးအသုံးစရိတ်၏ ၃၀ ရာခိုင်နှုန်းမှာ စာရင်းပျောက်နေပါသည်။ လက်စားမှုပြဿနာကြောင့် ပူတင်၏ နိုင်ငံရေး အနေအထားမှာ ပျက်ပြယ်သွားနိုင်ပါသည်။ လက်စားမှုကို တိုက်ဖျက်နိုင်မှသာလျှင် နိုင်ငံရေးအောင်မြင်မှု ရရှိပါမည်။
နိဂုံး
ပူတင်အနေဖြင့် တပ်မတော် အင်အားကြီးထွားရေးအတွက် မည်သို့ပင် ကြိုးပမ်းလုပ်ဆောင်နေသော်လည်း မြင်နိုင်သော အနာဂတ်တွင် NATO နှင့် ယှဉ်နိုင်သောအဆင့်သို့ မရောက်ရှိနိုင်သေးပေ။ အကြောင်းမှာ အနောက်အုပ်စုနိုင်ငံများနှင့် စီးပွားရေး မယှဉ်နိုင်သောကြောင့်ပင် ဖြစ်သည်။ ယခုဖြစ်ရပ်မှာ ဇာဘုရင် လက်ထက်မှာစ၍ ယနေ့တိုင်ဖြစ်ပါသည်။ မည်သို့ပင်ဆိုစေကာမူ ရုရှားနိုင်ငံသည် ထင်မြင်ရသကဲ့သို့ မသန်စွမ်း၊ ထင်မြင်ရသကဲ့သို့ အင်အားမချိနဲ့ပါ ဟူသော စကားပုံမှာ ယခုအချိန်ထိ မှန်ကန်နေပါသည်။ ကြိုးစားတည်ဆောက်နေသော်လည်း တပ်မတော်အသွင်ပြောင်းရေးမှာ လိုအပ်ချက်များစွာရှိနေပါသည်။ ရုရှား အရပ်ဖက် – စစ်ဖက်ဆက်ဆံရေးကို ထိခိုက်စေသောအရာမှာ ဘဏ္ဍာရေး ပင်ဖြစ်ပါသည်။ တပ်မတော် အနေဖြင့် အရပ်ဘက်ဆက်ဆံရေး ကောင်းမွန်ရန် မည်သို့ပင် ကြိုးစားနေသော်လည်း အသုံးစရိတ် မလုံလောက်မှုကြောင့် အသုံးစရိတ် မလုံလောက်မှုကြောင့် အကောင်အထည်မဖော်နိုင်ပေ။
ထိုသို့ကာကွယ်ရေး အသုံးစရိတ်ဖြတ်တောက်မှုမှာ ပူတင်အတွက် ပြဿနာ ဖြစ်ပေါ်စေပါသည်။ ၄င်း၏ ရည်မှန်းချက် အကောင်အထည်ဖော်နိုင်ရေးအတွက် ဘဏ္ဏာငွေ လိုအပ်သည်။ ဗိုလ်ချုပ်ကြီးများ အနေဖြင့် Putin ၏ Hawkish Foreign Policy ကို ထောက်ခံပံ့ပိုးပေးလိုသော်လည်း ယူကရိန်းနှင့် ဆီးရီးယား ကဲ့သို့သော ကိစ္စများတွင် ဘဏ္ဏာရေး အသုံးစရိတ်များ ကုန်ကျမှုအတွက် ခက်ခဲနေပါသည်။ ၂၀၁၈ ခုနှစ်တွင် ပြင်ဆင်ခဲ့သော အငြိမ်းစားယူခွင့် သက်တမ်းတိုးမြှင့်ရေးကိစ္စကြောင့်လည်း ပါဝင်ပါသည်။ ၂၀၀၀ ခုနှစ်ထိ ရုရှားစီးပွားရေးကောင်းမွန်ခဲ့သော်လည်း ၂၀၁၄ ခုနှစ် စီးပွားရေးကျဆင်းမှုကြောင့် ရုရှားပြည်သူများမှာ ပူတင်၏ Hawkish Foreign Policy နှင့် တပ်မတော်အင်အားကြီးထွားရေးကို ယုံကြည်မှု ကင်းမဲ့နေကြပါသည်။
ဘဏ္ဏာရေးပြဿနာနှင့် လာဘ်စားမှုပြဿနာမှာ ပူတင်၏ အုပ်ချုပ်ရေးအား ထိခိုက်စေသော အချက်ဖြစ်ပါသည်။ ကာကွယ်ရေးအသုံးစရိတ် ဖြတ်တောက်မှုများအား ဟန့်တားနိုင်ပါက ၄င်းအတွက် ထောက်ခံမှု ပိုမိုရရှိစေမည် ဖြစ်ပါသည်။ ကာကွယ်ရေး အသုံးစရိတ်ဖြတ်တောက်ခြင်း မပြုပါက လူမှုအကျိုးခံစားခွင့်ကို ဖြတ်တောက်ရမည် ဖြစ်သော်ကြောင့် ပြည်သူလူထု၏ ခါးသီးသော ခံစားချက်များ ခံစားရမည်ဖြစ်ပါသည်။
ထို့ကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် အရေးကြီးကြောင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု မရှိပါက နိုင်ငံတွင်း အရပ်ဖက် – စစ်ဖက်ဆက်ဆံရေးကို တိုးမြှင့်လုပ်ဆောင်ရန် ခက်ခဲကြောင်း၊ ထို့ကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် နိုင်ငံရေးဘောဂဗေဒဆိုင်ရာ သီအိုရီများကို ထည့်သွင်းဆင်ခြင်လုပ်ဆောင်ပြီး အကောင်အထည်ဖော်သင့်ကြောင်း တင်ပြအပ်ပါသည်။
အချုပ်အားဖြင့်ဆိုရသော် စီမံခန့်ခွဲမှုပညာဆိုသည်မှာ လွန်စွာအင်မတန်မှ အရေးကြီးပြီး နိုင်ငံတော်တည်ဆောက်ရေး၊ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး စသည်တို့အပေါ်တွင် များစွာ အကျိုးသက်ရောက်မှု ရှိစေပြီး နိုင်ငံ့ခေါင်းဆောင်များအနေဖြင့် မိမိတို့၏ ဆုံးဖြတ်ချက်များကို ဆောင်ရွက်ရာတွင် အမေရိကန်နိုင်ငံသမ္မတ၏ အကြောင်းကိုလေ့လာခြင်းဖြင့် Digital Diplomacy နှင့်သက်ဆိုင်သော သမ္မတ၏ သေးငယ်သော အပြုအမူလေးကပင်လျှင် နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများထဲမှ အခန်းကဏ္ဍ ဖြစ်သော ခရီးသွားလုပ်ငန်းအပေါ်တွင် ကြီးမားသော ပြောင်းလဲမှုများကို ဖြစ်ပေါ်စေခဲ့သည်။
ထို့အပြင် နိုင်ငံတစ်နိုင်ငံ၏ အဓိကအချက်အချာဖြစ်သော ‘တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်’ ဟူသော ဆောင်ပုဒ်နှင့်အညီ နိုင်ငံ၏ ကောင်းမွန်သည့် အင်အားပြယုဂ်ဖြစ်သော အင်အားများကို ဖော်ဆောင်ရာတွင် အရပ်ဖက် – စစ်ဖက်ဆက်ဆံရေးသည် အပြန်အလှန် အကျိုးဖြစ်ထွန်းစေသော တပ်မတော်ဘက်မှတွေးခေါ်သော ပြည်သူများ၏ အကျိုးစီးပွားကို ဖြစ်ထွန်းစေမည့် ဆုံးဖြတ်ချက်များ၊ စီးပွားရေးအမြင်ဘက်မှ ပြန်လည်စဉ်းစားသော တပ်မတော်၏ ကာကွယ်ရေးအင်အားမြှင့်တင်မှုအပေါ် အကျိုးသက်ရောက်စေသော ဆုံးဖြတ်ချက်များ၊ ညီညွှတ်မျှတစွာ ဆောင်ရွက်ခြင်းများကို ပြုလုပ်သင့်ကြောင်း ရုရှားနိုင်ငံ၏ ခေါင်းဆောင်ဖြစ်သော သမ္မတ ဘလာတီမီယာပူတင်၏ ဆုံးဖြတ်ချက်များကို တွေ့မြင်နိုင်ပါသည်။
တစ်ပြိုင်နက်ထဲတွင် နိုင်ငံတစ်နိုင်ငံ၏ သမ္မတဖြစ်သော အမေရိကန်သမ္မတသည် သမ္မတရာထူးနှင့် မညီ မသင့်တော်သော လုပ်ရပ်များကြောင့် ကမ္ဘာ့အင်အားကြီးနိုင်ငံဟု မိမိကိုယ်ကိုသတ်မှတ်ထားသော အမေရိကန် နိုင်ငံ၏ သေးငယ်သော ခရီးသွားလုပ်ငန်းပင်လျှင် အနုတ်လက္ခဏာပြသော ပြောင်းလဲမှုများ ဖြစ်ပေါ်စေခဲ့သည်။ ၎င်းဥပမာကို ကြည့်ခြင်းအားဖြင့် ကြီးမားသော နိုင်ငံ၏ အခြားကဏ္ဍများကို ဆုံးဖြတ်ရာတွင် မည်မျှသော ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်သနည်း ဟူသော မေးခွန်းများမှာ ထွက်ပေါ်လာနိုင်မည် မဟုတ်ပါလား။ ထို့ကြောင့် နိုင်ငံတစ်နိုင်ငံ၏ ခေါင်းဆောင်များသည် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် National Interest ဟူသော အမျိုးသားအကျိုးစီးပွားကို ထည့်သွင်း စဉ်းစားသင့်ကြောင်း တင်ပြအပ်ပါသည်။
ရဲမင်းအောင်
(ရဲမင်းအောင်သည် စီးပွားစီမံခန့်ခွဲမှုအပိုင်းနှင့်ပတ်သတ်ပြီး ပါရဂူကျမ်း ပြုစုနေသူ တစ်ဦးဖြစ်သည်။ စီးပွားစီမံခန့်ခွဲမှုအပိုင်းနှင့်ပတ်သတ်ပြီး Project Management၊ Business Management နှင့် Administration အစရှိသည့် အကြောင်းအရာများကို လေ့လာခဲ့သည်။ စာရေးသူသည် စီးပွားစီမံခန့်ခွဲမှု (မဟာဘွဲ့) ကို ရရှိထားသူ ဖြစ်သည်။ စီးပွားစီမံခန့်ခွဲမှုဆိုင်ရာ ပါရဂူဘွဲ့ကို တက်ရောက်သင်ယူနေဆဲ ဖြစ်သည်။ ယခုဖော်ပြသည့် စီးပွားရေး – စစ်ရေးဆက်စပ်မှုနှင့် ခေါင်းဆောင်တို့၏ အပြုအမှု ဆောင်းပါးသည် စာရေးသူ၏ ပါရဂူဘွဲ့အတွက် တစ်စိတ်တစ်ပိုင်းလိုအပ်သည့် ထုတ်ဝေမှုကို ပြုလုပ်သည့်အနေဖြင့် ရေးသားတင်ပြခြင်း ပင်ဖြစ်ပါသည်။)