မျက်မှောက်ခေတ်စစ်ပွဲများ၏ ပြောင်းလဲတိုးတက်လာသောသဘာဝများ

0

(Unicode Version)

မျက်မှောက်ခေတ်စစ်ပွဲများ၏ ပြောင်းလဲတိုးတက်လာသော သဘောသဘာဝများ

နိဒါန်း

ရုရှား-ယူကရိန်းစစ်ပွဲနှင့် ဂါဇာတွင် ဖြစ်ပွားနေသောစစ်ပွဲများသည် မျက်မှောက်ခေတ် စစ်ပွဲများ၏ သဘောသ‌ဘာဝများ ပြောင်းလဲလာနေကြောင်း ထင်ရှားစွာ ညွှန်ပြလျက် ရှိနေပါသည်။ မဟာဗျူဟာတွေးခေါ်ပညာရှင်များအနေဖြင့် ထိုစစ်ပွဲများကို ဂရုတစိုက် လေ့လာသုံးသပ်ပြီး သင်ခန်းစာများကို ဖော်ထုတ်သွားရန် လိုအပ်ပါသည်။ နိုင်ငံတစ်နိုင်ငံ၏ တပ်မတော်တစ်ရပ်အနေဖြင့် ခေတ်အလိုက် ပြောင်းလဲလာသော စစ်ပွဲ၏ သဘော သဘောဝများနှင့်အညီ ဖွဲ့စည်းပုံ၊ လက်နက်ခဲယမ်း၊ ယာဉ်နှင့် ယန္တရားများ စသည်တို့ကို ပြောင်းလဲ ဖွဲ့စည်း တပ်ဆင်သွားရမည် ဖြစ်ပါသည်။ လက်ရှိဖြစ်ပွားနေဆဲ စစ်ပွဲများမှာ ဖော်ထုတ်ရရှိသော သင်ခန်းစာများသည် နိုင်ငံ၏ စစ်မှုရေးရာ သဘောတရား အား ပြန်လည်သုံးသပ်ပြီး ခေတ်မီတပ်မတော်အဖြစ် တည်ဆောက်ရာတွင် အထောက်အကူဖြစ်စေမည် ဖြစ်ပါသည်။

ကာလရှည် စစ်ပွဲများ (Long Wars)

မကြာသေးမီကာလအထိ စစ်ပွဲများသည် တိုတိုနှင့် လျှင်လျှင်မြန်မြန် ပြီးဆုံးသွားကြ လိမ့်မည်ဟု အများက တွေးထင်ခဲ့ကြပါသည်။ ဤအရေးပါသော ယူဆချက်ကို ယခုအခါ ပြန်လည် သုံးသပ်ရတော့မည် ဖြစ်ပါသည်။ ရုရှား-ယူကရိန်းစစ်ပွဲသည် တတိယမြောက်နှစ်သို့ ရောက်ရှိ နေပြီး၊ဂါဇာကမ်းမြောင်ဒေသတွင် ဖြစ်ပွားနေသည့် စစ်ပွဲသည်လည်း ရှစ်လတာ ကာလအတွင်း ရောက်ရှိနေပြီ ဖြစ်ပါသည်။ ထိုစစ်ပွဲများသည် များမကြာမီအချိန်အတွင်း ပြီးဆုံးသွားတော့မည့် အရိပ်အယောင်လည်း မပြပါ။ ကာလရှည်လျားသောစစ်ပွဲများသည် ခဲယမ်းမီးကျောက်ရရှိမှု၊ War Wastage Reserves (WWR) ခေါ် ရက်ပေါင်း (၄၀) အတွက် အရန်ခဲယမ်း စုပုံထားနိုင်မှု၊ သယံဇာတရရှိနိုင်မှု၊ ထောက်ပံ့ပို့ဆောင်ရေးစသည်တို့ကဲ့သို့သော အရေးကြီးသော ကိစ္စရပ်များ အပေါ်တွင် သိသာထင်ရှားစွာ အကျိုးသက်ရောက်မှုရှိမည် ဖြစ်ပါသည်။ မိမိတို့ တပ်မတော် အနေဖြင့်လည်း ထိုကဲ့သို့ ကာလရှည်လျားသော စစ်ပွဲများအား ရင်ဆိုင်တိုက်ခိုက်နိုင်ရန်အတွက် မည်ကဲ့သို့ ပြင်ဆင်ထားသင့်သည်ကို စဉ်းစားရန် လိုအပ်မည် ဖြစ်ပါသည်။

ထိခိုက်ကျဆုံးမှုများပြားသည့် စစ်ပွဲ (High Rate of Casualties)

ရုရှား-ယူကရိန်း စစ်ပွဲတွင် နှစ်ဖက် ထိခိုက်ကျဆုံးမှုမှာငါးသိန်းကျော် ရှိပါသည်။ ယူကရိန်းတွင် တိုက်ပွဲဝင်ရန်အတွက် စစ်သည်အင်အား မရှိတော့သည့် အခြေအနေသို့ ဆိုက်ရောက်လာပါသည်။ စစ်စည်းရုံးမှုသည် ယူကရိန်းနှင့် ရုရှားနှစ်နိုင်ငံစလုံးတွင် အလွန်အကဲဆတ်သော ပြဿနာဖြစ်လာပါသည်။ ယူကရိန်းသည် တပ်သားသစ်များအား အတင်းအဓမ္မ စုဆောင်းနေကြောင်း တွေ့မြင်နေရပါသည်။ ယူကရိန်းအနေဖြင့် လုံလောက်သော လေ့ကျင့်မှု မရှိသည့် တပ်သားသစ်များအား စစ်မြေပြင်သို့ စေလွှတ်ထားကြောင်းလည်း လေ့လာတွေ့ရှိရသည်။ ဂါဇာတွင် ဖြစ်ပွားနေသည့် စစ်ပွဲအတွင်းတွင်လည်း အရပ်သား ၃၅၀၀၀ ကျော် သေဆုံးခဲ့ပါသည်။ ထိုသို့သော အသေအပျောက် များပြားမှုသည်နိုင်ငံအတွက် စိတ်ဓာတ်ရေးရာအရ ကြီးမားသော ဖိအားဖြစ်စေပါသည်။ စစ်ပွဲကာလ ကြာရှည်လာသည်နှင့်အမျှ တပ်မတော်များအတွက် တပ်သားသစ် စုဆောင်း ရရှိနိုင်မှုမှာ ဆိုးရွားစွာ ရင်ဆိုင်ကြုံတွေ့ရသည့် ပြဿနာတစ်ရပ် ဖြစ်လာပါမည်။ အရန်စစ်မှုထမ်းစနစ်နှင့် ပြည်သူ့စစ်မှုထမ်းစနစ်များအား ခေတ်နှင့်အညီ ပြန်လည်ဆန်းစစ် ပြုပြင်ပြောင်းလဲသွားရန်လည်း လိုအပ်ပါသည်။ ကာလကြာရှည်သော စစ်ပွဲများအား ဆင်နွှဲနိုင်ရန်အတွက် ငြိမ်းချမ်းစဉ်ကာလအတွင်း နိုင်ငံတော်က ပြင်ဆင်ထားရန်လည်း လိုအပ်ပါသည်။

စစ်မျက်နှာအစုံတွင် ဖြစ်ပွားသည့် ရောပြွန်းစစ်ပွဲ (Multi-domain, Hybrid Wars)

ခေတ်သစ်စစ်ပွဲသည် မြေပြင်၊ ဝေဟင်၊ ရေပြင်၊ ဆိုင်ဘာ၊ အာကာသနှင့် သတင်းအချက်အလက်နေရာ စသည့် စစ်မြေပြင်နယ်ပယ်များစွာတွင် ရောပြွန်းစစ်ပွဲကို တစ်ပြိုင်နက်တည်း ဆင်နွှဲနေသောကြောင့် လွန်စွာ ရှုပ်ထွေးလာပါသည်။ စီးပွားရေးအား စစ်ပွဲအတွင်း လက်နက်သဖွယ် အသုံးပြုလာကြပါသည်။ အထူးသဖြင့် အင်အားကြီးနိုင်ငံများက စီးပွားရေး ပိတ်ဆို့မှုအား လက်နက်သဖွယ် ကိုင်စွဲအသုံးပြုကြပါသည်။ ကာလရှည်လျားသော စစ်ပွဲများကြောင့် ဖြစ်ပေါ်လာသည့်စီးပွားရေးဆိုင်ရာ အကျိုးဆက်များသည် နိုင်ငံတော်အတွက် ကြီးမားသောဝန်ထုပ်ဝန်ပိုးကို ဖြစ်စေနိုင်ပါသည်။ ရုရှားနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ အရေးယူမှုများသည် ကမ္ဘာ့ရေနံနှင့် ကောက်ပဲသီးနှံ ‌စျေးကွက်ကို ဆိုးရွားစွာ ထိခိုက်စေခဲ့ပါသည်။ ထို့ကြောင့် မျက်မှောက်ခေတ်တွင် ရောပြွန်းစစ်ပွဲကို တိုက်ခိုက်ရာတွင် မတူညီသော ချဉ်းကပ်မှုများ၊ စီမံခန့်ခွဲမှုများနှင့် ကျွမ်းကျင်မှုများ လိုအပ်ပါသည်။

ပေါ်ထွန်းလာသော နည်းပညာအသစ်များ (New Technologies)

လူမဲ့လေယာဉ်များ၊ ဆိုင်ဘာ၊ အာကာသ၊ ဉာဏ်ရည်တု နည်းပညာ (Artificial Intelligence)၊ Machine Learning၊ ကွမ်တန် (Quantum) နည်းပညာများ၊ အသံလွန် (Hypersonic)၊ နည်းပညာများ စသည်တို့သည် စစ်ပွဲ၏ ဝိသေသ လက္ခဏာများကို ပြောင်းလဲသွားစေပါသည်။ ရုရှား-ယူကရိန်းစစ်ပွဲတွင် လူမဲ့လေယာဉ်များကို နှစ်ဖက်စလုံးက ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြသည်။ လူမဲ့လေယာဉ်များကို အချိန်နှင့်တစ်ပြေးညီ တည်ဆောက်၍ အသုံးချနိုင်မှုသည် စစ်ပွဲ၏ အလှည့်အပြောင်းကို ဖြစ်ပေါ်စေကြောင်း သက်သေပြချက်တစ်ခု ဖြစ်လာပါသည်။ မကြာသေးမီကဖြစ်ပွားသော အီရန်-အစ္စရေး စစ်ရေး ပဋိပက္ခအတွင်း အီရန်သည် ရာနှင့်ချီသော ဒရုန်းများနှင့် ဒုံးကျည်များကို အစ္စရေးသို့ ပစ်ခတ်ခဲ့ပါသည်။ တစ်ပြိုင်နက်တည်းမှာပင် အစ္စရေးတို့သည် ထိုဒရုန်းများနှင့် ဒုံးကျည် အများစုကို ဝေဟင်တွင် ပစ်ချ ဖျက်ဆီးနိုင်ခဲ့သည်။ လူမဲ့လေယာဉ်များသည် Non-State Actor ဖြစ်သည့် အကြမ်းဖက်သမားနှင့် သူပုန်များအတွက် ရွေးချယ်စရာ လက်နက်တစ်ခု ဖြစ်လာပါသည်။ ဟူသီသူပုန်များသည် သင်္ဘောများကို အန္တရာယ်ပြုရန်နှင့် ဆော်ဒီအာရေးဗီးယား၏ ရေနံထုတ်လုပ်မှုကို အနှောက်အယှက်ပေးရန် ထိုကဲ့သို့သော ထုတ်လုပ်မှုတန်ဖိုးနည်းပါးသည့် လက်နက်ကိရိယာများကို အသုံးပြုလျက်ရှိသည်။ မြန်မာနှင့် အိန္ဒိယတို့တွင်လည်း လူမဲ့လေယာဉ်များဖြင့် တိုက်ခိုက်ခံရသည့် ဖြစ်စဉ်များ ပိုမိုများပြားလာကြောင်း တွေ့နိုင်ပါသည်။ထို့ကြောင့် တန်ပြန် ဒရုန်း ချေမှုန်းရေးနည်းပညာများ ဖွံ့ဖြိုးတိုးတက်မှုအတွက် အလေးထား လုပ်ဆောင်ပြီး ၎င်းတို့ကို စစ်မြေပြင်၌ လျှင်မြန်စွာ တပ်ဖြန့် အသုံးချရန် လိုအပ်ပါသည်။

ပုဂ္ဂလိကကဏ္ဍ၏ ပါဝင်ပတ်သက်မှု (Private Sector’s Involvement)

ရုရှား-ယူကရိန်းစစ်ပွဲတွင် နှစ်ဖက်လုံးက ပုဂ္ဂလိကကဏ္ဍကို ပေါ်ပေါ်ထင်ထင် အသုံးပြုနေပါသည်။ ကမ္ဘာလုံးဆိုင်ရာ နည်းပညာကုမ္ပဏီများသည် နှစ်ဖက်လုံးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ရှိနေပါသည်။ ထိုနည်းပညာကုမ္ပဏီများသည် စစ်ပွဲဆင်နွှဲရန်အတွက် ယူကရိန်းအား အရေးပါသော အထောက်အပံ့များ ပေးအပ်နေပါသည်။ Elon Musk ၏ Starlink သည် ယူကရိန်းသို့ ဆက်သွယ်မှုဆိုင်ရာအထောက်အပံ့ ပေးထားပြီး နောက်ပိုင်းတွင် ရပ်ဆိုင်းခဲ့ပါသည်။ Microsoft သည်လည်း ယူကရိန်းအား ဆိုက်ဘာလုံခြုံရေးနှင့် ကွန်ပျူတာ ဆိုင်ရာ ပံ့ပိုးမှုပေးထားပါသည်။ထို့ကြောင့် စစ်ပွဲဆင်နွှဲနေရသည့် နိုင်ငံများအတွက် ပုဂ္ဂလိကကဏ္ဍ၏ ပါဝင်လုပ်ဆောင်မှုကို အားပေးသင့်ပါသည်။

သွက်ချာပါဒ စွဲကပ်နေသည့် ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (Paralysis of UNSC)

နိုင်ငံတကာ အသိုက်အဝန်းသည် စစ်ပွဲများကို ရပ်တန့်ရန်အတွက် လုပ်‌ဆောင်နိုင်စွမ်း ကင်းမဲ့နေပါသည်။ ပဋိပက္ခများကို တားဆီးရန်လည်း ပျက်ကွက်ကြသည်။ ဖြေရှင်းနိုင်စွမ်းလည်း မရှိတော့ပေ။ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (UNSC) သည်လည်း သွက်ချာပါဒ ဝေဒနာ စွဲကပ်နေပါသည်။ ဂါဇာရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို မျက်နှာလွှဲ ခဲပစ် လုပ်နေပါသည်။ ရုရှား-ယူကရိန်းစစ်ပွဲသည် ရုရှားနှင့် နေတိုးတို့အကြား ကိုယ်ပွားစစ်ပွဲ (Proxy War) ဖြစ်လာသည်။ ဤပဋိပက္ခများအခြားဒေသများသို့ ကူးစက်ပြန့်ပွားသွားနိုင်မှု အန္တရာယ်သည်လည်း အချိန်နှင့်အမျှ မြင့်တက်လျက် ရှိနေပါသည်။ ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်မှုအဖွဲ့ (SCO) ကဲ့သို့ ဒေသတွင်း အဖွဲ့အစည်းအများ၏ အခန်းကဏ္ဍမှာ ရှေ့တန်းသို့ ပိုမို‌ရောက်ရှိလာသင့်ပါသည်။

မရေရာသော နျူကလီးယား ပတ်ဝန်းကျင် အခြေအနေ (Uncertain Nuclear Environment)

နိုင်ငံတကာ လက်နက်ထိန်းချုပ်ရေးဆိုင်ရာ သဘောတူညီချက်များ လျင်မြန်စွာ ယိုယွင်း တိုက်စား ပျက်စီးမှု၏ နောက်ကွယ်တွင် စစ်ပွဲများ ဆင်နွှဲလျက်ရှိနေကြပါသည်။ ပဲ့ထိန်းဒုံးပျံ တိုက်ဖျက်ရေး (Anti-Ballistic Missile Treaty – ABM) စာချုပ်၊ တာလတ် နျူးကလီးယားတပ်ဖွဲ့ (Intermediate-Range Nuclear Forces Treaty – INF) ဆိုင်ရာ စာချုပ်နှင့် New START စာချုပ်များသည် အလုပ်မဖြစ်တော့ပါ။ ထို့ပြင် လက်နက်ဖျက်သိမ်းရေးဆိုင်ရာ ညီလာခံကိုလည်း ပိတ်ပင်ထားပါသည်။ နျူကလီးယားလက်နက် ပြန့်ပွားမှုအန္တရာယ်နှင့် အာကာသအတွင်း လက်နက်ပြိုင်ဆိုင်မှုဆိုင်ရာ ဖြစ်စဉ်များ အမြောက်အမြား တိုးပွားများပြားလာနေပါသည်။ ရုရှား-ယူကရိန်း ပဋိပက္ခအတွင်း ခေါင်းဆောင်များသည် စစ်ပွဲတွင် နျူကလီးယားလက်နက် အသုံးပြုရန် သဘောထားရှိကြောင်း ညွှန်ပြသည့် ကြေညာချက်များစွာ ထုတ်ပြန်ခဲ့ကြသည်။ စစ်အေးကာလအတွင်း ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့သည့် နျူကလီးယား အဟန့် (Nuclear Deterrence) စနစ်မှာ ယခုအခါ ကျိုးပျက်မည့်အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။ စစ်ပွဲများတွင် နျူကလီယားလက်နက်အသုံးပြုလာနိုင်မှု အန္တရာယ်သည် ပိုမိုထင်ရှားလာပါသည်။

သင်ခန်းစာ ဖော်ထုတ်ချက်များ

မိမိတို့အနေဖြင့် လက်ရှိဖြစ်ပွားနေသော စစ်ပွဲများမှ သင်ခန်းစာ ဖော်ထုတ်ကာ အောက်ဖော်ပြပါ ရှုထောင့်များကို အလေးအနက်ထား ဆန်းစစ်ရန် လိုအပ်ပါသည်။

(က) လက်ခံကျင့်သုံးနေသည့် စစ်မှုရေးရာသဘောတရားများအား ပြန်လည် စိစစ် ပြင်ဆင်ခြင်း (Revision of Military Doctrines)

မိမိတို့ လက်ခံကျင့်သုံးနေသည့် စစ်မှုရေးရာသဘောတရားများသည် မျက်‌မှောက်ခေတ်နှင့် ကိုက်ညီလုံလောက်မှု ရှိသည်လားဟူသည်မှာ မေးခွန်းထုတ်စရာ ဖြစ်လာပါသည်။ စစ်ဖက်ဆိုင်ရာ မူဝါဒရေးဆွဲ ချမှတ်သူများအနေဖြင့် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် လက်ရှိ ကျယ်ပြန့်စွာ အသုံးပြုနေသည့် စစ်ဖက်ဆိုင်ရာ သဘောတရားများနှင့် ၎င်းတို့၏ ထိရောက်မှုကို သေချာစွာ စစ်ဆေးရန် အရေးတကြီး လိုအပ်နေပါသည်။သမားရိုးကျ လက်နက်စနစ် ပလပ်ဖောင်းများ၏ အခန်းကဏ္ဍနှင့် ဆက်စပ်ဆီလျော်စွာ အသုံးချနိုင်မှုတို့ကို နည်းပညာသစ်များဖြစ်သည့် UAV များ၊ အသံလွန်ဒုံးပျံများ၊ ဂြိုလ်တုများ၊
ဆိုင်ဘာလက်နက်များနှင့် လေဆာစွမ်းအင်သုံးလက်နက်များစသည့်တို့ဖြင့် နှိုင်းယှဉ်ချိန်ထိုးသုံးသပ်ရန် လိုအပ်ပါသည်။ မိမိတို့ကဲ့သို့ ဖွံ့ဖြိုးဆဲ နိုင်ငံများအနေဖြင့်လည်း လက်လှမ်းမီသည့် နည်းပညာသစ်များအား ရှာဖွေဖော်ထုတ် အသုံးပြုကာ ကျင့်သုံးနေသည့် စစ်မှုရေးရာသဘောတရားများအား ခေတ်နှင့်အညီဖြစ်စေရန် အဆင့်မြှင့်တင်သွားသင့်ပါသည်။

(ခ) ဘဏ္ဍာရေးဆိုင်ရာ အရင်းအမြစ်နှင့် လူစွမ်းအား အရင်းအမြစ်များ ရရှိနိုင်မှု (The Availability of Financial and Manpower Resources)

ရင်ဆိုင်နေရသော ခြိမ်းခြောက်မှုအသစ်များနှင့် နည်းပညာအသစ်များအပေါ် မူတည်လျက် ကာကွယ်ရေးအသုံးစရိတ်အား မည်ကဲ့သို့ အကောင်းဆုံး အသုံးပြုနိုင်မည်နည်း၊ ထိုအရင်း အမြစ်များကို မည်ကဲ့သို့ ခွဲဝေနေရာချထားသင့်သနည်းဟူသောအချက်များမှာ အမြန်ဆုံး ပြန်လည် ဆန်းစစ်ရန် လိုအပ်သည့် အချက်များပင်ဖြစ်ပါသည်။ စစ်ဖက်နည်းပညာများ တိုးတက် လာသည်နှင့်အမျှ ထိုနည်းပညာများကို ကျွမ်းကျင်ပိုင်နိုင်စွာ ကိုယ်တွယ်အသုံးပြု တိုက်ခိုက် နိုင်မည့် တပ်မတော်သားများ မွေးထုတ်နိုင်ရေးသည် စိန်ခေါ်မှု တစ်ရပ် ဖြစ်လာပါသည်။ ထို့ကြောင့် လူ့စွမ်းအားအရင်းအမြစ်များ ကြိုတင်မွေးထုတ်ပြင်ဆင်ထားခြင်းသည် မျက်မှောက်ခေတ် စစ်ပွဲများတွင် အ‌ရေးပါသော သော့ချက်တစ်ခု ဖြစ်လာပါသည်။

(ဂ) တပ်သားသစ် စုဆောင်းရေး၊ ပညာရေး၊ ကျွမ်းကျင်မှုနှင့် လေ့ကျင့်ရေး (Recruitment, Education, Skills and Training)

အရေးကြီးသည့် မေးခွန်းတစ်ခုမှာ မျက်မှောက်ခေတ်စစ်ပွဲအတွက် အင်အား မည်မျှနှင့် မည်သို့သောလူများ လိုအပ်မည်နည်းဟူသောအချက် ဖြစ်ပါသည်။ တပ်မတော်များအနေဖြင့် စစ်ပွဲ၏ သဘောသဘာ၀ ပြောင်းလဲလာမှုကြောင့် တပ်သားသစ်စုဆောင်းရေး၊ ပညာရေး၊ ကျွမ်းကျင်မှုနှင့် လေ့ကျင့်ရေးကဲ့သို့သော လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ ကိစ္စရပ်များအပေါ် ပြတ်ပြတ်သားသား အာရုံစိုက်လုပ်ကိုင်နိုင်ရန် လိုအပ်ပါသည်။ ခေတ်မီတပ်မတော်တစ်ရပ် တည်ဆောက်ရန်အတွက် လုံလောက်သော လူအင်အားရှိရန် လိုအပ်ပါသည်။ ဥပမာအားဖြင့် တောင်ကိုရီးယားတပ်မတော်၏ တပ်မများအား ဖွဲ့စည်းပုံ၏ ၉၀ ရာခိုင်နှုန်းအထိ လူအင်အား ဖြည့်တင်းထားပါသည်။ ယနေ့ခေတ်တွင် ကလေးမွေးဖွားနှုန်း ကျဆင်းလာသည့်အတွက် တပ်မတော်အတွက် တပ်သားသစ် အင်အားစုဆောင်းမှု ကျဆင်းလာရာ တပ်မအချို့အား ဖျက်သိမ်းကာ ဖွဲ့စည့်ပုံပြည့်မှီရန် လိုအပ်နေသည့် အခြားတပ်မများထံသို့ ပေါင်းထည့်ပေးခြင်းဖြင့် ဖွဲ့စည်းပုံအား ထိန်းထားနိုင်ကြောင်း လေ့လာတွေ့ရှိရပါသည်။ ဖွဲ့စည်းပုံအရ လက်ခံနိုင်သည့် ရာခိုင်နှုန်းအောက် လျော့နည်းသွားမည်ဆိုပါက တပ်ဆင်ထားသည့် လက်နက်ကိရိယာနှင့် ယာဉ်ယန္တရားများအား အင်အားပြည့် ကိုင်တွယ်အသုံးပြုနိုင်တော့မည် မဟုတ်သည့်အတွက် တပ်မ၏ တိုက်စွမ်းရည်ကျဆင်းသွားနိုင်ပါသည်။

(ဃ) နည်းပညာများ (Technologies)

ဖွံ့ဖြိုးပြီးနိုင်ငံများအတွက် နည်းပညာအသစ်များဖြစ်သည့် UAV၊ ဆိုင်ဘာ၊ အာကာသ၊ ကွမ်တမ်၊ ဉာဏ်ရည်တု၊Machine Learning စသည်တို့တွင် ကိုယ့်အားကိုယ်ကိုးကာ ကိုယ်တိုင် ထုတ်လုပ်အသုံးပြုနိုင်သည့် အခြေအနေသို့ ရောက်ရှိလာစေရန် မည်ကဲ့သို့ ကြိုးပမ်း လုပ်ဆောင်ကြမည်နည်း ဆိုသည်မှာလည်း အရေးကြီးသည့် မေးခွန်းတစ်ခုဖြစ်ပါသည်။ မိမိတို့ကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများသည်လည်း နည်းပညာသစ်များ လွှဲပြောင်းရယူရန် မိတ်ဆွေ နိုင်ငံများအပါအဝင် နိုင်ငံတကာနှင့် မည်ကဲ့သို့ ပူးပေါင်းလုပ်ဆောင်ရန်ကို မူဝါဒများ သေချာစွာ ချမှတ်ရန် လိုအပ်ပါသည်။ လက်နက်ပစ္စည်းများကို ဝယ်ယူရုံမျှမက ဆက်စပ်သည့် နည်းပညာများ ကိုပါ လွှဲပြောင်းရယူပြီး မိမိတို့ နိုင်ငံအတွင်း ကိုယ်ပိုင်ထုတ်လုပ်နိုင်စွမ်းရှိစေရန် လုပ်ဆောင်မှု သည်လည်း မျက်မှောက်ခေတ်တွင် အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ရပ် ဖြစ်လာပါသည်။ ထို့အပြင် လွှဲပြောင်းရယူထားသည့် နည်းပညာသစ်များကို တပ်မတော်အတွင်း လျှင်မြန်စွာ ရင်းနှီးကျွမ်းဝင်မှု ရှိစေရန်အတွက် လုပ်ဆောင်ရန်လည်း လိုအပ်ပါသည်။

(င) ထောက်ပံ့ပို့ဆောင်ရေးနှင့် အခြေခံအဆောက်အဦ (Logistics and Infrastructure)

ခေတ်ပြိုင်စစ်ပွဲများတွင် ရုပ်ပိုင်းဆိုင်ရာနှင့် ဒစ်ဂျစ်တယ်အခြေခံအဆောက်အဦများ၏ အခန်းကဏ္ဍကား အဘယ်နည်း။ ရုရှား-ယူကရိန်းစစ်ပွဲတွင် အခြေခံအဆောက်အဉီများကို နှစ်ဖက်စလုံးက သတိလက်လွတ် တိုက်ခိုက်ခဲ့ကြသည်။ ပြောင်းလဲလာသော စစ်ဖက်ဆိုင်ရာ သဘောတရားများနှင့်အညီ နယ်စပ်ဒေသများအပါအဝင် နိုင်ငံတစ်ဝန်းတွင် ထောက်ပံ့ပို့ဆောင် ရေးနှင့် အခြေခံအဆောက်အဦီများ တိုးတက်ကောင်းမွန်လာစေရန် လုပ်ဆောင်သွား လိုအပ်ပါသည်။ သမားရိုးကျ စစ်ပွဲ တစ်ခုအတွက် ထောက်ပံ့ပို့ဆောင်ရေးနှင့် အခြေခံအဆောက် အဦများ ပြင်ဆင်ဆောင်ရွက်ထားသော တပ်မတော်တစ်ရပ်သည် ပြောင်းလဲသွားသည့် နည်းပညာစစ်ပွဲအား ရင်ဆိုင်ကြုံတွေ့ရချိန်တွင် စိတ်ဓာတ်ပိုင်းဆိုင်ရာအပါအဝင် ဖိအားများစွာကို အဖက်ဖက်က ရင်ဆိုင်ရတတ်ပါသည်။ ထို့ကြောင့် ပြောင်းလဲလာသော စစ်ပွဲအခြေအနေများနှင့် အညီ တပ်မတော်အတွက် အခြေခံအဆောက်အဦများ တည်ဆောက်ရန် ကာလလတ်မှ ရေရှည် စီမံကိန်းများအထိ ရေးဆွဲအကောင်အထည်ဖော်ရန် လိုအပ်ပါသည်။ မိမိတို့နိုင်ငံနှင့် ရေမြေတောတောင် အခြေအနေကွာခြားမှု နည်းပါးသည့် အိမ်နီးချင်းနိုင်ငံများ၏ထောက်ပံ့ပို့ဆောင်ရေးနှင့် အခြေခံအဆောက်အဦများ အကောင်အထည်ဖော် လုပ်ဆောင်ထားမှု များအားလည်း စူးစမ်းလေ့လာရန် လိုအပ်ပါသည်။

(စ) ခဲယမ်းမီးကျောက်များ ထုတ်လုပ်ခြင်းနှင့် အသုံးပြုနိုင်မှု (The Production and Availability Of Ammunition)

ကာလရှည်လျားသောစစ်ပွဲအတွင်း ခဲယမ်းမီးကျောက်များ လုံလောက်စွာ စုပုံ ပြင်ဆင် ထားရန် အရေးကြီးပါသည်။ မျက်မှောက်ခေတ် နည်းပညာသစ်များဖြင့် ထုတ်လုပ်ထားသည့် ခဲယမ်းမီးကျောက်များသည် တန်ဖိုးကြီးမားကာ အလွယ်တကူ ဝယ်ယူရရှိရန်လည်း ခက်ခဲပါသည်။ ဖြစ်ပွားနေသောစစ်ပွဲအတွင်း ခဲယမ်းမီးကျောက်ပြတ်လပ်မှုမှာ အထူးသဖြင့် ယူကရိန်းတို့အတွက် အဓိကအတားအဆီးတစ်ခု ဖြစ်လာသည်။ နေတိုးနိုင်ငံများသည် ယူကရိန်းသို့ လက်နက် ခဲယမ်းများ ထောက်ပံ့ပေးနေသော်လည်း ၎င်းတို့ကိုယ်၌ပင် ပြတ်တောက်မှုများနှင့် ကြုံတွေ့နေရပါသည်။ ဤအချက်သည် စစ်ပွဲတစ်ရပ်အား ကာလရှည်ကြာစွာ ဆင်နွှဲ တိုက်ပွဲဝင်နေရသည့် တပ်မတော်တစ်ရပ်အတွက် အရေးတကြီး ဆန်းစစ်ပြင်ဆင်ထားရမည့် အချက်ဖြစ်ပါသည်။ ကိုယ်တိုင်ထုတ်လုပ်ခြင်း၊ ကုန်ကြမ်းများ စုဆောင်ခြင်း၊ မဟာမိတ်နိုင်ငံများနှင့် နည်းပညာနှင့် လက်နက်ပစ္စည်း ကိရိယာများ လဲလှယ် ရယူခြင်းတို့သည် ထည့်သွင်း စဉ်းစားရမည့် အချက်များ ဖြစ်ပါသည်။

(ဆ) လေကြောင်းရန် ကာကွယ်ရေး (Air Defence)

ဒုံးပျံများနှင့် ဒရုန်များဖြင့် အစုအပြုံလိုက် တိုက်ခိုက်ခံရခြင်းအတွက် ဝေဟင်အား မည်သို့ ကာကွယ်မည်နည်း။ ဒုံးပျံများ၊ ဒုံးကျည်များနှင့် လူမဲ့လေယာဉ်များကို တွင်ကျယ်စွာ အသုံးပြုလာမှုတို့ကြောင့် လေကြောင်းကာကွယ်‌ရေးတပ်ဖွဲ့၏ အရေးပါမှုမှာ ရှေ့တန်းသို့ ရောက်ရှိလာပါသည်။ Active Defence နှင့် Passive Defence နှစ်မျိုးလုံးအား အချိုးညီ မျှတစွာ သုံးစွဲသွားရန် လိုအပ်ပါသည်။ လေကြောင်းရန်ကာကွယ်ရေးစနစ်အား ထိရောက်စွာ အသုံးပြုနိုင်ရန်အတွက် မြေပြင်တွင် ဖြစ်ပေါ်နေသော လက်တွေ့အခြေအနေများနှင့် ပေါင်းစပ်ရန်လည်း လိုအပ်ပါသည်။

(ဇ) ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုလုပ်ငန်း (Defence Industrial Complex)

မိမိတို့နိုင်ငံတွင် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှု လုံလောက်ပြည့်မှီမှု ရှိပါသလား။ ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးအရ ဆုတ်ယုတ် ကျဆင်းမှုများ ရှိနေသော်လည်း တိုးတက်နေသည့်ကဏ္ဍမှာ ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုကဏ္ဍပင် ဖြစ်ပါသည်။ နိုင်ငံများအနေဖြင့် စစ်အသုံးစရိတ်အားလည်း တိုးတက်သုံးစွဲနေကြောင်း တွေ့ရသည်။ ၎င်းသည် အသိဉာဏ်ပြည့်ဝသော လူသားအရင်းအမြစ်များနှင့် အဆင့်မြင့် နည်းပညာများအား စိုက်ထုတ်သုံးစွဲရသော ကဏ္ဍဖြစ်ပါသည်။ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းသည် ကမ္ဘာပေါ်တွင် အကျိုးအမြတ်အများဆုံး Industry တစ်ခုလည်း ဖြစ်ပါသည်။

စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသန အင်စတီကျူ (SIPRI) က ၂၀၂၃ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် ထုတ်ပြန်သော စာတမ်းအရ ၂၀၂၂ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ စစ်အသုံးစရိတ်မှာ ၂၀၂၁ ခုနှစ်ထက် ၃ ဒဿမ ၇ ရာခိုင်နှုန်း တိုးတက်လာပြီး အမေရိကန်ဒေါ်လာ ၂၂၄၀ ဘီလီယံအထိ ရောက်ရှိသွားကြောင်း တွေ့ရပါသည်။ တစ်ကမ္ဘာလုံး၏ စစ်အသုံးစရိတ်သည် ၂၀၁၃ ခုနှစ်မှ ၂၀၂၂ ခုနှစ် ဆယ်စုနှစ်အတွင်း ၁၉ ရာခိုင်နှုန်းအထိ တိုးတက်လာပါသည်။ ၂၀၁၅ ခုနှစ်မှ စတင်ကာ နှစ်စဉ် မြင့်တက်သုံးစွဲနေခြင်းလည်း ဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးကဏ္ဍသည် ၂၀၂၇ အရောက်တွင် ၅ ဒဿမ ၆ ရာခိုင်နှုန်းအထိ ဆက်လက်တိုးတက်နေမည်ဖြစ်သည်။ စျေးကွက်အရွယ်အစားအားဖြင့် အမေရိကန် ဒေါ်လာ ၇၁၈ ဒဿမ ၁၂ ဘီလီယံဖြစ်သည်။ ဈေးကွက်၏ အဓိကမောင်းနှင်အားမှာ လူမဲ့လေယာဉ် ထုတ်လုပ် ရောင်းချမှု ဖြစ်သည်။ အင်ဒို – ပစိဖိတ်ဒေသသည် အကြီးမားဆုံး စျေးကွက်တစ်ခုလည်း ဖြစ်ပါသည်။

ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးကဏ္ဍတွင် ကိုယ်တိုင်အလုံးစုံ ထုတ်လုပ်ရောင်းချ၍ ဖြစ်စေ၊ Supply Chain တွင် ကိုယ်တိုင်ပါဝင်ပြီး တစ်စိတ်တစ်ပိုင်း ထုတ်လုပ်ခြင်းဖြင့်ဖြစ်စေ ပါဝင်လုပ်ဆောင်သင့်ပါသည်။ ပြည်တွင်း ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှု တိုးမြှင့်ခြင်းဖြင့် ပြည်ပမှ တင်သွင်းမှုအား အတိုင်းအတာတစ်ခုအထိ လျှော့ချနိုင်ပါမည်။ ဤနည်းဖြင့် ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်မှုတွင် ပြည်ပနိုင်ငံများအား မှီခိုအားထားနေရမှုအား လျှော့ချနိုင်မည်ဖြစ်ပါသည်။ တပ်မတော်အနေဖြင့် ရေရှည်စစ်ပွဲများကိုဆင်နွှဲနိုင်ရန်အတွက် ပြည်တွင်း ကာကွယ်ရေး ပစ္စည်းထုတ်လုပ်မှုသည် မရှိမဖြစ်လိုအပ်ပါသည်။ သို့သော် ဖြေရှင်းရန် လိုအပ်သည့် ပြဿနာ များစွာ ရှိပါသေးသည်။ ၎င်းတို့မှာ တပ်မတော်အတွက် အရည်အသွေးမြင့် ကာကွယ်ရေး ပစ္စည်းများ ထုတ်လုပ်ရန် ပုဂ္ဂလိကကဏ္ဍကို အားပေးခြင်း၊ ပြည်တွင်း ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုလုပ်ငန်း၏ အရည်အသွေး၊ လက်နက် စမ်းသပ်မှုများ၊ သုတေသနနှင့် ဖွံ့ဖြိုးမှု လုပ်ငန်းစဉ်များ၊ အသစ်တည်ထောင်ထားသည့် လုပ်ငန်းငယ်များအတွက် ရေရှည် ပံ့ပိုးကူညီမှု စသည်တို့ဖြစ်သည်။ အသုံးပြုနေသော တပ်မတော်သားများထံမှ သိရှိရသည့် အားနည်းချက် များအားလည်း ထည့်သွင်းစဉ်းစား ပြင်ဆင်ပေးသွားသင့်ပါသည်။ ထိုကဲ့သို့ လက်တွေ့ကျသည့် ပြဿနာများအား အမြန်ဖြေရှင်းနိုင်ရန် လိုအပ်ပါသည်။

၎င်းအပြင် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး သုတေသနဌာနများအနေဖြင့် စစ်ဘက်နှင့် အရပ်ဘက် နှစ်မျိုး အသုံးပြုနိုင်သည့် Dual – use technology နည်းပညာထုတ်ကုန်များကိုလည်း ထုတ်လုပ်နိုင်ရန် ကြိုးပမ်းလုပ်‌ဆောင်သင့်ပါသည်။ ဥပမာအားဖြင့် Remote Sensing ဆိုင်ရာနည်းပညာများ ဖြစ်ပါသည်။

ဆွီဒင်အခြေစိုက် စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသန အင်စတီကျူ (SIPRI) က ၂၀၂၂ ခုနှစ်အတွက် ထိပ်တန်း လက်နက်ကုမ္ပဏီ ၁၀၀ (The SIPRI Top 100 arms-producing and military services companies in the world, 2022) အား ထုတ်ပြန်ခဲ့ရာ အာရှတိုက်မှ ၂၂ ခုပါဝင်ပါသည်။ ထို့အနက် တရုတ်က ၈ ခုဖြင့် အများဆုံးဖြစ်ပါသည်။ အရှေ့တောင်အာရှမှ စင်ကာပူ၏ ST Engineering ကုမ္ပဏီတစ်ခုသာ ပါဝင်ကြောင်း တွေ့ရသည်။

မိမိတို့နိုင်ငံသည်လည်း ပြည်တွင်းပဋိပက္ခများနှင့် ပြည်ပမှ ပိတ်ဆို့မှုများကြောင့် လက်နက်နှင့် ခဲယမ်းမီးကျောက်များအား ပြည်တွင်းတွင် ဖူလုံစွာ ထုတ်လုပ်နိုင်သည့် အတွေ့အကြုံများ ရှိပြီးဖြစ်ပါသည်။ အထူးသဖြင့် လက်နက်ငယ်နှင့် စစ်ရေယာဉ်များ ထုတ်လုပ်ခြင်းကဏ္ဍများ ဖြစ်သည်။ ၂၀၁၉ ခုနှစ်က Defence and Security Expo 2019 (Thailand) တွင် ပါဝင်ပြသသည်ကိုလည်း တွေ့နိုင်ပါသည်။ ထိုပြပွဲတွင် မြန်မာထုတ် လက်နက်ပစ္စည်းများအား စိတ်ဝင်စာမှု များပြားကြောင်းလည်း သိရှိရပါသည်။ သုတေသနနှင့် ဖွံ့ဖြိုးမှု လုပ်ငန်းစဉ် (Research and Development) အား စနစ်တကျ ပြုလုပ်ပြီး တစ်ဆင့်ချင်း အဆင့်မြှင့်တင်ကာ ပြည်ပသို့ တင်ပို့ရောင်းချသွားသင့်ပါသည်။ အမေရိကန်တွင် (Defense Advanced Research Projects Agency – DAPRA) နှင့် အိန္ဒိယတွင် (Defence Research & Development Organisation – DRDO) တို့ရှိသကဲ့သို့ မြန်မာတွင်လည်း ထိုကဲ့သို့ သုတေသနဌာနများ ရှိပြီးဖြစ်ပါသည်။ အပိုပစ္စည်း ထုတ်လုပ်မှုများအတွက် ပုဂ္ဂလိက MSME လုပ်ငန်းများနှင့် ချိတ်ဆက်ထားသင့်ပါသည်။ ၎င်းတို့သည် ငြိမ်းချမ်းချိန်တွင် သာမန်ထုတ်ကုန်များ ထုတ်လုပ်နိုင်ကာ စစ်မက်ဖြစ်ပွားချိန်တွင် တပ်မတော်အတွက် အပိုပစ္စည်းများ ထုတ်လုပ်ပေး နိုင်မည်ဖြစ်ပါသည်။

(ဈ) နိုင်ငံတဝှမ်းလုံးပါဝင်သည့် ချဉ်းကပ်မှုပုံစံ (All of the Nation Approach)

နိုင်ငံနှင့် လူ့အဖွဲ့အစည်းတို့အနေဖြင့် ကမ္ဘာ့ကြီး၏ မသေချာမရေရာသော ပတ်ဝန်းကျင် အခြေအနေကို ကောင်းစွာ သိမြင်နားလည်သဘောပေါက်ထားရန် လိုအပ်ပါသည်။ ထို့ကြောင့် ငြိမ်းချမ်းရေးကာလ (Peace Time) တွင် စစ်ရေးပြင်ဆင်မှုများအား ပြုလုပ်ထားရပါမည်။ မတည်ငြိမ်သော နိုင်ငံတကာ ပတ်ဝန်းကျင်အခြေအနေနှင့် ၎င်း၏ ရိုက်ခတ်လာနိုင်မှုများအား ကောင်းစွာ နားလည်ပြီး ပြင်ဆင်ထားရပါမည်။ ဖြစ်ပွားနေသော စစ်ပွဲများနှင့် ပဋိပက္ခများသည် အခြားနယ်မြေဒေသများသို့ ဆက်လက်ပျံ့နှံ့သွားပါက နိုင်ငံတစ်နိုင်ငံတည်း အထီးကျန် ရပ်တည် ရင်ဆိုင်ရန် ဖြစ်နိုင်မည် မဟုတ်ချေ။ လက်ရှိကျင့်သုံးနေသည့် ပြည်သူ့စစ်မှုထမ်းစနစ်အား ပိုမို ပီပြင်စွာ အကောင်အထည်ဖော် လုပ်ဆောင်သွားရပါမည်။

(ည) စစ်မှုရေးရာ သံခင်းတမန်ခင်း (Military Diplomacy)

မိမိတို့နိုင်ငံတည်ရှိရာ အင်ဒို-ပစိဖိတ်ဒေသကြီးသည် တည်ငြိမ်မှု လျော့နည်းလာပါသည်။ ပြည်တွင်း စိန်ခေါ်မှုများစွာ ရှိနေသကဲ့သို့ အိမ်နီးချင်းနိုင်ငံများ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် စစ်ရေးဆိုင်ရာ အပြောင်းအလဲများကလည်း မိမိတို့နိုင်ငံအပေါ် ရိုက်ခတ်လျက် ရှိပါသည်။ အာဆီယံသည် နေတိုးအဖွဲ့ကဲ့သို့ စစ်စာချုပ်အဖွဲ့အစည်း မဟုတ်သော်လည်း အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး၊ အာဆီယံ ကြည်းတပ် ဦးစီးချုပ်များ အစည်းအဝေး၊ အာဆီယံ ရေတပ်ဦးစီးချုပ်များ အစည်းအ‌ဝေးနှင့် အာဆီယံ လေတပ်ဦးစီးချုပ်များ ကွန်ဖရန့်စသည်တို့အပါအဝင် အခြား ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ယန္တရားများ ရှိနေပါသည်။ ထိုကဲ့သို့ အစည်းအဝေးများနှင့် ASEAN Armies Rifle Meet ကဲ့သို့သော ပြိုင်ပွဲများတွင် ဆက်လက်ပါဝင်နေရန် လိုအပ်ပါသည်။ နိုင်ငံရေး၊ စီးပွားရေး၊ နိုင်ငံတကာ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ အဖွဲ့အစည်းကြီးတစ်ခုဖြစ်သည့် ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်မှုအဖွဲ့ (Shanghai Cooperation Organization) အဖွဲ့ကြီးတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်သွားသင့်ပါသည်။ ထို့အပြင် ရုရှားနိုင်ငံတွင် ပြုလုပ်ကျင်းပသည့် International Army Games နှင့် CISM World Cadet Games များတွင် ပါဝင်ယှဉ်ပြိုင်ခြင်း၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ပူးတွဲလေ့ကျင့်ခန်းများတွင် ပါဝင်လေ့ကျင့်ခြင်းများသည်လည်း စစ်မှုရေးရာ သံခင်းတမန်ခင်းများပင် ဖြစ်ပါသည်။ ရေကြောင်း လုံခြုံရေးဆိုင်ရာ ပူပေါင်း‌ဆောင်ရွက်ချက်များ အနေဖြင့် အိန္ဒိယနှင့် နှစ်နိုင်ငံ ရေကြောင်းပူးတွဲကင်းလှည့်ခြင်းများ၊ တိုင်းတာရေးလုပ်ငန်းများနှင့် MILAN ကဲ့သို့သော နိုင်ငံစုံ ရေကြောင်း ပူးတွဲလေ့ကျင့်ခန်းများတွင် ပါဝင်လုပ်ဆောင်နေကြောင်း လေ့လာ တွေ့ရှိရပါသည်။ စစ်ဖက်ဆိုင်ရာ သံခင်းတမန်ခင်းတွင် ဦးတည်ရာနှင့် ရှု‌ထောင့်စုံတို့ ပါဝင်နေရာ ဂရုပြု ကျင့်သုံးသွားရန်လည်း လိုအပ်ပါသည်။ စစ်ဖက်ဆိုင်ရာ သံခင်းတမန်ခင်းသည် အဟန့်တစ်ခုပင်ဖြစ်ရာ လက်ရှိကျင့်သုံးနေမှုသည် အမှန်တကယ်ထိရောက်မှု ရှိ၊ မရှိ ကိုလည်း ခွဲခြမ်းစိတ်ဖြာ သုံးသပ်သွားရန် အရေးကြီးပါသည်။

(ဋ) နျူကလီးယားရေးရာ သဘောတရား (Nuclear Doctrine)

ကမ္ဘာပေါ်တွင် နျူကလီးယားလက်နက်ထိန်းချုပ်ရေးစနစ် လျော့ရဲလာမှုကို ဂရုတစိုက် စောင့်ကြည့်ရန် လိုအပ်ပါသည်။ နျူကလီးယားလက်နက်ပိုင်ဆိုင်သည့်နိုင်ငံများသည် ၎င်းတို့၏ နျူကလီးယားနှင့် ဒုံးကျည်လက်နက်များကို ခေတ်မီစေရန် လျင်မြန်စွာ လုပ်ဆောင်နေကြသည်။ ဤကဲ့သို့ ဖြစ်ပေါ် တိုးတက်မှုများနှင့်ပတ်သက်၍ နျူကလီးယားလက်နက်ပိုင် နိုင်ငံများအနေဖြင့် ၎င်းတို့၏ နျူကလီးယားရေးရာ သဘောတရားကို အစဉ်မပြတ်သုံးသပ်ဆန်းစစ်နေရန် လိုအပ်ပါသည်။

နိဂုံး

ကာကွယ်ရေးဆိုင်ရာ မူဝါဒနှင့် မဟာဗျူဟာရေးဆွဲသူများသည် မျက်မှောက်ခေတ်တွင် ပြောင်းလဲတိုးတက်လာသည့် စစ်မှုရေးရာသဘောတရားများအား နှံ့စပ်ကျွမ်းကျင်မှုရှိသည့် အရည်အချင်း ပြည့်ဝသူများ ဖြစ်ရပါမည်။ ရုရှား-ယူကရိန်းနှင့် ဂါဇာစစ်ပွဲတို့မှ ဖော်ထုတ်ရရှိသော သင်ခန်းစာများသည် မိမိတို့ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုများနည်းတူ အရေးကြီးပါသည်။ ဥပမာအားဖြင့် တပ်မတော်၏ ဖွဲ့စည်းပုံအား စစ်နယ်ဝန်းကွပ်ကဲမှုဌာနချုပ်များ အသွင် ပြောင်းလဲပစ်မည်ဆိုပါက ပြောင်းလဲသွားမည့် စစ်ဆင်ပုံနည်းလမ်းများအား တပ်မတော်သား များ၏ တွေးခေါ်မျှော်မြင်မှုတွင် မည်သို့ပေါင်းစပ် ထည့်သွင်းပေးနိုင်မည်ကိုလည်း ထည့်သွင်း တွက်ချက်ထားရပါမည်။ ၎င်းတို့အနေဖြင့်ခြိမ်းခြောက်မှုများ၏ ပြောင်းလဲနေသော သဘောသဘာဝ၊ ရန်သူ၏ စိတ်ဓာတ်နှင့် စွမ်းရည်တို့ကို အပြည့်အဝ နားလည်ပြီး ၎င်းတို့ ကိုယ်ပိုင် SWOT Analysis (Strengths, Weaknesses, Opportunities and Threats Analysis) လုပ်ဆောင်နိုင်ရမည် ဖြစ်ပါသည်။ ရုရှား-ယူကရိန်းစစ်ပွဲ၊ ဂါဇာစစ်ပွဲနှင့် ဖြစ်နိုင်ခြေရှိသော အနာဂတ်ပဋိပက္ခများ (ဥပမာ – ထိုင်ဝမ်ကျွန်းအရေးကိစ္စ) က မိမိတို့တွင် အတွေးအမြင်သစ်များ လိုအပ်နေကြောင်း သတိပေးနေပါသည်။ မိမိတို့နိုင်ငံအနေဖြင့် ဆင့်ကဲပြောင်းလဲလာသော ခြိမ်းခြောက်မှု အန္တရာယ်များနှင့် တိုးတက်ပြောင်းလဲလာသော စစ်ပွဲ၏သဘောသဘာဝကို ထည့်သွင်းစဉ်းစား ရေးဆွဲထားသည့်ပြည့်စုံသော အမျိုးသားလုံခြုံရေး မဟာဗျူဟာစာတမ်းတစ်စောင်အား ပြင်ဆင်ရေးဆွဲထားသင့်ပါကြောင်း ဖော်ပြအပ်သည်။

ဒေါက်တာနိုင်ဆွေဦး
သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့

NaingSweOo

(သုတအလင်း မဂ္ဂဇင်း အမှတ် (၁၀၁) စက်တင်ဘာ နှင့် (၁၀၂) အောက်တိုဘာ ၂၀၂၄ တွင် ဖော်ပြပါရှိသော ဆောင်းပါး ဖြစ်ပြီး ၂၀၂၄ ခုနှစ်အတွက် သုတအလင်း မဂ္ဂဇင်း “အကောင်းဆုံး ဆောင်းပါးဆု” ရရှိခဲ့ပါသည်။)
ရင်းမြစ်။ Changing Nature of Warfare, Lesson for India, Arvind Gupta, Director, VIF, May 24, 2024

( Zawgyi Version)

မ်က္ေမွာက္ေခတ္စစ္ပြဲမ်ား၏ ေျပာင္းလဲတိုးတက္လာေသာ သေဘာသဘာဝမ်ား

နိဒါန္း

႐ုရွား-ယူကရိန္းစစ္ပြဲႏွင့္ ဂါဇာတြင္ ျဖစ္ပြားေနေသာစစ္ပြဲမ်ားသည္ မ်က္ေမွာက္ေခတ္ စစ္ပြဲမ်ား၏ သေဘာသ‌ဘာဝမ်ား ေျပာင္းလဲလာေနေၾကာင္း ထင္ရွားစြာ ၫႊန္ျပလ်က္ ရွိေနပါသည္။ မဟာဗ်ဴဟာေတြးေခၚပညာရွင္မ်ားအေနျဖင့္ ထိုစစ္ပြဲမ်ားကို ဂ႐ုတစိုက္ ေလ့လာသုံးသပ္ၿပီး သင္ခန္းစာမ်ားကို ေဖာ္ထုတ္သြားရန္ လိုအပ္ပါသည္။ ႏိုင္ငံတစ္ႏိုင္ငံ၏ တပ္မေတာ္တစ္ရပ္အေနျဖင့္ ေခတ္အလိုက္ ေျပာင္းလဲလာေသာ စစ္ပြဲ၏ သေဘာ သေဘာဝမ်ားႏွင့္အညီ ဖြဲ႕စည္းပုံ၊ လက္နက္ခဲယမ္း၊ ယာဥ္ႏွင့္ ယႏၲရားမ်ား စသည္တို႔ကို ေျပာင္းလဲ ဖြဲ႕စည္း တပ္ဆင္သြားရမည္ ျဖစ္ပါသည္။ လက္ရွိျဖစ္ပြားေနဆဲ စစ္ပြဲမ်ားမွာ ေဖာ္ထုတ္ရရွိေသာ သင္ခန္းစာမ်ားသည္ ႏိုင္ငံ၏ စစ္မႈေရးရာ သေဘာတရား အား ျပန္လည္သုံးသပ္ၿပီး ေခတ္မီတပ္မေတာ္အျဖစ္ တည္ေဆာက္ရာတြင္ အေထာက္အကူျဖစ္ေစမည္ ျဖစ္ပါသည္။

ကာလရွည္ စစ္ပြဲမ်ား (Long Wars)

မၾကာေသးမီကာလအထိ စစ္ပြဲမ်ားသည္ တိုတိုႏွင့္ လွ်င္လွ်င္ျမန္ျမန္ ၿပီးဆုံးသြားၾက လိမ့္မည္ဟု အမ်ားက ေတြးထင္ခဲ့ၾကပါသည္။ ဤအေရးပါေသာ ယူဆခ်က္ကို ယခုအခါ ျပန္လည္ သုံးသပ္ရေတာ့မည္ ျဖစ္ပါသည္။ ႐ုရွား-ယူကရိန္းစစ္ပြဲသည္ တတိယေျမာက္ႏွစ္သို႔ ေရာက္ရွိ ေနၿပီး၊ဂါဇာကမ္းေျမာင္ေဒသတြင္ ျဖစ္ပြားေနသည့္ စစ္ပြဲသည္လည္း ရွစ္လတာ ကာလအတြင္း ေရာက္ရွိေနၿပီ ျဖစ္ပါသည္။ ထိုစစ္ပြဲမ်ားသည္ မ်ားမၾကာမီအခ်ိန္အတြင္း ၿပီးဆုံးသြားေတာ့မည့္ အရိပ္အေယာင္လည္း မျပပါ။ ကာလရွည္လ်ားေသာစစ္ပြဲမ်ားသည္ ခဲယမ္းမီးေက်ာက္ရရွိမႈ၊ War Wastage Reserves (WWR) ေခၚ ရက္ေပါင္း (၄၀) အတြက္ အရန္ခဲယမ္း စုပုံထားႏိုင္မႈ၊ သယံဇာတရရွိႏိုင္မႈ၊ ေထာက္ပံ့ပို႔ေဆာင္ေရးစသည္တို႔ကဲ့သို႔ေသာ အေရးႀကီးေသာ ကိစၥရပ္မ်ား အေပၚတြင္ သိသာထင္ရွားစြာ အက်ိဳးသက္ေရာက္မႈရွိမည္ ျဖစ္ပါသည္။ မိမိတို႔ တပ္မေတာ္ အေနျဖင့္လည္း ထိုကဲ့သို႔ ကာလရွည္လ်ားေသာ စစ္ပြဲမ်ားအား ရင္ဆိုင္တိုက္ခိုက္ႏိုင္ရန္အတြက္ မည္ကဲ့သို႔ ျပင္ဆင္ထားသင့္သည္ကို စဥ္းစားရန္ လိုအပ္မည္ ျဖစ္ပါသည္။

ထိခိုက္က်ဆုံးမႈမ်ားျပားသည့္ စစ္ပြဲ (High Rate of Casualties)

႐ုရွား-ယူကရိန္း စစ္ပြဲတြင္ ႏွစ္ဖက္ ထိခိုက္က်ဆုံးမႈမွာငါးသိန္းေက်ာ္ ရွိပါသည္။ ယူကရိန္းတြင္ တိုက္ပြဲဝင္ရန္အတြက္ စစ္သည္အင္အား မရွိေတာ့သည့္ အေျခအေနသို႔ ဆိုက္ေရာက္လာပါသည္။ စစ္စည္း႐ုံးမႈသည္ ယူကရိန္းႏွင့္ ႐ုရွားႏွစ္ႏိုင္ငံစလုံးတြင္ အလြန္အကဲဆတ္ေသာ ျပႆနာျဖစ္လာပါသည္။ ယူကရိန္းသည္ တပ္သားသစ္မ်ားအား အတင္းအဓမၼ စုေဆာင္းေနေၾကာင္း ေတြ႕ျမင္ေနရပါသည္။ ယူကရိန္းအေနျဖင့္ လုံေလာက္ေသာ ေလ့က်င့္မႈ မရွိသည့္ တပ္သားသစ္မ်ားအား စစ္ေျမျပင္သို႔ ေစလႊတ္ထားေၾကာင္းလည္း ေလ့လာေတြ႕ရွိရသည္။ ဂါဇာတြင္ ျဖစ္ပြားေနသည့္ စစ္ပြဲအတြင္းတြင္လည္း အရပ္သား ၃၅၀၀၀ ေက်ာ္ ေသဆုံးခဲ့ပါသည္။ ထိုသို႔ေသာ အေသအေပ်ာက္ မ်ားျပားမႈသည္ႏိုင္ငံအတြက္ စိတ္ဓာတ္ေရးရာအရ ႀကီးမားေသာ ဖိအားျဖစ္ေစပါသည္။ စစ္ပြဲကာလ ၾကာရွည္လာသည္ႏွင့္အမွ် တပ္မေတာ္မ်ားအတြက္ တပ္သားသစ္ စုေဆာင္း ရရွိႏိုင္မႈမွာ ဆိုး႐ြားစြာ ရင္ဆိုင္ႀကဳံေတြ႕ရသည့္ ျပႆနာတစ္ရပ္ ျဖစ္လာပါမည္။ အရန္စစ္မႈထမ္းစနစ္ႏွင့္ ျပည္သူ႔စစ္မႈထမ္းစနစ္မ်ားအား ေခတ္ႏွင့္အညီ ျပန္လည္ဆန္းစစ္ ျပဳျပင္ေျပာင္းလဲသြားရန္လည္း လိုအပ္ပါသည္။ ကာလၾကာရွည္ေသာ စစ္ပြဲမ်ားအား ဆင္ႏႊဲႏိုင္ရန္အတြက္ ၿငိမ္းခ်မ္းစဥ္ကာလအတြင္း ႏိုင္ငံေတာ္က ျပင္ဆင္ထားရန္လည္း လိုအပ္ပါသည္။

စစ္မ်က္ႏွာအစုံတြင္ ျဖစ္ပြားသည့္ ေရာႁပြန္းစစ္ပြဲ (Multi-domain, Hybrid Wars)

ေခတ္သစ္စစ္ပြဲသည္ ေျမျပင္၊ ေဝဟင္၊ ေရျပင္၊ ဆိုင္ဘာ၊ အာကာသႏွင့္ သတင္းအခ်က္အလက္ေနရာ စသည့္ စစ္ေျမျပင္နယ္ပယ္မ်ားစြာတြင္ ေရာႁပြန္းစစ္ပြဲကို တစ္ၿပိဳင္နက္တည္း ဆင္ႏႊဲေနေသာေၾကာင့္ လြန္စြာ ရႈပ္ေထြးလာပါသည္။ စီးပြားေရးအား စစ္ပြဲအတြင္း လက္နက္သဖြယ္ အသုံးျပဳလာၾကပါသည္။ အထူးသျဖင့္ အင္အားႀကီးႏိုင္ငံမ်ားက စီးပြားေရး ပိတ္ဆို႔မႈအား လက္နက္သဖြယ္ ကိုင္စြဲအသုံးျပဳၾကပါသည္။ ကာလရွည္လ်ားေသာ စစ္ပြဲမ်ားေၾကာင့္ ျဖစ္ေပၚလာသည့္စီးပြားေရးဆိုင္ရာ အက်ိဳးဆက္မ်ားသည္ ႏိုင္ငံေတာ္အတြက္ ႀကီးမားေသာဝန္ထုပ္ဝန္ပိုးကို ျဖစ္ေစႏိုင္ပါသည္။ ႐ုရွားႏိုင္ငံအေပၚ စီးပြားေရးပိတ္ဆို႔ အေရးယူမႈမ်ားသည္ ကမာၻ႔ေရနံႏွင့္ ေကာက္ပဲသီးႏွံ ‌ေစ်းကြက္ကို ဆိုး႐ြားစြာ ထိခိုက္ေစခဲ့ပါသည္။ ထို႔ေၾကာင့္ မ်က္ေမွာက္ေခတ္တြင္ ေရာႁပြန္းစစ္ပြဲကို တိုက္ခိုက္ရာတြင္ မတူညီေသာ ခ်ဥ္းကပ္မႈမ်ား၊ စီမံခန႔္ခြဲမႈမ်ားႏွင့္ ကြၽမ္းက်င္မႈမ်ား လိုအပ္ပါသည္။

ေပၚထြန္းလာေသာ နည္းပညာအသစ္မ်ား (New Technologies)

လူမဲ့ေလယာဥ္မ်ား၊ ဆိုင္ဘာ၊ အာကာသ၊ ဉာဏ္ရည္တု နည္းပညာ (Artificial Intelligence)၊ Machine Learning၊ ကြမ္တန္ (Quantum) နည္းပညာမ်ား၊ အသံလြန္ (Hypersonic)၊ နည္းပညာမ်ား စသည္တို႔သည္ စစ္ပြဲ၏ ဝိေသသ လကၡဏာမ်ားကို ေျပာင္းလဲသြားေစပါသည္။ ႐ုရွား-ယူကရိန္းစစ္ပြဲတြင္ လူမဲ့ေလယာဥ္မ်ားကို ႏွစ္ဖက္စလုံးက က်ယ္က်ယ္ျပန႔္ျပန႔္ အသုံးျပဳေနၾကသည္။ လူမဲ့ေလယာဥ္မ်ားကို အခ်ိန္ႏွင့္တစ္ေျပးညီ တည္ေဆာက္၍ အသုံးခ်ႏိုင္မႈသည္ စစ္ပြဲ၏ အလွည့္အေျပာင္းကို ျဖစ္ေပၚေစေၾကာင္း သက္ေသျပခ်က္တစ္ခု ျဖစ္လာပါသည္။ မၾကာေသးမီကျဖစ္ပြားေသာ အီရန္-အစၥေရး စစ္ေရး ပဋိပကၡအတြင္း အီရန္သည္ ရာႏွင့္ခ်ီေသာ ဒ႐ုန္းမ်ားႏွင့္ ဒုံးက်ည္မ်ားကို အစၥေရးသို႔ ပစ္ခတ္ခဲ့ပါသည္။ တစ္ၿပိဳင္နက္တည္းမွာပင္ အစၥေရးတို႔သည္ ထိုဒ႐ုန္းမ်ားႏွင့္ ဒုံးက်ည္ အမ်ားစုကို ေဝဟင္တြင္ ပစ္ခ် ဖ်က္ဆီးႏိုင္ခဲ့သည္။ လူမဲ့ေလယာဥ္မ်ားသည္ Non-State Actor ျဖစ္သည့္ အၾကမ္းဖက္သမားႏွင့္ သူပုန္မ်ားအတြက္ ေ႐ြးခ်ယ္စရာ လက္နက္တစ္ခု ျဖစ္လာပါသည္။ ဟူသီသူပုန္မ်ားသည္ သေဘၤာမ်ားကို အႏၲရာယ္ျပဳရန္ႏွင့္ ေဆာ္ဒီအာေရးဗီးယား၏ ေရနံထုတ္လုပ္မႈကို အေႏွာက္အယွက္ေပးရန္ ထိုကဲ့သို႔ေသာ ထုတ္လုပ္မႈတန္ဖိုးနည္းပါးသည့္ လက္နက္ကိရိယာမ်ားကို အသုံးျပဳလ်က္ရွိသည္။ ျမန္မာႏွင့္ အိႏၵိယတို႔တြင္လည္း လူမဲ့ေလယာဥ္မ်ားျဖင့္ တိုက္ခိုက္ခံရသည့္ ျဖစ္စဥ္မ်ား ပိုမိုမ်ားျပားလာေၾကာင္း ေတြ႕ႏိုင္ပါသည္။ထို႔ေၾကာင့္ တန္ျပန္ ဒ႐ုန္း ေခ်မႈန္းေရးနည္းပညာမ်ား ဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ အေလးထား လုပ္ေဆာင္ၿပီး ၎တို႔ကို စစ္ေျမျပင္၌ လွ်င္ျမန္စြာ တပ္ျဖန႔္ အသုံးခ်ရန္ လိုအပ္ပါသည္။

ပုဂၢလိကက႑၏ ပါဝင္ပတ္သက္မႈ (Private Sector’s Involvement)

႐ုရွား-ယူကရိန္းစစ္ပြဲတြင္ ႏွစ္ဖက္လုံးက ပုဂၢလိကက႑ကို ေပၚေပၚထင္ထင္ အသုံးျပဳေနပါသည္။ ကမာၻလုံးဆိုင္ရာ နည္းပညာကုမၸဏီမ်ားသည္ ႏွစ္ဖက္လုံးႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈမ်ား ရွိေနပါသည္။ ထိုနည္းပညာကုမၸဏီမ်ားသည္ စစ္ပြဲဆင္ႏႊဲရန္အတြက္ ယူကရိန္းအား အေရးပါေသာ အေထာက္အပံ့မ်ား ေပးအပ္ေနပါသည္။ Elon Musk ၏ Starlink သည္ ယူကရိန္းသို႔ ဆက္သြယ္မႈဆိုင္ရာအေထာက္အပံ့ ေပးထားၿပီး ေနာက္ပိုင္းတြင္ ရပ္ဆိုင္းခဲ့ပါသည္။ Microsoft သည္လည္း ယူကရိန္းအား ဆိုက္ဘာလုံၿခဳံေရးႏွင့္ ကြန္ပ်ဴတာ ဆိုင္ရာ ပံ့ပိုးမႈေပးထားပါသည္။ထို႔ေၾကာင့္ စစ္ပြဲဆင္ႏႊဲေနရသည့္ ႏိုင္ငံမ်ားအတြက္ ပုဂၢလိကက႑၏ ပါဝင္လုပ္ေဆာင္မႈကို အားေပးသင့္ပါသည္။

သြက္ခ်ာပါဒ စြဲကပ္ေနသည့္ ကမာၻ႔ကုလသမဂၢ လုံၿခဳံေရးေကာင္စီ (Paralysis of UNSC)

ႏိုင္ငံတကာ အသိုက္အဝန္းသည္ စစ္ပြဲမ်ားကို ရပ္တန႔္ရန္အတြက္ လုပ္‌ေဆာင္ႏိုင္စြမ္း ကင္းမဲ့ေနပါသည္။ ပဋိပကၡမ်ားကို တားဆီးရန္လည္း ပ်က္ကြက္ၾကသည္။ ေျဖရွင္းႏိုင္စြမ္းလည္း မရွိေတာ့ေပ။ ကမာၻ႔ကုလသမဂၢ လုံၿခဳံေရးေကာင္စီ (UNSC) သည္လည္း သြက္ခ်ာပါဒ ေဝဒနာ စြဲကပ္ေနပါသည္။ ဂါဇာရွိ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အက်ပ္အတည္းကို မ်က္ႏွာလႊဲ ခဲပစ္ လုပ္ေနပါသည္။ ႐ုရွား-ယူကရိန္းစစ္ပြဲသည္ ႐ုရွားႏွင့္ ေနတိုးတို႔အၾကား ကိုယ္ပြားစစ္ပြဲ (Proxy War) ျဖစ္လာသည္။ ဤပဋိပကၡမ်ားအျခားေဒသမ်ားသို႔ ကူးစက္ျပန႔္ပြားသြားႏိုင္မႈ အႏၲရာယ္သည္လည္း အခ်ိန္ႏွင့္အမွ် ျမင့္တက္လ်က္ ရွိေနပါသည္။ ရွန္ဟိုင္းပူးေပါင္း ေဆာင္႐ြက္မႈအဖြဲ႕ (SCO) ကဲ့သို႔ ေဒသတြင္း အဖြဲ႕အစည္းအမ်ား၏ အခန္းက႑မွာ ေရွ႕တန္းသို႔ ပိုမို‌ေရာက္ရွိလာသင့္ပါသည္။

မေရရာေသာ န်ဴကလီးယား ပတ္ဝန္းက်င္ အေျခအေန (Uncertain Nuclear Environment)

ႏိုင္ငံတကာ လက္နက္ထိန္းခ်ဳပ္ေရးဆိုင္ရာ သေဘာတူညီခ်က္မ်ား လ်င္ျမန္စြာ ယိုယြင္း တိုက္စား ပ်က္စီးမႈ၏ ေနာက္ကြယ္တြင္ စစ္ပြဲမ်ား ဆင္ႏႊဲလ်က္ရွိေနၾကပါသည္။ ပဲ့ထိန္းဒုံးပ်ံ တိုက္ဖ်က္ေရး (Anti-Ballistic Missile Treaty – ABM) စာခ်ဳပ္၊ တာလတ္ န်ဴးကလီးယားတပ္ဖြဲ႕ (Intermediate-Range Nuclear Forces Treaty – INF) ဆိုင္ရာ စာခ်ဳပ္ႏွင့္ New START စာခ်ဳပ္မ်ားသည္ အလုပ္မျဖစ္ေတာ့ပါ။ ထို႔ျပင္ လက္နက္ဖ်က္သိမ္းေရးဆိုင္ရာ ညီလာခံကိုလည္း ပိတ္ပင္ထားပါသည္။ န်ဴကလီးယားလက္နက္ ျပန႔္ပြားမႈအႏၲရာယ္ႏွင့္ အာကာသအတြင္း လက္နက္ၿပိဳင္ဆိုင္မႈဆိုင္ရာ ျဖစ္စဥ္မ်ား အေျမာက္အျမား တိုးပြားမ်ားျပားလာေနပါသည္။ ႐ုရွား-ယူကရိန္း ပဋိပကၡအတြင္း ေခါင္းေဆာင္မ်ားသည္ စစ္ပြဲတြင္ န်ဴကလီးယားလက္နက္ အသုံးျပဳရန္ သေဘာထားရွိေၾကာင္း ၫႊန္ျပသည့္ ေၾကညာခ်က္မ်ားစြာ ထုတ္ျပန္ခဲ့ၾကသည္။ စစ္ေအးကာလအတြင္း ေကာင္းမြန္စြာ လုပ္ေဆာင္ႏိုင္ခဲ့သည့္ န်ဴကလီးယား အဟန႔္ (Nuclear Deterrence) စနစ္မွာ ယခုအခါ က်ိဳးပ်က္မည့္အေျခအေနသို႔ ေရာက္ရွိေနၿပီ ျဖစ္သည္။ စစ္ပြဲမ်ားတြင္ န်ဴကလီယားလက္နက္အသုံးျပဳလာႏိုင္မႈ အႏၲရာယ္သည္ ပိုမိုထင္ရွားလာပါသည္။

သင္ခန္းစာ ေဖာ္ထုတ္ခ်က္မ်ား

မိမိတို႔အေနျဖင့္ လက္ရွိျဖစ္ပြားေနေသာ စစ္ပြဲမ်ားမွ သင္ခန္းစာ ေဖာ္ထုတ္ကာ ေအာက္ေဖာ္ျပပါ ရႈေထာင့္မ်ားကို အေလးအနက္ထား ဆန္းစစ္ရန္ လိုအပ္ပါသည္။

(က) လက္ခံက်င့္သုံးေနသည့္ စစ္မႈေရးရာသေဘာတရားမ်ားအား ျပန္လည္ စိစစ္ ျပင္ဆင္ျခင္း (Revision of Military Doctrines)

မိမိတို႔ လက္ခံက်င့္သုံးေနသည့္ စစ္မႈေရးရာသေဘာတရားမ်ားသည္ မ်က္‌ေမွာက္ေခတ္ႏွင့္ ကိုက္ညီလုံေလာက္မႈ ရွိသည္လားဟူသည္မွာ ေမးခြန္းထုတ္စရာ ျဖစ္လာပါသည္။ စစ္ဖက္ဆိုင္ရာ မူဝါဒေရးဆြဲ ခ်မွတ္သူမ်ားအေနျဖင့္ လုံၿခဳံေရးဆိုင္ရာ စိန္ေခၚမႈမ်ားကို ရင္ဆိုင္ရာတြင္ လက္ရွိ က်ယ္ျပန႔္စြာ အသုံးျပဳေနသည့္ စစ္ဖက္ဆိုင္ရာ သေဘာတရားမ်ားႏွင့္ ၎တို႔၏ ထိေရာက္မႈကို ေသခ်ာစြာ စစ္ေဆးရန္ အေရးတႀကီး လိုအပ္ေနပါသည္။သမား႐ိုးက် လက္နက္စနစ္ ပလပ္ေဖာင္းမ်ား၏ အခန္းက႑ႏွင့္ ဆက္စပ္ဆီေလ်ာ္စြာ အသုံးခ်ႏိုင္မႈတို႔ကို နည္းပညာသစ္မ်ားျဖစ္သည့္ UAV မ်ား၊ အသံလြန္ဒုံးပ်ံမ်ား၊ ၿဂိဳလ္တုမ်ား၊
ဆိုင္ဘာလက္နက္မ်ားႏွင့္ ေလဆာစြမ္းအင္သုံးလက္နက္မ်ားစသည့္တို႔ျဖင့္ ႏႈိင္းယွဥ္ခ်ိန္ထိုးသုံးသပ္ရန္ လိုအပ္ပါသည္။ မိမိတို႔ကဲ့သို႔ ဖြံ႕ၿဖိဳးဆဲ ႏိုင္ငံမ်ားအေနျဖင့္လည္း လက္လွမ္းမီသည့္ နည္းပညာသစ္မ်ားအား ရွာေဖြေဖာ္ထုတ္ အသုံးျပဳကာ က်င့္သုံးေနသည့္ စစ္မႈေရးရာသေဘာတရားမ်ားအား ေခတ္ႏွင့္အညီျဖစ္ေစရန္ အဆင့္ျမႇင့္တင္သြားသင့္ပါသည္။

(ခ) ဘ႑ာေရးဆိုင္ရာ အရင္းအျမစ္ႏွင့္ လူစြမ္းအား အရင္းအျမစ္မ်ား ရရွိႏိုင္မႈ (The Availability of Financial and Manpower Resources)

ရင္ဆိုင္ေနရေသာ ၿခိမ္းေျခာက္မႈအသစ္မ်ားႏွင့္ နည္းပညာအသစ္မ်ားအေပၚ မူတည္လ်က္ ကာကြယ္ေရးအသုံးစရိတ္အား မည္ကဲ့သို႔ အေကာင္းဆုံး အသုံးျပဳႏိုင္မည္နည္း၊ ထိုအရင္း အျမစ္မ်ားကို မည္ကဲ့သို႔ ခြဲေဝေနရာခ်ထားသင့္သနည္းဟူေသာအခ်က္မ်ားမွာ အျမန္ဆုံး ျပန္လည္ ဆန္းစစ္ရန္ လိုအပ္သည့္ အခ်က္မ်ားပင္ျဖစ္ပါသည္။ စစ္ဖက္နည္းပညာမ်ား တိုးတက္ လာသည္ႏွင့္အမွ် ထိုနည္းပညာမ်ားကို ကြၽမ္းက်င္ပိုင္ႏိုင္စြာ ကိုယ္တြယ္အသုံးျပဳ တိုက္ခိုက္ ႏိုင္မည့္ တပ္မေတာ္သားမ်ား ေမြးထုတ္ႏိုင္ေရးသည္ စိန္ေခၚမႈ တစ္ရပ္ ျဖစ္လာပါသည္။ ထို႔ေၾကာင့္ လူ႔စြမ္းအားအရင္းအျမစ္မ်ား ႀကိဳတင္ေမြးထုတ္ျပင္ဆင္ထားျခင္းသည္ မ်က္ေမွာက္ေခတ္ စစ္ပြဲမ်ားတြင္ အ‌ေရးပါေသာ ေသာ့ခ်က္တစ္ခု ျဖစ္လာပါသည္။

(ဂ) တပ္သားသစ္ စုေဆာင္းေရး၊ ပညာေရး၊ ကြၽမ္းက်င္မႈႏွင့္ ေလ့က်င့္ေရး (Recruitment, Education, Skills and Training)

အေရးႀကီးသည့္ ေမးခြန္းတစ္ခုမွာ မ်က္ေမွာက္ေခတ္စစ္ပြဲအတြက္ အင္အား မည္မွ်ႏွင့္ မည္သို႔ေသာလူမ်ား လိုအပ္မည္နည္းဟူေသာအခ်က္ ျဖစ္ပါသည္။ တပ္မေတာ္မ်ားအေနျဖင့္ စစ္ပြဲ၏ သေဘာသဘာ၀ ေျပာင္းလဲလာမႈေၾကာင့္ တပ္သားသစ္စုေဆာင္းေရး၊ ပညာေရး၊ ကြၽမ္းက်င္မႈႏွင့္ ေလ့က်င့္ေရးကဲ့သို႔ေသာ လူ႔စြမ္းအားအရင္းအျမစ္ဆိုင္ရာ ကိစၥရပ္မ်ားအေပၚ ျပတ္ျပတ္သားသား အာ႐ုံစိုက္လုပ္ကိုင္ႏိုင္ရန္ လိုအပ္ပါသည္။ ေခတ္မီတပ္မေတာ္တစ္ရပ္ တည္ေဆာက္ရန္အတြက္ လုံေလာက္ေသာ လူအင္အားရွိရန္ လိုအပ္ပါသည္။ ဥပမာအားျဖင့္ ေတာင္ကိုရီးယားတပ္မေတာ္၏ တပ္မမ်ားအား ဖြဲ႕စည္းပုံ၏ ၉၀ ရာခိုင္ႏႈန္းအထိ လူအင္အား ျဖည့္တင္းထားပါသည္။ ယေန႔ေခတ္တြင္ ကေလးေမြးဖြားႏႈန္း က်ဆင္းလာသည့္အတြက္ တပ္မေတာ္အတြက္ တပ္သားသစ္ အင္အားစုေဆာင္းမႈ က်ဆင္းလာရာ တပ္မအခ်ိဳ႕အား ဖ်က္သိမ္းကာ ဖြဲ႕စည့္ပုံျပည့္မွီရန္ လိုအပ္ေနသည့္ အျခားတပ္မမ်ားထံသို႔ ေပါင္းထည့္ေပးျခင္းျဖင့္ ဖြဲ႕စည္းပုံအား ထိန္းထားႏိုင္ေၾကာင္း ေလ့လာေတြ႕ရွိရပါသည္။ ဖြဲ႕စည္းပုံအရ လက္ခံႏိုင္သည့္ ရာခိုင္ႏႈန္းေအာက္ ေလ်ာ့နည္းသြားမည္ဆိုပါက တပ္ဆင္ထားသည့္ လက္နက္ကိရိယာႏွင့္ ယာဥ္ယႏၲရားမ်ားအား အင္အားျပည့္ ကိုင္တြယ္အသုံးျပဳႏိုင္ေတာ့မည္ မဟုတ္သည့္အတြက္ တပ္မ၏ တိုက္စြမ္းရည္က်ဆင္းသြားႏိုင္ပါသည္။

(ဃ) နည္းပညာမ်ား (Technologies)

ဖြံ႕ၿဖိဳးၿပီးႏိုင္ငံမ်ားအတြက္ နည္းပညာအသစ္မ်ားျဖစ္သည့္ UAV၊ ဆိုင္ဘာ၊ အာကာသ၊ ကြမ္တမ္၊ ဉာဏ္ရည္တု၊Machine Learning စသည္တို႔တြင္ ကိုယ့္အားကိုယ္ကိုးကာ ကိုယ္တိုင္ ထုတ္လုပ္အသုံးျပဳႏိုင္သည့္ အေျခအေနသို႔ ေရာက္ရွိလာေစရန္ မည္ကဲ့သို႔ ႀကိဳးပမ္း လုပ္ေဆာင္ၾကမည္နည္း ဆိုသည္မွာလည္း အေရးႀကီးသည့္ ေမးခြန္းတစ္ခုျဖစ္ပါသည္။ မိမိတို႔ကဲ့သို႔ ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ားသည္လည္း နည္းပညာသစ္မ်ား လႊဲေျပာင္းရယူရန္ မိတ္ေဆြ ႏိုင္ငံမ်ားအပါအဝင္ ႏိုင္ငံတကာႏွင့္ မည္ကဲ့သို႔ ပူးေပါင္းလုပ္ေဆာင္ရန္ကို မူဝါဒမ်ား ေသခ်ာစြာ ခ်မွတ္ရန္ လိုအပ္ပါသည္။ လက္နက္ပစၥည္းမ်ားကို ဝယ္ယူ႐ုံမွ်မက ဆက္စပ္သည့္ နည္းပညာမ်ား ကိုပါ လႊဲေျပာင္းရယူၿပီး မိမိတို႔ ႏိုင္ငံအတြင္း ကိုယ္ပိုင္ထုတ္လုပ္ႏိုင္စြမ္းရွိေစရန္ လုပ္ေဆာင္မႈ သည္လည္း မ်က္ေမွာက္ေခတ္တြင္ အေရးႀကီးသည့္ လုပ္ငန္းစဥ္တစ္ရပ္ ျဖစ္လာပါသည္။ ထို႔အျပင္ လႊဲေျပာင္းရယူထားသည့္ နည္းပညာသစ္မ်ားကို တပ္မေတာ္အတြင္း လွ်င္ျမန္စြာ ရင္းႏွီးကြၽမ္းဝင္မႈ ရွိေစရန္အတြက္ လုပ္ေဆာင္ရန္လည္း လိုအပ္ပါသည္။

(င) ေထာက္ပံ့ပို႔ေဆာင္ေရးႏွင့္ အေျခခံအေဆာက္အဦ (Logistics and Infrastructure)

ေခတ္ၿပိဳင္စစ္ပြဲမ်ားတြင္ ႐ုပ္ပိုင္းဆိုင္ရာႏွင့္ ဒစ္ဂ်စ္တယ္အေျခခံအေဆာက္အဦမ်ား၏ အခန္းက႑ကား အဘယ္နည္း။ ႐ုရွား-ယူကရိန္းစစ္ပြဲတြင္ အေျခခံအေဆာက္အဉီမ်ားကို ႏွစ္ဖက္စလုံးက သတိလက္လြတ္ တိုက္ခိုက္ခဲ့ၾကသည္။ ေျပာင္းလဲလာေသာ စစ္ဖက္ဆိုင္ရာ သေဘာတရားမ်ားႏွင့္အညီ နယ္စပ္ေဒသမ်ားအပါအဝင္ ႏိုင္ငံတစ္ဝန္းတြင္ ေထာက္ပံ့ပို႔ေဆာင္ ေရးႏွင့္ အေျခခံအေဆာက္အဦီမ်ား တိုးတက္ေကာင္းမြန္လာေစရန္ လုပ္ေဆာင္သြား လိုအပ္ပါသည္။ သမား႐ိုးက် စစ္ပြဲ တစ္ခုအတြက္ ေထာက္ပံ့ပို႔ေဆာင္ေရးႏွင့္ အေျခခံအေဆာက္ အဦမ်ား ျပင္ဆင္ေဆာင္႐ြက္ထားေသာ တပ္မေတာ္တစ္ရပ္သည္ ေျပာင္းလဲသြားသည့္ နည္းပညာစစ္ပြဲအား ရင္ဆိုင္ႀကဳံေတြ႕ရခ်ိန္တြင္ စိတ္ဓာတ္ပိုင္းဆိုင္ရာအပါအဝင္ ဖိအားမ်ားစြာကို အဖက္ဖက္က ရင္ဆိုင္ရတတ္ပါသည္။ ထို႔ေၾကာင့္ ေျပာင္းလဲလာေသာ စစ္ပြဲအေျခအေနမ်ားႏွင့္ အညီ တပ္မေတာ္အတြက္ အေျခခံအေဆာက္အဦမ်ား တည္ေဆာက္ရန္ ကာလလတ္မွ ေရရွည္ စီမံကိန္းမ်ားအထိ ေရးဆြဲအေကာင္အထည္ေဖာ္ရန္ လိုအပ္ပါသည္။ မိမိတို႔ႏိုင္ငံႏွင့္ ေရေျမေတာေတာင္ အေျခအေနကြာျခားမႈ နည္းပါးသည့္ အိမ္နီးခ်င္းႏိုင္ငံမ်ား၏

ေထာက္ပံ့ပို႔ေဆာင္ေရးႏွင့္ အေျခခံအေဆာက္အဦမ်ား အေကာင္အထည္ေဖာ္ လုပ္ေဆာင္ထားမႈ မ်ားအားလည္း စူးစမ္းေလ့လာရန္ လိုအပ္ပါသည္။

(စ) ခဲယမ္းမီးေက်ာက္မ်ား ထုတ္လုပ္ျခင္းႏွင့္ အသုံးျပဳႏိုင္မႈ (The Production and Availability Of Ammunition)

ကာလရွည္လ်ားေသာစစ္ပြဲအတြင္း ခဲယမ္းမီးေက်ာက္မ်ား လုံေလာက္စြာ စုပုံ ျပင္ဆင္ ထားရန္ အေရးႀကီးပါသည္။ မ်က္ေမွာက္ေခတ္ နည္းပညာသစ္မ်ားျဖင့္ ထုတ္လုပ္ထားသည့္ ခဲယမ္းမီးေက်ာက္မ်ားသည္ တန္ဖိုးႀကီးမားကာ အလြယ္တကူ ဝယ္ယူရရွိရန္လည္း ခက္ခဲပါသည္။ ျဖစ္ပြားေနေသာစစ္ပြဲအတြင္း ခဲယမ္းမီးေက်ာက္ျပတ္လပ္မႈမွာ အထူးသျဖင့္ ယူကရိန္းတို႔အတြက္ အဓိကအတားအဆီးတစ္ခု ျဖစ္လာသည္။ ေနတိုးႏိုင္ငံမ်ားသည္ ယူကရိန္းသို႔ လက္နက္ ခဲယမ္းမ်ား ေထာက္ပံ့ေပးေနေသာ္လည္း ၎တို႔ကိုယ္၌ပင္ ျပတ္ေတာက္မႈမ်ားႏွင့္ ႀကဳံေတြ႕ေနရပါသည္။ ဤအခ်က္သည္ စစ္ပြဲတစ္ရပ္အား ကာလရွည္ၾကာစြာ ဆင္ႏႊဲ တိုက္ပြဲဝင္ေနရသည့္ တပ္မေတာ္တစ္ရပ္အတြက္ အေရးတႀကီး ဆန္းစစ္ျပင္ဆင္ထားရမည့္ အခ်က္ျဖစ္ပါသည္။ ကိုယ္တိုင္ထုတ္လုပ္ျခင္း၊ ကုန္ၾကမ္းမ်ား စုေဆာင္ျခင္း၊ မဟာမိတ္ႏိုင္ငံမ်ားႏွင့္ နည္းပညာႏွင့္ လက္နက္ပစၥည္း ကိရိယာမ်ား လဲလွယ္ ရယူျခင္းတို႔သည္ ထည့္သြင္း စဥ္းစားရမည့္ အခ်က္မ်ား ျဖစ္ပါသည္။

(ဆ) ေလေၾကာင္းရန္ ကာကြယ္ေရး (Air Defence)

ဒုံးပ်ံမ်ားႏွင့္ ဒ႐ုန္မ်ားျဖင့္ အစုအၿပဳံလိုက္ တိုက္ခိုက္ခံရျခင္းအတြက္ ေဝဟင္အား မည္သို႔ ကာကြယ္မည္နည္း။ ဒုံးပ်ံမ်ား၊ ဒုံးက်ည္မ်ားႏွင့္ လူမဲ့ေလယာဥ္မ်ားကို တြင္က်ယ္စြာ အသုံးျပဳလာမႈတို႔ေၾကာင့္ ေလေၾကာင္းကာကြယ္‌ေရးတပ္ဖြဲ႕၏ အေရးပါမႈမွာ ေရွ႕တန္းသို႔ ေရာက္ရွိလာပါသည္။ Active Defence ႏွင့္ Passive Defence ႏွစ္မ်ိဳးလုံးအား အခ်ိဳးညီ မွ်တစြာ သုံးစြဲသြားရန္ လိုအပ္ပါသည္။ ေလေၾကာင္းရန္ကာကြယ္ေရးစနစ္အား ထိေရာက္စြာ အသုံးျပဳႏိုင္ရန္အတြက္ ေျမျပင္တြင္ ျဖစ္ေပၚေနေသာ လက္ေတြ႕အေျခအေနမ်ားႏွင့္ ေပါင္းစပ္ရန္လည္း လိုအပ္ပါသည္။

(ဇ) ကာကြယ္ေရးပစၥည္း ထုတ္လုပ္မႈလုပ္ငန္း (Defence Industrial Complex)

မိမိတို႔ႏိုင္ငံတြင္ ကာကြယ္ေရးပစၥည္း ထုတ္လုပ္မႈ လုံေလာက္ျပည့္မွီမႈ ရွိပါသလား။ ကမာၻေပၚတြင္ ကိုဗစ္-၁၉ ကပ္ေရာဂါေၾကာင့္ စီးပြားေရးအရ ဆုတ္ယုတ္ က်ဆင္းမႈမ်ား ရွိေနေသာ္လည္း တိုးတက္ေနသည့္က႑မွာ ကာကြယ္ေရးပစၥည္းထုတ္လုပ္မႈက႑ပင္ ျဖစ္ပါသည္။ ႏိုင္ငံမ်ားအေနျဖင့္ စစ္အသုံးစရိတ္အားလည္း တိုးတက္သုံးစြဲေနေၾကာင္း ေတြ႕ရသည္။ ၎သည္ အသိဉာဏ္ျပည့္ဝေသာ လူသားအရင္းအျမစ္မ်ားႏွင့္ အဆင့္ျမင့္ နည္းပညာမ်ားအား စိုက္ထုတ္သုံးစြဲရေသာ က႑ျဖစ္ပါသည္။ ကာကြယ္ေရးပစၥည္း ထုတ္လုပ္ေရး လုပ္ငန္းသည္ ကမာၻေပၚတြင္ အက်ိဳးအျမတ္အမ်ားဆုံး Industry တစ္ခုလည္း ျဖစ္ပါသည္။

စေတာ့ဟုမ္း ႏိုင္ငံတကာ ၿငိမ္းခ်မ္းေရး သုေတသန အင္စတီက်ဴ (SIPRI) က ၂၀၂၃ခုႏွစ္ ဧၿပီလ ၂၄ ရက္ေန႔တြင္ ထုတ္ျပန္ေသာ စာတမ္းအရ ၂၀၂၂ ခုႏွစ္ ကမာၻလုံးဆိုင္ရာ စစ္အသုံးစရိတ္မွာ ၂၀၂၁ ခုႏွစ္ထက္ ၃ ဒႆမ ၇ ရာခိုင္ႏႈန္း တိုးတက္လာၿပီး အေမရိကန္ေဒၚလာ ၂၂၄၀ ဘီလီယံအထိ ေရာက္ရွိသြားေၾကာင္း ေတြ႕ရပါသည္။ တစ္ကမာၻလုံး၏ စစ္အသုံးစရိတ္သည္ ၂၀၁၃ ခုႏွစ္မွ ၂၀၂၂ ခုႏွစ္ ဆယ္စုႏွစ္အတြင္း ၁၉ ရာခိုင္ႏႈန္းအထိ တိုးတက္လာပါသည္။ ၂၀၁၅ ခုႏွစ္မွ စတင္ကာ ႏွစ္စဥ္ ျမင့္တက္သုံးစြဲေနျခင္းလည္း ျဖစ္ပါသည္။ ကမာၻေပၚတြင္ ကာကြယ္ေရးပစၥည္း ထုတ္လုပ္ေရးက႑သည္ ၂၀၂၇ အေရာက္တြင္ ၅ ဒႆမ ၆ ရာခိုင္ႏႈန္းအထိ ဆက္လက္တိုးတက္ေနမည္ျဖစ္သည္။ ေစ်းကြက္အ႐ြယ္အစားအားျဖင့္ အေမရိကန္ ေဒၚလာ ၇၁၈ ဒႆမ ၁၂ ဘီလီယံျဖစ္သည္။ ေဈးကြက္၏ အဓိကေမာင္းႏွင္အားမွာ လူမဲ့ေလယာဥ္ ထုတ္လုပ္ ေရာင္းခ်မႈ ျဖစ္သည္။ အင္ဒို – ပစိဖိတ္ေဒသသည္ အႀကီးမားဆုံး ေစ်းကြက္တစ္ခုလည္း ျဖစ္ပါသည္။

ကာကြယ္ေရးပစၥည္းထုတ္လုပ္ေရးက႑တြင္ ကိုယ္တိုင္အလုံးစုံ ထုတ္လုပ္ေရာင္းခ်၍ ျဖစ္ေစ၊ Supply Chain တြင္ ကိုယ္တိုင္ပါဝင္ၿပီး တစ္စိတ္တစ္ပိုင္း ထုတ္လုပ္ျခင္းျဖင့္ျဖစ္ေစ ပါဝင္လုပ္ေဆာင္သင့္ပါသည္။ ျပည္တြင္း ကာကြယ္ေရးပစၥည္း ထုတ္လုပ္မႈ တိုးျမႇင့္ျခင္းျဖင့္ ျပည္ပမွ တင္သြင္းမႈအား အတိုင္းအတာတစ္ခုအထိ ေလွ်ာ့ခ်ႏိုင္ပါမည္။ ဤနည္းျဖင့္ ကာကြယ္ေရး ပစၥည္း ထုတ္လုပ္မႈတြင္ ျပည္ပႏိုင္ငံမ်ားအား မွီခိုအားထားေနရမႈအား ေလွ်ာ့ခ်ႏိုင္မည္ျဖစ္ပါသည္။ တပ္မေတာ္အေနျဖင့္ ေရရွည္စစ္ပြဲမ်ားကိုဆင္ႏႊဲႏိုင္ရန္အတြက္ ျပည္တြင္း ကာကြယ္ေရး ပစၥည္းထုတ္လုပ္မႈသည္ မရွိမျဖစ္လိုအပ္ပါသည္။ သို႔ေသာ္ ေျဖရွင္းရန္ လိုအပ္သည့္ ျပႆနာ မ်ားစြာ ရွိပါေသးသည္။ ၎တို႔မွာ တပ္မေတာ္အတြက္ အရည္အေသြးျမင့္ ကာကြယ္ေရး ပစၥည္းမ်ား ထုတ္လုပ္ရန္ ပုဂၢလိကက႑ကို အားေပးျခင္း၊ ျပည္တြင္း ကာကြယ္ေရးပစၥည္း ထုတ္လုပ္မႈလုပ္ငန္း၏ အရည္အေသြး၊ လက္နက္ စမ္းသပ္မႈမ်ား၊ သုေတသနႏွင့္ ဖြံ႕ၿဖိဳးမႈ လုပ္ငန္းစဥ္မ်ား၊ အသစ္တည္ေထာင္ထားသည့္ လုပ္ငန္းငယ္မ်ားအတြက္ ေရရွည္ ပံ့ပိုးကူညီမႈ စသည္တို႔ျဖစ္သည္။ အသုံးျပဳေနေသာ တပ္မေတာ္သားမ်ားထံမွ သိရွိရသည့္ အားနည္းခ်က္ မ်ားအားလည္း ထည့္သြင္းစဥ္းစား ျပင္ဆင္ေပးသြားသင့္ပါသည္။ ထိုကဲ့သို႔ လက္ေတြ႕က်သည့္ ျပႆနာမ်ားအား အျမန္ေျဖရွင္းႏိုင္ရန္ လိုအပ္ပါသည္။

၎အျပင္ ကာကြယ္ေရးပစၥည္း ထုတ္လုပ္ေရး သုေတသနဌာနမ်ားအေနျဖင့္ စစ္ဘက္ႏွင့္ အရပ္ဘက္ ႏွစ္မ်ိဳး အသုံးျပဳႏိုင္သည့္ Dual – use technology နည္းပညာထုတ္ကုန္မ်ားကိုလည္း ထုတ္လုပ္ႏိုင္ရန္ ႀကိဳးပမ္းလုပ္‌ေဆာင္သင့္ပါသည္။ ဥပမာအားျဖင့္ Remote Sensing ဆိုင္ရာနည္းပညာမ်ား ျဖစ္ပါသည္။

ဆြီဒင္အေျခစိုက္ စေတာ့ဟုမ္း ႏိုင္ငံတကာ ၿငိမ္းခ်မ္းေရး သုေတသန အင္စတီက်ဴ (SIPRI) က ၂၀၂၂ ခုႏွစ္အတြက္ ထိပ္တန္း လက္နက္ကုမၸဏီ ၁၀၀ (The SIPRI Top 100 arms-producing and military services companies in the world, 2022) အား ထုတ္ျပန္ခဲ့ရာ အာရွတိုက္မွ ၂၂ ခုပါဝင္ပါသည္။ ထို႔အနက္ တ႐ုတ္က ၈ ခုျဖင့္ အမ်ားဆုံးျဖစ္ပါသည္။ အေရွ႕ေတာင္အာရွမွ စင္ကာပူ၏ ST Engineering ကုမၸဏီတစ္ခုသာ ပါဝင္ေၾကာင္း ေတြ႕ရသည္။

မိမိတို႔ႏိုင္ငံသည္လည္း ျပည္တြင္းပဋိပကၡမ်ားႏွင့္ ျပည္ပမွ ပိတ္ဆို႔မႈမ်ားေၾကာင့္ လက္နက္ႏွင့္ ခဲယမ္းမီးေက်ာက္မ်ားအား ျပည္တြင္းတြင္ ဖူလုံစြာ ထုတ္လုပ္ႏိုင္သည့္ အေတြ႕အႀကဳံမ်ား ရွိၿပီးျဖစ္ပါသည္။ အထူးသျဖင့္ လက္နက္ငယ္ႏွင့္ စစ္ေရယာဥ္မ်ား ထုတ္လုပ္ျခင္းက႑မ်ား ျဖစ္သည္။ ၂၀၁၉ ခုႏွစ္က Defence and Security Expo 2019 (Thailand) တြင္ ပါဝင္ျပသသည္ကိုလည္း ေတြ႕ႏိုင္ပါသည္။ ထိုျပပြဲတြင္ ျမန္မာထုတ္ လက္နက္ပစၥည္းမ်ားအား စိတ္ဝင္စာမႈ မ်ားျပားေၾကာင္းလည္း သိရွိရပါသည္။ သုေတသနႏွင့္ ဖြံ႕ၿဖိဳးမႈ လုပ္ငန္းစဥ္ (Research and Development) အား စနစ္တက် ျပဳလုပ္ၿပီး တစ္ဆင့္ခ်င္း အဆင့္ျမႇင့္တင္ကာ ျပည္ပသို႔ တင္ပို႔ေရာင္းခ်သြားသင့္ပါသည္။ အေမရိကန္တြင္ (Defense Advanced Research Projects Agency – DAPRA) ႏွင့္ အိႏၵိယတြင္ (Defence Research & Development Organisation – DRDO) တို႔ရွိသကဲ့သို႔ ျမန္မာတြင္လည္း ထိုကဲ့သို႔ သုေတသနဌာနမ်ား ရွိၿပီးျဖစ္ပါသည္။ အပိုပစၥည္း ထုတ္လုပ္မႈမ်ားအတြက္ ပုဂၢလိက MSME လုပ္ငန္းမ်ားႏွင့္ ခ်ိတ္ဆက္ထားသင့္ပါသည္။ ၎တို႔သည္ ၿငိမ္းခ်မ္းခ်ိန္တြင္ သာမန္ထုတ္ကုန္မ်ား ထုတ္လုပ္ႏိုင္ကာ စစ္မက္ျဖစ္ပြားခ်ိန္တြင္ တပ္မေတာ္အတြက္ အပိုပစၥည္းမ်ား ထုတ္လုပ္ေပး ႏိုင္မည္ျဖစ္ပါသည္။

(ဈ) ႏိုင္ငံတဝွမ္းလုံးပါဝင္သည့္ ခ်ဥ္းကပ္မႈပုံစံ (All of the Nation Approach)

ႏိုင္ငံႏွင့္ လူ႔အဖြဲ႕အစည္းတို႔အေနျဖင့္ ကမာၻ႔ႀကီး၏ မေသခ်ာမေရရာေသာ ပတ္ဝန္းက်င္ အေျခအေနကို ေကာင္းစြာ သိျမင္နားလည္သေဘာေပါက္ထားရန္ လိုအပ္ပါသည္။ ထို႔ေၾကာင့္ ၿငိမ္းခ်မ္းေရးကာလ (Peace Time) တြင္ စစ္ေရးျပင္ဆင္မႈမ်ားအား ျပဳလုပ္ထားရပါမည္။ မတည္ၿငိမ္ေသာ ႏိုင္ငံတကာ ပတ္ဝန္းက်င္အေျခအေနႏွင့္ ၎၏ ႐ိုက္ခတ္လာႏိုင္မႈမ်ားအား ေကာင္းစြာ နားလည္ၿပီး ျပင္ဆင္ထားရပါမည္။ ျဖစ္ပြားေနေသာ စစ္ပြဲမ်ားႏွင့္ ပဋိပကၡမ်ားသည္ အျခားနယ္ေျမေဒသမ်ားသို႔ ဆက္လက္ပ်ံ႕ႏွံ႔သြားပါက ႏိုင္ငံတစ္ႏိုင္ငံတည္း အထီးက်န္ ရပ္တည္ ရင္ဆိုင္ရန္ ျဖစ္ႏိုင္မည္ မဟုတ္ေခ်။ လက္ရွိက်င့္သုံးေနသည့္ ျပည္သူ႔စစ္မႈထမ္းစနစ္အား ပိုမို ပီျပင္စြာ အေကာင္အထည္ေဖာ္ လုပ္ေဆာင္သြားရပါမည္။

(ည) စစ္မႈေရးရာ သံခင္းတမန္ခင္း (Military Diplomacy)

မိမိတို႔ႏိုင္ငံတည္ရွိရာ အင္ဒို-ပစိဖိတ္ေဒသႀကီးသည္ တည္ၿငိမ္မႈ ေလ်ာ့နည္းလာပါသည္။ ျပည္တြင္း စိန္ေခၚမႈမ်ားစြာ ရွိေနသကဲ့သို႔ အိမ္နီးခ်င္းႏိုင္ငံမ်ား၏ ႏိုင္ငံေရး၊ စီးပြားေရးႏွင့္ စစ္ေရးဆိုင္ရာ အေျပာင္းအလဲမ်ားကလည္း မိမိတို႔ႏိုင္ငံအေပၚ ႐ိုက္ခတ္လ်က္ ရွိပါသည္။ အာဆီယံသည္ ေနတိုးအဖြဲ႕ကဲ့သို႔ စစ္စာခ်ဳပ္အဖြဲ႕အစည္း မဟုတ္ေသာ္လည္း အာဆီယံ ကာကြယ္ေရးဝန္ႀကီးမ်ား အစည္းအေဝး၊ အာဆီယံ ၾကည္းတပ္ ဦးစီးခ်ဳပ္မ်ား အစည္းအေဝး၊ အာဆီယံ ေရတပ္ဦးစီးခ်ဳပ္မ်ား အစည္းအ‌ေဝးႏွင့္ အာဆီယံ ေလတပ္ဦးစီးခ်ဳပ္မ်ား ကြန္ဖရန႔္စသည္တို႔အပါအဝင္ အျခား ကာကြယ္ေရးႏွင့္ လုံၿခဳံေရးဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္မႈ ယႏၲရားမ်ား ရွိေနပါသည္။ ထိုကဲ့သို႔ အစည္းအေဝးမ်ားႏွင့္ ASEAN Armies Rifle Meet ကဲ့သို႔ေသာ ၿပိဳင္ပြဲမ်ားတြင္ ဆက္လက္ပါဝင္ေနရန္ လိုအပ္ပါသည္။ ႏိုင္ငံေရး၊ စီးပြားေရး၊ ႏိုင္ငံတကာ လုံၿခဳံေရးႏွင့္ ကာကြယ္ေရးဆိုင္ရာ အဖြဲ႕အစည္းႀကီးတစ္ခုျဖစ္သည့္ ရွန္ဟိုင္းပူးေပါင္း ေဆာင္႐ြက္မႈအဖြဲ႕ (Shanghai Cooperation Organization) အဖြဲ႕ႀကီးတြင္ တက္ႂကြစြာ ပါဝင္ေဆာင္႐ြက္သြားသင့္ပါသည္။ ထို႔အျပင္ ႐ုရွားႏိုင္ငံတြင္ ျပဳလုပ္က်င္းပသည့္ International Army Games ႏွင့္ CISM World Cadet Games မ်ားတြင္ ပါဝင္ယွဥ္ၿပိဳင္ျခင္း၊ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရး ပူးတြဲေလ့က်င့္ခန္းမ်ားတြင္ ပါဝင္ေလ့က်င့္ျခင္းမ်ားသည္လည္း စစ္မႈေရးရာ သံခင္းတမန္ခင္းမ်ားပင္ ျဖစ္ပါသည္။ ေရေၾကာင္း လုံၿခဳံေရးဆိုင္ရာ ပူေပါင္း‌ေဆာင္႐ြက္ခ်က္မ်ား အေနျဖင့္ အိႏၵိယႏွင့္ ႏွစ္ႏိုင္ငံ ေရေၾကာင္းပူးတြဲကင္းလွည့္ျခင္းမ်ား၊ တိုင္းတာေရးလုပ္ငန္းမ်ားႏွင့္ MILAN ကဲ့သို႔ေသာ ႏိုင္ငံစုံ ေရေၾကာင္း ပူးတြဲေလ့က်င့္ခန္းမ်ားတြင္ ပါဝင္လုပ္ေဆာင္ေနေၾကာင္း ေလ့လာ ေတြ႕ရွိရပါသည္။ စစ္ဖက္ဆိုင္ရာ သံခင္းတမန္ခင္းတြင္ ဦးတည္ရာႏွင့္ ရႈ‌ေထာင့္စုံတို႔ ပါဝင္ေနရာ ဂ႐ုျပဳ က်င့္သုံးသြားရန္လည္း လိုအပ္ပါသည္။ စစ္ဖက္ဆိုင္ရာ သံခင္းတမန္ခင္းသည္ အဟန႔္တစ္ခုပင္ျဖစ္ရာ လက္ရွိက်င့္သုံးေနမႈသည္ အမွန္တကယ္ထိေရာက္မႈ ရွိ၊ မရွိ ကိုလည္း ခြဲျခမ္းစိတ္ျဖာ သုံးသပ္သြားရန္ အေရးႀကီးပါသည္။

(ဋ) န်ဴကလီးယားေရးရာ သေဘာတရား (Nuclear Doctrine)

ကမာၻေပၚတြင္ န်ဴကလီးယားလက္နက္ထိန္းခ်ဳပ္ေရးစနစ္ ေလ်ာ့ရဲလာမႈကို ဂ႐ုတစိုက္ ေစာင့္ၾကည့္ရန္ လိုအပ္ပါသည္။ န်ဴကလီးယားလက္နက္ပိုင္ဆိုင္သည့္ႏိုင္ငံမ်ားသည္ ၎တို႔၏ န်ဴကလီးယားႏွင့္ ဒုံးက်ည္လက္နက္မ်ားကို ေခတ္မီေစရန္ လ်င္ျမန္စြာ လုပ္ေဆာင္ေနၾကသည္။ ဤကဲ့သို႔ ျဖစ္ေပၚ တိုးတက္မႈမ်ားႏွင့္ပတ္သက္၍ န်ဴကလီးယားလက္နက္ပိုင္ ႏိုင္ငံမ်ားအေနျဖင့္ ၎တို႔၏ န်ဴကလီးယားေရးရာ သေဘာတရားကို အစဥ္မျပတ္သုံးသပ္ဆန္းစစ္ေနရန္ လိုအပ္ပါသည္။

နိဂုံး

ကာကြယ္ေရးဆိုင္ရာ မူဝါဒႏွင့္ မဟာဗ်ဴဟာေရးဆြဲသူမ်ားသည္ မ်က္ေမွာက္ေခတ္တြင္ ေျပာင္းလဲတိုးတက္လာသည့္ စစ္မႈေရးရာသေဘာတရားမ်ားအား ႏွံ႔စပ္ကြၽမ္းက်င္မႈရွိသည့္ အရည္အခ်င္း ျပည့္ဝသူမ်ား ျဖစ္ရပါမည္။ ႐ုရွား-ယူကရိန္းႏွင့္ ဂါဇာစစ္ပြဲတို႔မွ ေဖာ္ထုတ္ရရွိေသာ သင္ခန္းစာမ်ားသည္ မိမိတို႔ရင္ဆိုင္ႀကဳံေတြ႕ေနရသည့္ စိန္ေခၚမႈမ်ားနည္းတူ အေရးႀကီးပါသည္။ ဥပမာအားျဖင့္ တပ္မေတာ္၏ ဖြဲ႕စည္းပုံအား စစ္နယ္ဝန္းကြပ္ကဲမႈဌာနခ်ဳပ္မ်ား အသြင္ ေျပာင္းလဲပစ္မည္ဆိုပါက ေျပာင္းလဲသြားမည့္ စစ္ဆင္ပုံနည္းလမ္းမ်ားအား တပ္မေတာ္သား မ်ား၏ ေတြးေခၚေမွ်ာ္ျမင္မႈတြင္ မည္သို႔ေပါင္းစပ္ ထည့္သြင္းေပးႏိုင္မည္ကိုလည္း ထည့္သြင္း တြက္ခ်က္ထားရပါမည္။ ၎တို႔အေနျဖင့္ၿခိမ္းေျခာက္မႈမ်ား၏ ေျပာင္းလဲေနေသာ သေဘာသဘာဝ၊ ရန္သူ၏ စိတ္ဓာတ္ႏွင့္ စြမ္းရည္တို႔ကို အျပည့္အဝ နားလည္ၿပီး ၎တို႔ ကိုယ္ပိုင္ SWOT Analysis (Strengths, Weaknesses, Opportunities and Threats Analysis) လုပ္ေဆာင္ႏိုင္ရမည္ ျဖစ္ပါသည္။ ႐ုရွား-ယူကရိန္းစစ္ပြဲ၊ ဂါဇာစစ္ပြဲႏွင့္ ျဖစ္ႏိုင္ေျခရွိေသာ အနာဂတ္ပဋိပကၡမ်ား (ဥပမာ – ထိုင္ဝမ္ကြၽန္းအေရးကိစၥ) က မိမိတို႔တြင္ အေတြးအျမင္သစ္မ်ား လိုအပ္ေနေၾကာင္း သတိေပးေနပါသည္။ မိမိတို႔ႏိုင္ငံအေနျဖင့္ ဆင့္ကဲေျပာင္းလဲလာေသာ ၿခိမ္းေျခာက္မႈ အႏၲရာယ္မ်ားႏွင့္ တိုးတက္ေျပာင္းလဲလာေသာ စစ္ပြဲ၏သေဘာသဘာဝကို ထည့္သြင္းစဥ္းစား ေရးဆြဲထားသည့္ျပည့္စုံေသာ အမ်ိဳးသားလုံၿခဳံေရး မဟာဗ်ဴဟာစာတမ္းတစ္ေစာင္အား ျပင္ဆင္ေရးဆြဲထားသင့္ပါေၾကာင္း ေဖာ္ျပအပ္သည္။

ေဒါက္တာႏိုင္ေဆြဦး
ေသနဂၤမဟာဗ်ဴဟာေလ့လာေရးအဖြဲ႕

NaingSweOo

(သုတအလင္း မဂၢဇင္း အမွတ္ (၁၀၁) စက္တင္ဘာ ႏွင့္ (၁၀၂) ေအာက္တိုဘာ ၂၀၂၄ တြင္ ေဖာ္ျပပါရွိေသာ ေဆာင္းပါး ျဖစ္ၿပီး ၂၀၂၄ ခုႏွစ္အတြက္ သုတအလင္း မဂၢဇင္း “အေကာင္းဆုံး ေဆာင္းပါးဆု” ရရွိခဲ့ပါသည္။)
ရင္းျမစ္။ Changing Nature of Warfare, Lesson for India, Arvind Gupta, Director, VIF, May 24, 2024

Share.

About Author

Leave A Reply