(၁၁) ကြိမ်မြောက် မော်စကို နိုင်ငံတကာလုံခြုံရေး ကွန်ဖရင့် (The XI Moscow Conference on International Security – XI MCIS) သို့ တက်ရောက် ဆွေးနွေးခြင်း

0

(၁၁) ကြိမ်မြောက် မော်စကို နိုင်ငံတကာလုံခြုံရေး ကွန်ဖရင့် (The XI Moscow Conference on International Security – XI MCIS) သို့ တက်ရောက် ဆွေးနွေးခြင်း

မော်စကို Patriot Park “Patriot” Cosmos Hotel တွင် ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၅ ရက်က ပြုလုပ်သည့် XI MCIS ဖွင့်ပွဲ အခမ်းအနားသို့ ရုရှားသမ္မတ ပူတင်နှင့် ဘီလာရုစ်သမ္မတ လူကာရှန်ကိုတို့က နှုတ်ခွန်းဆက် ဗီဒီယို Message ပေးပို့ပြီး ရုရှား၊ တရုတ်နှင့် ဘီလာရုစ်ကာကွယ်ရေးဝန်ကြီးများ၊ ရုရှားနိုင်ငံခြားရေးဝန်ကြီး လာဗရော့နှင့် ရုရှား ပြည်ပထောက်လှမ်း ညွှန်ကြားရေးမှူးတို့က အသီးသီး အမှာစကားများ ပြောကြားခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က Plenary Session 2: Security in Asia-Pacific Region သို့ ဗီဒီယို Message ပေးပို့ ဆွေးနွေးပါသည်။

အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံမှ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်ဆန်း ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့နှင့် သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ပါသည်။

သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဒေါက်တာနိုင်ဆွေဦးသည် ညနေပိုင်းတွင် ပြုလုပ်သော (၁၁) ကြိမ်မြောက် မော်စကို နိုင်ငံတကာလုံခြုံရေး ကွန်ဖရင့် (The XI Moscow Conference on International Security) ကျွမ်းကျင်ပညာရှင်များ အစည်းအဝေး (Expert Discussion Club) တွင် ပါဝင်ဆွေးနွေးခဲ့ပါသည်။

ဒေါက်တာနိုင်ဆွေဦး

သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့

Share.

About Author

Leave A Reply