ရခိုင်ပြည်နယ်အရေး – နိုင်ငံတကာစံနှုန်းများနှင့် အမျိုးသားလုံခြုံရေးအမြင်ဆွေးနွေးပွဲ ကျင်းပခြင်း

0

ရခိုင်ပြည်နယ်အရေး – နိုင်ငံတကာစံနှုန်းများနှင့် အမျိုးသားလုံခြုံရေးအမြင်ဆွေးနွေးပွဲ ကျင်းပခြင်း

သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ (Thayninga Institute for Strategic Studies – TISS) က စီစဉ်သည့် “ရခိုင်ပြည်နယ်အရေး – နိုင်ငံတကာစံနှုန်းများနှင့် အမျိုးသားလုံခြုံရေးအမြင်ဆွေးနွေးပွဲ” ကို ၂၀၁၈ ခုနှစ် ဇွန်လ ၉ ရက် (စနေနေ့) တွင် ရန်ကုန်မြို့ Hotel Yangon ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ဆွေးနွေးပွဲတွင်
– ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံကိန်းပညာရှင် ဒေါက်တာဒေါ်ရင်ရင်နွယ်
– ဥပဒေပညာရှင် ဒေါက်တာဆလိုင်းငွန်ကျုံးလျှန်နှင့်
– နိုင်ငံရေးလေ့လာသူ ဒေါက်တာရန်မျိုးသိမ်းတို့က သက်ဆိုင်ရာကဏ္ဍလိုက် ပညာရပ်ပိုင်းဆိုင်ရာများကို ဆွေးနွေးခဲ့ကြပါသည်။

သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ တည်ထောင်သူနှင့် အမှုဆောင်ဒါရိုက် ဒေါက်တာနိုင်ဆွေဦးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခြင်းနှင့် ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပါသည်။ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက ဆွေးနွေးပွဲ၏ Moderator အဖြစ် ဆောင်ရွက်ခဲ့ပါသည်။

ပညာရှင်ကြီးများသည် တက်ရောက်လာကြသူများ၏ မေးမြန်းဆွေးနွေးမှုများကိုလည်း ပြန်လည် ဖြေကြားဆွေးနွေးပေးခဲ့ပါသည်။
ဆွေးနွေးပွဲသို့ လေ့လာသူနှင့် မီဒီယာ ပုဂ္ဂိုလ် (၁၀၀) ကျော် တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ဆွေးနွေးမှုများအား စာအုပ် ရိုက်နှိပ်ထုတ်ဝေသွားမည် ဖြစ်ပါသည်။

ယမန်နေ့ ဆွေနွေးပွဲကျင်းပသည့် ဗီဒီယိုမှတ်တမ်းများအား အောက်ပါ Link များတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

ပထမပိုင်း
https://www.facebook.com/thayninga/videos/993375307498376/

ဒုတိယပိုင်း
https://www.facebook.com/thayninga/videos/993447207491186/

Thayninga Institute for Strategic Studies – သေနင်္ဂ

Share.

About Author

Leave A Reply