သတ္တမအကြိမ် မြန်မာ – ဘင်္ဂလားဒေ့ရှ် ပညာရှင်များ အစည်းအဝေးသို့ တက်ရောက်ဆွေးနွေးခြင်း
သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ (TISS – Myanmar) တည်ထောင်သူနှင့် အမှုဆောင်ဒါရိုက်တာ ဒေါက်တာနိုင်ဆွေဦးသည် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၈ ရက်မှ ၉ ရက်နေ့အထိ စင်ကာပူနိုင်ငံတွင် Swissotel Merchant Street တွင် ပြုလုပ်ကျင်းပခဲ့သော သတ္တမအကြိမ် မြန်မာ – ဘင်္ဂလားဒေ့ရှ် ပညာရှင်များ အစည်းအဝေး (7th Myanmar – Bangladesh Experts Meeting) သို့ တက်ရောက်ပြီး လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ပါသည်။
အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံဖက်မှ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ (MISIS) ဥက္ကဌ အငြိမ်းစား သံအမတ်ကြီး ဦးညွှန့်မောင်ရှိန်၊ MISIS အဖွဲ့ဝင်များ ဖြစ်ကြသော အငြိမ်းစား သံအမတ်ကြီး ဦးဝင်းလွင်၊ ဦးကျော်မြိုင်နှင့် ဒေါ်ကယ်ရိုလင်းအန်းန် ချစ်သာ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့မှ ဗိုလ်မှူးချုပ် အောင်သော် (ငြိမ်း)၊ သေနင်္ဂမဟာဗျူလေ့လာရေးအဖွဲ့ (TISS – Myanmar) တည်ထောင်သူနှင့် အမှုဆောင်ဒါရိုက်တာ ဒေါက်တာနိုင်ဆွေဦးနှင့် Institute of Southeast Asian Studies (ISEAS) မှ Lead Researcher ဒေါ်မိုးသူဇာတို့ တက်ရောက် ဆွေးနွေးခဲ့ပါသည်။ စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ဒုတိယအတွင်းဝန် ဦးရန်နိုင်ခန့်သည် လေ့လာသူအဖြစ် တက်ရောက်ခဲ့ပါသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်မှ ဘင်္ဂလာဒေ့ရှ် နိုင်ငံတကာနှင့် မဟာဗျူဟာလေ့လာရေးအဖွဲ့ (Bangladesh Institute of International and Strategic Studies – BIISS) ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် A K M Abdur Rahman၊ ဘင်္ဂလာဒေ့ရှ် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးလေ့လာမှုအဖွဲ့ (Bangladesh Institute of Peace and Security Studies – BIPSS) ဥက္ကဌ ဗိုလ်ချုပ် Muniruzzaman (ငြိမ်း)၊ ဘင်္ဂလာဒေ့ရှ် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် ကျောင်းအုပ်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး A T M Zahirul Alam (ငြိမ်း)၊ Bangladesh Enterprise Institute (BEI) ဥက္ကဌ သံအမတ်ကြီး Humayun Kabir၊ Research Initiatives Bangladesh (RIB) ဥက္ကဌ Shamsul Bari၊ Bangladesh Enterprise Institute (BEI) မှ အကြီးတန်းသုတေသနဒါရိုက်တာ Mr. Faiz Sobhan၊ ဒါကာတက္ကသိုလ်မှ နိုင်ငံတကာဆက်ဆံရေး ပါမောက္ခ Dr. Amena Mohsin၊ Bangladesh Institute of Peace and Security Studies – BIPSS မှ research Fellow Mr. Shafqat Munir တို့နှင့် တတိယအတွင်းဝန် Ms. Morioum Begum Shorna တို့ တက်ရောက်ခဲ့ကြပါသည်။
တရုတ်နိုင်ငံ China Institute of International Studies (CIIS) မှ Dr. Tang Qufang နှင့် Dr. Zhang Jian တို့သည် လေ့လာသူများအဖြစ် ပါဝင်တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် လက်ရှိ မြန်မာ – ဘင်္ဂလာဒေ့ရှ်နယ်စပ်တစ်လျှောက် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော အခြေအနေများ၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်ကောင်းမွန်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။
သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့