– ဒီမိုကရေစီစနစ်ဆိုတာ ပြည်သူက သူတို့ကို ကိုယ်စားပြုတဲ့သူတွေကို ကိုယ်တိုင်ရွေးချယ်တဲ့ အုပ်ချုပ်ရေးစနစ်ဖြစ်ပြီး ဖက်ဒရယ်ဆိုတာ တိုင်းဒေသကြီးတွေ၊ ပြည်နယ်တွေ၊ လူမျိုးတွေကို စုစည်းလုပ်ကိုင်ရာမှာ လုပ်ကိုင်နိုင်ခွင့်တွေကို ခွဲဝေကျင့်သုံးတဲ့ အယူအဆ သဘောတရားဖြစ်တယ်။
– ဒါကြောင့်မတူကွဲပြားတဲ့ ကိုယ်စားပြုမှုတွေရှိပြီး ပါတီတွေ၊ တိုင်းရင်းသားလူမျိုးစုတွေကို ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားပြုနိုင်ဖို့အတွက် လက်ရှိရွေးကောက်ပွဲမှာ ကျင့်သုံးနေတဲ့ ဦးသူအနိုင်ယူ (FPTP – First Past The Post) စနစ်အပြင် အချိုးကျကိုယ်စားစနစ် (PR – Proportional Representation) ကိုလည်း ပေါင်းစပ်ကျင့်သုံးဆောင်ရွက်သွားမှာ ဖြစ်တယ်။
{(၇၈) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ပြောကြားသည့်မိန့်ခွန်းမှ ကောက်နုတ်ချက်}
ဒေါက်တာနိုင်ဆွေဦး
သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့