ယူကရိန်းအား CV9040 IFV များ ပေးအပ်မည့် ဒိန်းမတ်

0

ယူကရိန်းအား CV9040 IFV များ ပေးအပ်မည့် ဒိန်းမတ်

ယူကရိန်းအား ကမ္ဘာ့ခေတ်အမီဆုံး Infantry Fighting Vehicle ဟု ဆိုနိုင်သည့် CV9040 IFV များ အပါအဝင် စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ပေးအပ်မည့်အစီအစဉ်တစ်ရပ်ကိုဆွီဒင်အစိုးရက၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၉ ရက်က ထုတ်ပြန်ခဲ့သည်။

ဆွီဒင်ကာကွယ်ရေးဝန်ကြီးဌာနက ယူကရိန်းအား ပေးအပ်မည့် CV90 ချိန်းတပ် သံချပ်ကာခြေလျင်တင်တိုက်ယာဉ်များနှင့် Archer ၁၅၅ မမ ဘီးတပ်ယာဉ်တင် ဟောင်ဝစ်ဇာအမြောက်များ ပါဝင်သည့် ထောက်ပံ့ရေးအစီအစဉ်အား ကြေညာခဲ့သည်။ ဤသည်မှာ ဆွီဒင်၏ တတိယအကြိမ်နှင့် အကြီးဆုံးပေးအပ်မှုဖြစ်သည်။

အဆိုပါ Package တွင် ဆွီဒင်တပ်မတော် က Archer အမြောက်စနစ်အား လွှဲပြောင်းပေးအပ်ရန် ညွှန်ကြားချက်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ဝယ်ယူခြင်းဆိုင်ရာ စီမံချက်များ ပါဝင်သည်။ ၎င်း Package တွင် ယူရို ၃၈၅ ဘီလီယံတန်ဖိုးရှိ နောက်ပွင့်ရိုင်ဖယ်နှင့် ခဲယမ်းများ၊ တင့်ဖျက်လက်နက်များ၊ ချေမှုန်းရေးရိုင်ဖယ်များ၊ မိုင်းရှင်း ကိရိယာများ၊ CV90 တိုက်ယာဉ်နှင့် ခဲယမ်းများ၊ NLAW MBT LAW RB-57 တင့်ဖျက်ဒုံးများ ပါဝင်သည်။

CV90 သည် ဆွီဒင် ကုမ္ပဏီ BAE Systems Hägglunds က ထုတ်လုပ်သည့် ချိန်းတပ် သံချပ်ကာခြေလျင်တင်တိုက်ယာဉ်အမျိုးအစားဖြစ်သည်။ ၎င်းအား ကင်းထောက်၊ ခြေလျင်တိုက်ခိုက်ရေးနှင့် ပစ်ကူပေး စသည့် ကဏ္ဍမျိုးစုံတွင် အသုံးပြုနိုင်ရန် ဒီဇိုင်းထုတ်ထားခြင်း ဖြစ်သည်။

CV9040 သည် CV90 ၏ မျိုးကွဲတစ်ခုဖြစ်ပြီး CV9035 အား သံချပ်ကာထပ်ပိုးတပ်ဆင်ခြင်း၊ အားကောင်းသော အင်ဂျင်ပြောင်းလဲ တပ်ဆင်ခြင်းနှင့် စက်ပစ္စည်းကိရိယာများ ထပ်တိုးတပ်ဆင်ခြင်းတို့ ပြုလုပ်ထားသည်။

တိုက်ယာဉ်ကိုယ်ထည်အား All-welded Steel ဖြင့် တည်ဆောက်ထားခြင်းဖြစ်ပြီး တိုက်ယာဉ် အဖွဲ့သား (၃) ဦး (တိုက်ယာဉ်မှူး၊ တိုက်ယာဉ်မောင်း၊ စက်ပစ်သမား) နှင့် ခြေလျင်စစ်သည် (၈) ဦးတို့ လိုက်ပါနိုင်သည်။ CV9040 အား စတီးလ်၊ အလူမီနီယံနှင့် ကြွေတို့ဖြင့် ပေါင်းစပ်ထားသည့် သံချပ်ကာဖြင့် တည်ဆောက်ထားပြီး လက်နက်ငယ်ကျည်များ၊ အမြောက်ကျည် အစများနှင့် တင့်ဖျက်လက်နက်များ ပစ်ခတ်မှုဒဏ်ခံနိုင်ရန် ဒီဇိုင်းထုတ်ထားသည်။ ထို့အပြင် မိုင်းနှင့် လက်လုပ်မိုင်း (IED) ဒဏ်အားလည်း ခံနိုင်မှုရှိစေရန် ထုတ်လုပ်ထားသည်။ Modular Armour အား ထပ်ပိုးတပ်ဆင်နိုင်သည်။

CV9040 သို့မဟုတ် Strf 9040 ၏ ပင်မလက်နက်မှာ ၄၀ မမ Bofors Defence 40/70B စက်အမြောက် ဖြစ်သည်။ တိုက်ယာဉ်မှူး သို့မဟုတ် စက်ပစ်သမားက တစ်တောင့်ချင်း တစ်မိနစ်လျှင် အတောင့် ၆၀ နှုန်းဖြင့် ပစ်ခတ်နိုင်ပြီး၊ အတွဲလိုက်ပစ်ခတ်ပါက တစ်မိနစ်လျှင် အတောင့် ၃၀၀ ပစ်ခတ်နိုင်သည်။ အဝေးဆုံး ထိရောက်အကွာအဝေးမှာ မြေပြင်ပစ်မှတ်များအတွက် မီတာ ၂၀၀၀ နှင့် ဝေဟင်ပစ်မှတ်များအတွက် မီတာ ၄၀၀၀ ဖြစ်သည်။ ကျည်ခွံအား အပြင်သို့ စွန့်ထုတ်သည့် စနစ်လည်း ပါဝင်သည်။

CV9040 နှင့် Archer များသည် ရုရှား-ယူကရိန်းစစ်ပွဲအား အလှည့်အပြောင်းဖြစ်လာနိုင်မည်လား။ နိုင်ငံတကာ စစ်လက်နက်ပစ္စည်းမျိုးစုံ၏ သင်္ချိုင်းဖြစ်လာနေသော ယူကရိန်းစစ်မြေပြင်တွင် CV9040 နှင့် Archer များ အမှန်တကယ် အလုပ်ဖြစ်၊ မဖြစ် စောင့်ကြည့်ရပေဦးမည်။

ဒေါက်တာနိုင်ဆွေဦး

သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့

Source: Sweden provides Ukraine with CV9040 one of the most modern IFVs in the world, Army Recognization, 22 January 2023

Share.

About Author

Leave A Reply