ရုရှား – မြန်မာ သံတမန်ဆက်ဆံရေး တည်ထောင်ခြင်း (၇၅) နှစ်မြောက် စိန်ရတု အထိမ်းအမှတ် ကွန်ဖရန့်သို့ တက်ရောက် ဆွေးနွေးခြင်း

0

ရုရှား – မြန်မာ သံတမန်ဆက်ဆံရေး တည်ထောင်ခြင်း (၇၅) နှစ်မြောက် စိန်ရတု အထိမ်းအမှတ် ကွန်ဖရန့်သို့ တက်ရောက် ဆွေးနွေးခြင်း

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်က ရုရှား ဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စိန့်ပီတာစဘတ်ဂ်မြို့တော် ပြည်ပဆက်ဆံရေးကော်မတီနှင့် စိန့်ပီတာစဘတ်ဂ် ရေကြောင်းနည်းပညာတက္ကသိုလ်တို့ ပူးပေါင်းစီစဉ်ကျင်းပသည့် ရုရှား – မြန်မာ သံတမန်ဆက်ဆံရေး တည်ထောင်ခြင်း (၇၅) နှစ်မြောက် စိန်ရတု အထိမ်းအမှတ် ကွန်ဖရန့်သို့ တက်ရောက် ဆွေးနွေးခဲ့ပါသည်။

အခမ်းအနားသို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာ – ရုရှား ချစ်ကြည်ရေးအသင်းဥက္ကဌ ဦးအောင်သော်၊ ရုရှားဖက်ဒရေးရှင်းဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦး၊ စိန့်ပီတာစဘတ်ဂ်မြို့တော် ပြည်ပဆက်ဆံရေးကော်မတီ ဒုတိယဥက္ကဌ Vyacheslav G. Kalganov၊ ရုရှား – မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဌ Alexander V. Ostrovsky ၊  စိန့်ပီတာစဘတ်ဂ် ရေကြောင်းနည်းပညာတက္ကသိုလ် ပါမောက္ခချုပ် Gleb A. Turichin၊ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ ဝါရင့်အကြံပေး ဒေါက်တာနိုင်ဆွေဦး၊ ဂုဏ်ထူးဆောင်ပါမောက္ခများ၊ စိန့်ပီတာစဘတ်ဂ်ရေကြောင်းနည်းပညာတက္ကသိုလ်တွင် ဘွဲ့လွန်သင်တန်း တက်ရောက်နေကြသော မြန်မာပညာတော်သင် အရာရှိများနှင့် ရုရှားကျောင်းသား၊ ကျောင်းသူများ တက်ရောက်ပါသည်။

အခမ်းအနားသို့ တက်ရောက်လာကြသူများက သက်ဆိုင်ရာ အခန်းကဏ္ဍများအလိုက် ဆွေနွေးကြပြီး မြန်မာပညာတော်သင်များက “We are Together” သီချင်းအား ရုရှားဘာသာဖြင့် သီဆိုကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။

ဒေါက်တာနိုင်ဆွေဦး

သေနင်္ဂမဟာဗျူဟာလေ့လာ​ရေးအဖွဲ့

Share.

About Author

Leave A Reply