DTI Thailand က CS/AH2 ၁၀၅မမ အပေါ့စား အမြောက် ရှေ့ပြေးစမ်းသပ်ပုံစံများကို ထိုင်းဘုရင့် ကြည်းတပ်မတော်ထံ လွှဲပြောင်းပေးအပ်ခြင်း
ထိုင်းနိုင်ငံ ကာကွယ်ရေးနည်းပညာသိTI) က ၁၀ပ္ပံ (D၅ မမ ဟောင်ဝစ်ဇာ CS/AH2 ၏ ရှေ့ပြေးစမ်းသပ်ပုံစံ နှစ်လက်အား ထိုင်းဘုရင့် ကြည်းတပ်မတော်၏ အမြောက်ဗဟိုဌာနသို့ လွှဲပြောင်း ပေးခဲ့သည်။
Lopburi ခရိုင်ရှိ Bhumibol တပ်စခန်းတွင် ပြုလုပ်ခဲ့သည့် အဆိုပါ လွှဲပြောင်း ပေးအပ်မှုကို DTI က ၎င်း၏ Facebook စာမျက်နှာတွင် ၂၀၂၄ ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် တရားဝင် ကြေညာခဲ့သည်။ အဆိုပါ ရှေ့ပြေးနမူနာများသည် DTI နှင့် အမြောက်စင်တာတို့အကြား ပူးတွဲ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပဏာမခြေလှမ်းကို ကိုယ်စားပြုပါသည်။ ထိုင်းဘုရင့် ကြည်းတပ်မတော်၏ အမြောက်လေ့ကျင့်ရေးနှင့် စစ်ဆင်ရေးအသင့် မြှင့်တင်ရေးအတွက်လည်း အရေးကြီးသော ခြေလှမ်းတစ်ခုဖြစ်သည်။
DTI Thailand သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Poly Technologies, Inc. နှင့် ဘတ် ၄၈ သန်း (ဒေါ်လာ ၁,၄၃၉,၇၁၂) တန်ကြေးရှိ စာချုပ်ကို ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် ချုပ်ဆိုခဲ့ရာ CS/AH2 ၁၀၅မမ အမြောက်များ သုတေသနနှင့် ဖွံ့ဖြိုးရေးသည် ကျယ်ပြန့်သော ပူးပေါင်းဆောင်ရွက်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် စတင်ခဲ့သည်။ ဤပူးပေါင်းဆောင်ရွက်မှုသည် ပို့ကုန်ဈေးကွက်အတွက် အထူးအံဝင်ခွင်ကျဖြစ်မည့် အပေါ့စားအမြောက်များ ထုတ်လုပ်ရန် ရည်ရွယ်သည်။
၂၀၂၃ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သော နားလည်မှုသဘောတူစာချွန်လွှာအရ DTI နှင့် အမြောက်စင်တာတို့အကြား ပစ်ခတ်စမ်းသပ်မှုများအပါအဝင် ဘက်စုံစမ်းသပ်မှုများကို Khao Phu Lon စက်ပစ်ကွင်း၌ ၂၀၂၃ ခုနှစ်တစ်လျှောက်လုံး ပြုလုပ်ခဲ့ပြီး အဆိုပါအဆင့်မြင့် လက်နက်စနစ်များအား လွှဲပြောင်း ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
CS/AH2 ရှေ့ပြေးပုံစံများ၏ ဒီဇိုင်းနှင့် အင်္ဂါရပ်များသည် ဗြိတိန် BAE Systems M119 (L119) နှင့် ပြင်သစ် Nexter LG1 Mk III အပေါ့စားယာဉ်ဆွဲအမြောက်များကဲ့သို့သော အမြောက်များတွင် တွေ့ရှိရသည့် ပုံစံများနှင့် ဆင်တူသည့် အစိတ်အပိုင်းများကို ပေါင်းစပ် တည်ဆောက်ထားသည်။
ထူးခြားသည်မှာ CS/AH2 တွင် ထိုင်းကြည်းတပ်က မကြာသေးမီက တပ်တော်ဝင်အသုံးပြုနေသည့် Nexter LG1 Mk III အမြောက်တွင် အသုံးပြုထားသည့် စနစ်များနှင့် ဆင်တူသည့် ခေတ်မီဆန်းသစ်သော ဒစ်ဂျစ်တယ် ပစ်ခတ်မှု ထိန်းချုပ်မှုစနစ်နှင့် ဂြိုလ်တု လမ်းညွှန်မှုစနစ်များ တပ်ဆင်ထားသည်။
M119 (ဗြိတိသျှ တပ်မတော်တွင် L119 ဟုလူသိများသည်) သည် အမေရိကန်ကြည်းတပ်နှင့် မရိန်းတပ်ဖွဲ့မှအသုံးပြုသော ၁၀၅ မမ အပေါ့စားယာဉ်ဆွဲ ဟောင်ဝစ်ဇာဖြစ်သည်။ ၎င်းသည် အမျိုးမျိုးသော စစ်မြေပြင် ဝန်းကျင်များတွင် လျှင်မြန်စွာ တပ်ဖြန့်နိုင်ရန်နှင့် လျှင်မြန်စွာ ရွှေ့ပြောင်းနိုင်ရန်တို့အတွက် ဒီဇိုင်းထုတ်ထားပြီး လေကြောင်းချီနှင့် လေကြောင်းဆင်း တိုက်ခိုက်ရေးတပ်များအတွက် သင့်လျော်သည်။ M119 ၏ တာဝေးမှာ အကြမ်းဖျင်းအားဖြင့် ၁၁၅၀၀ မီတာအထိ အဝေးဆုံး ပစ်ခတ်နိုင်သည်။ တိုက်ပွဲအခြေအနေအမျိုးမျိုးအလိုက် ကျည်အမျိုးအစားမျိုးစုံအား ပစ်ခတ်နိုင်ရန်လည်း ဒီဇိုင်း ထုတ်ထားသည်။
ထိုဟောင်ဝဇ်ဇာအမြောက်တွင် Hydro-pneumatic နောက်ကန်အားစနစ်ပါရှိပြီး မြင့်ထောင့် အမျိုးမျိုးမှ ပစ်ခတ်နိုင်သည့်အတွက် ၎င်း၏ ထိရောက်မှု စွမ်းရည်ကို တိုးတက်လာစေသည်။ ပေါ့ပါးသော တည်ဆောက်မှုကြောင့် အမြောက်အား စစ်ဆင်ရေးနယ်မြေပေါ်သို့ ရဟတ်ယာဉ်ဖြင့် ချိတ်ဆွဲ သယ်ယူပို့ဆောင်နိုင်ခြင်း သို့မဟုတ် လေထီးဖြင့် ချပေးခြင်း တို့ကို ပြုလုပ်နိုင်သည်။ ၎င်းအမြောက်သည် တိုက်ရိုက်နှင့် သွယ်ဝိုက် နှစ်မျိုးလုံး ပစ်ခတ်နိုင်စွမ်းရှိသည်။
Nexter LG1 Mk III ယာဉ်ဆွဲ ဟောင်ဝဇ်ဇာ အမြောက်သည် ဘယ်လ်ဂျီယံ၊ ကနေဒါနှင့် ထိုင်းနိုင်ငံတို့အပါအဝင် နိုင်ငံအများအပြားတွင် အသုံးပြုနေသော ခေတ်မီ ၁၀၅မမ ဟောင်ဝစ်ဇာအမျိုးအစားဖြစ်သည်။ M119 ကဲ့သို့ပင် ၎င်းကို လျှင်မြန်စွာ တပ်ဖြန့်ကျက်ခြင်းနှင့် လျှင်မြန်စွာ ရွေ့လျား စစ်ကစားနိုင်မှုတို့အတွက် ဒီဇိုင်းထုတ်ထားပြီး အလေးချိန် ၁၆၅၀ ကီလိုဂရမ်အောက်သာ ရှိသည်။
LG1 Mk III သည် ၎င်း၏အတန်းအစားတွင် အပေါ့ပါးဆုံး အမြောက်များထဲမှ တစ်ခုဖြစ်သည်။ ၎င်းအား Extended Range ကျည်များ အသုံးပြု ပစ်ခတ်မည်ဆိုပါက တာဝေး ၁၇၀၀၀ မီတာထက် ကျော်လွန်ပစ်ခတ်နိုင်သည်ဖြစ်ရာ M119 ထက် တာဝေး သိသိသာသာ ပိုမိုကြောင်း တွေ့ရသည်။
LG1 Mk III တွင် ခေတ်မီဆန်းသစ်သော ဒစ်ဂျစ်တယ် ပစ်ခတ်မှု ထိန်းချုပ်ရေးစနစ် တပ်ဆင်ထားရာ ပစ်ခတ်ရာတွင် ပိုမိုတိကျမှန်ကန်ရှိပြီး၊ ပူးပေါင်း စစ်ဆင်ရေးများအတွက် ခေတ်မီစစ်ဖက် ဆက်သွယ်ရေးကွန်ရက်များနှင့် ချိတ်ဆက်နိုင်စွမ်းလည်း ရှိသည်။ ၎င်း၏ စစ်ဆင်ရေးဆိုင်ရာ ပြောင်းလွယ်ပြင်လွယ်ဖြစ်မှုသည် အမျိုးမျိုးသော အမြောက်ဆွဲယာဉ်များနှင့် လေယာဉ်များနှင့် လိုက်လျောညီထွေ ရှိစေပြီး လက်ရှိ တပ်များ၏ ဖွဲ့စည်းပုံအတွင်းသို့ လွယ်ကူစွာ ပေါင်းစည်းနိုင်ပါသည်။
ထိုင်းနိုင်ငံသည် ၎င်း၏ သက်တမ်းရင့်လာသည့် အမြောက်စနစ်များဖြစ်သည့် M425 ယာဉ်တင် အမြောက် ၁၂ လက်နှင့် M618A2 ပြည်တွင်းထုတ် အပေါ့စား ယာဉ်ဆွဲအမြောက် ၃၂ လက်တို့အား အစားထိုးရန် ကြိုးပမ်းနေသည့် အရေးကြီးသည့်အချိန်တွင် CS/AH2 ကို မိတ်ဆက်လိုက်ခြင်းလည်း ဖြစ်သည်။ ထိုင်းတော်ဝင် ကြည်းတပ်၏ အမြောက်တပ်များ ခေတ်မီစေရန် ကြိုးပမ်းမှုများကို CS/AH2 အမြောက်စနစ် ဖွံ့ဖြိုးရေး အစီအစဉ်က အထောက်အကူ ပြုနေကြောင်း လေ့လာတွေ့ရှိရပါသည်။
နိုင်ဆွေဦး
#NaingSweOo
Source: DTI Thailand Delivers CS/AH2 105mm Light Artillery Prototypes to Royal Thai Army, Global Defense News, Army Recognition Group, 3 May, 2024
DTI Thailand က CS/AH2 ၁၀၅မမ အေပါ့စား အေျမာက္ ေရွ႕ေျပးစမ္းသပ္ပုံစံမ်ားကို ထိုင္းဘုရင့္ ၾကည္းတပ္မေတာ္ထံ လႊဲေျပာင္းေပးအပ္ျခင္း
ထိုင္းႏိုင္ငံ ကာကြယ္ေရးနည္းပညာသိTI) က ၁၀ပၸံ (D၅ မမ ေဟာင္ဝစ္ဇာ CS/AH2 ၏ ေရွ႕ေျပးစမ္းသပ္ပုံစံ ႏွစ္လက္အား ထိုင္းဘုရင့္ ၾကည္းတပ္မေတာ္၏ အေျမာက္ဗဟိုဌာနသို႔ လႊဲေျပာင္း ေပးခဲ့သည္။
Lopburi ခ႐ိုင္ရွိ Bhumibol တပ္စခန္းတြင္ ျပဳလုပ္ခဲ့သည့္ အဆိုပါ လႊဲေျပာင္း ေပးအပ္မႈကို DTI က ၎၏ Facebook စာမ်က္ႏွာတြင္ ၂၀၂၄ ခုႏွစ္ ဧၿပီလ ၂၄ ရက္ေန႔တြင္ တရားဝင္ ေၾကညာခဲ့သည္။ အဆိုပါ ေရွ႕ေျပးနမူနာမ်ားသည္ DTI ႏွင့္ အေျမာက္စင္တာတို႔အၾကား ပူးတြဲ သုေတသနႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရးဆိုင္ရာ ပဏာမေျခလွမ္းကို ကိုယ္စားျပဳပါသည္။ ထိုင္းဘုရင့္ ၾကည္းတပ္မေတာ္၏ အေျမာက္ေလ့က်င့္ေရးႏွင့္ စစ္ဆင္ေရးအသင့္ ျမႇင့္တင္ေရးအတြက္လည္း အေရးႀကီးေသာ ေျခလွမ္းတစ္ခုျဖစ္သည္။
DTI Thailand သည္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ Poly Technologies, Inc. ႏွင့္ ဘတ္ ၄၈ သန္း (ေဒၚလာ ၁,၄၃၉,၇၁၂) တန္ေၾကးရွိ စာခ်ဳပ္ကို ၂၀၂၁ ခုႏွစ္ စက္တင္ဘာလတြင္ ခ်ဳပ္ဆိုခဲ့ရာ CS/AH2 ၁၀၅မမ အေျမာက္မ်ား သုေတသနႏွင့္ ဖြံ႕ၿဖိဳးေရးသည္ က်ယ္ျပန႔္ေသာ ပူးေပါင္းေဆာင္႐ြက္မႈ၏ တစ္စိတ္တစ္ပိုင္းအျဖစ္ စတင္ခဲ့သည္။ ဤပူးေပါင္းေဆာင္႐ြက္မႈသည္ ပို႔ကုန္ေဈးကြက္အတြက္ အထူးအံဝင္ခြင္က်ျဖစ္မည့္ အေပါ့စားအေျမာက္မ်ား ထုတ္လုပ္ရန္ ရည္႐ြယ္သည္။
၂၀၂၃ ခုႏွစ္ မတ္လ ၁၅ ရက္ေန႔တြင္ လက္မွတ္ေရးထိုးခဲ့ေသာ နားလည္မႈသေဘာတူစာခြၽန္လႊာအရ DTI ႏွင့္ အေျမာက္စင္တာတို႔အၾကား ပစ္ခတ္စမ္းသပ္မႈမ်ားအပါအဝင္ ဘက္စုံစမ္းသပ္မႈမ်ားကို Khao Phu Lon စက္ပစ္ကြင္း၌ ၂၀၂၃ ခုႏွစ္တစ္ေလွ်ာက္လုံး ျပဳလုပ္ခဲ့ၿပီး အဆိုပါအဆင့္ျမင့္ လက္နက္စနစ္မ်ားအား လႊဲေျပာင္း ေပးအပ္ခဲ့ျခင္း ျဖစ္သည္။
CS/AH2 ေရွ႕ေျပးပုံစံမ်ား၏ ဒီဇိုင္းႏွင့္ အဂၤါရပ္မ်ားသည္ ၿဗိတိန္ BAE Systems M119 (L119) ႏွင့္ ျပင္သစ္ Nexter LG1 Mk III အေပါ့စားယာဥ္ဆြဲအေျမာက္မ်ားကဲ့သို႔ေသာ အေျမာက္မ်ားတြင္ ေတြ႕ရွိရသည့္ ပုံစံမ်ားႏွင့္ ဆင္တူသည့္ အစိတ္အပိုင္းမ်ားကို ေပါင္းစပ္ တည္ေဆာက္ထားသည္။
ထူးျခားသည္မွာ CS/AH2 တြင္ ထိုင္းၾကည္းတပ္က မၾကာေသးမီက တပ္ေတာ္ဝင္အသုံးျပဳေနသည့္ Nexter LG1 Mk III အေျမာက္တြင္ အသုံးျပဳထားသည့္ စနစ္မ်ားႏွင့္ ဆင္တူသည့္ ေခတ္မီဆန္းသစ္ေသာ ဒစ္ဂ်စ္တယ္ ပစ္ခတ္မႈ ထိန္းခ်ဳပ္မႈစနစ္ႏွင့္ ၿဂိဳလ္တု လမ္းၫႊန္မႈစနစ္မ်ား တပ္ဆင္ထားသည္။
M119 (ၿဗိတိသွ် တပ္မေတာ္တြင္ L119 ဟုလူသိမ်ားသည္) သည္ အေမရိကန္ၾကည္းတပ္ႏွင့္ မရိန္းတပ္ဖြဲ႕မွအသုံးျပဳေသာ ၁၀၅ မမ အေပါ့စားယာဥ္ဆြဲ ေဟာင္ဝစ္ဇာျဖစ္သည္။ ၎သည္ အမ်ိဳးမ်ိဳးေသာ စစ္ေျမျပင္ ဝန္းက်င္မ်ားတြင္ လွ်င္ျမန္စြာ တပ္ျဖန႔္ႏိုင္ရန္ႏွင့္ လွ်င္ျမန္စြာ ေ႐ႊ႕ေျပာင္းႏိုင္ရန္တို႔အတြက္ ဒီဇိုင္းထုတ္ထားၿပီး ေလေၾကာင္းခ်ီႏွင့္ ေလေၾကာင္းဆင္း တိုက္ခိုက္ေရးတပ္မ်ားအတြက္ သင့္ေလ်ာ္သည္။ M119 ၏ တာေဝးမွာ အၾကမ္းဖ်င္းအားျဖင့္ ၁၁၅၀၀ မီတာအထိ အေဝးဆုံး ပစ္ခတ္ႏိုင္သည္။ တိုက္ပြဲအေျခအေနအမ်ိဳးမ်ိဳးအလိုက္ က်ည္အမ်ိဳးအစားမ်ိဳးစုံအား ပစ္ခတ္ႏိုင္ရန္လည္း ဒီဇိုင္း ထုတ္ထားသည္။
ထိုေဟာင္ဝဇ္ဇာအေျမာက္တြင္ Hydro-pneumatic ေနာက္ကန္အားစနစ္ပါရွိၿပီး ျမင့္ေထာင့္ အမ်ိဳးမ်ိဳးမွ ပစ္ခတ္ႏိုင္သည့္အတြက္ ၎၏ ထိေရာက္မႈ စြမ္းရည္ကို တိုးတက္လာေစသည္။ ေပါ့ပါးေသာ တည္ေဆာက္မႈေၾကာင့္ အေျမာက္အား စစ္ဆင္ေရးနယ္ေျမေပၚသို႔ ရဟတ္ယာဥ္ျဖင့္ ခ်ိတ္ဆြဲ သယ္ယူပို႔ေဆာင္ႏိုင္ျခင္း သို႔မဟုတ္ ေလထီးျဖင့္ ခ်ေပးျခင္း တို႔ကို ျပဳလုပ္ႏိုင္သည္။ ၎အေျမာက္သည္ တိုက္႐ိုက္ႏွင့္ သြယ္ဝိုက္ ႏွစ္မ်ိဳးလုံး ပစ္ခတ္ႏိုင္စြမ္းရွိသည္။
Nexter LG1 Mk III ယာဥ္ဆြဲ ေဟာင္ဝဇ္ဇာ အေျမာက္သည္ ဘယ္လ္ဂ်ီယံ၊ ကေနဒါႏွင့္ ထိုင္းႏိုင္ငံတို႔အပါအဝင္ ႏိုင္ငံအမ်ားအျပားတြင္ အသုံးျပဳေနေသာ ေခတ္မီ ၁၀၅မမ ေဟာင္ဝစ္ဇာအမ်ိဳးအစားျဖစ္သည္။ M119 ကဲ့သို႔ပင္ ၎ကို လွ်င္ျမန္စြာ တပ္ျဖန႔္က်က္ျခင္းႏွင့္ လွ်င္ျမန္စြာ ေ႐ြ႕လ်ား စစ္ကစားႏိုင္မႈတို႔အတြက္ ဒီဇိုင္းထုတ္ထားၿပီး အေလးခ်ိန္ ၁၆၅၀ ကီလိုဂရမ္ေအာက္သာ ရွိသည္။
LG1 Mk III သည္ ၎၏အတန္းအစားတြင္ အေပါ့ပါးဆုံး အေျမာက္မ်ားထဲမွ တစ္ခုျဖစ္သည္။ ၎အား Extended Range က်ည္မ်ား အသုံးျပဳ ပစ္ခတ္မည္ဆိုပါက တာေဝး ၁၇၀၀၀ မီတာထက္ ေက်ာ္လြန္ပစ္ခတ္ႏိုင္သည္ျဖစ္ရာ M119 ထက္ တာေဝး သိသိသာသာ ပိုမိုေၾကာင္း ေတြ႕ရသည္။
LG1 Mk III တြင္ ေခတ္မီဆန္းသစ္ေသာ ဒစ္ဂ်စ္တယ္ ပစ္ခတ္မႈ ထိန္းခ်ဳပ္ေရးစနစ္ တပ္ဆင္ထားရာ ပစ္ခတ္ရာတြင္ ပိုမိုတိက်မွန္ကန္ရွိၿပီး၊ ပူးေပါင္း စစ္ဆင္ေရးမ်ားအတြက္ ေခတ္မီစစ္ဖက္ ဆက္သြယ္ေရးကြန္ရက္မ်ားႏွင့္ ခ်ိတ္ဆက္ႏိုင္စြမ္းလည္း ရွိသည္။ ၎၏ စစ္ဆင္ေရးဆိုင္ရာ ေျပာင္းလြယ္ျပင္လြယ္ျဖစ္မႈသည္ အမ်ိဳးမ်ိဳးေသာ အေျမာက္ဆြဲယာဥ္မ်ားႏွင့္ ေလယာဥ္မ်ားႏွင့္ လိုက္ေလ်ာညီေထြ ရွိေစၿပီး လက္ရွိ တပ္မ်ား၏ ဖြဲ႕စည္းပုံအတြင္းသို႔ လြယ္ကူစြာ ေပါင္းစည္းႏိုင္ပါသည္။
ထိုင္းႏိုင္ငံသည္ ၎၏ သက္တမ္းရင့္လာသည့္ အေျမာက္စနစ္မ်ားျဖစ္သည့္ M425 ယာဥ္တင္ အေျမာက္ ၁၂ လက္ႏွင့္ M618A2 ျပည္တြင္းထုတ္ အေပါ့စား ယာဥ္ဆြဲအေျမာက္ ၃၂ လက္တို႔အား အစားထိုးရန္ ႀကိဳးပမ္းေနသည့္ အေရးႀကီးသည့္အခ်ိန္တြင္ CS/AH2 ကို မိတ္ဆက္လိုက္ျခင္းလည္း ျဖစ္သည္။ ထိုင္းေတာ္ဝင္ ၾကည္းတပ္၏ အေျမာက္တပ္မ်ား ေခတ္မီေစရန္ ႀကိဳးပမ္းမႈမ်ားကို CS/AH2 အေျမာက္စနစ္ ဖြံ႕ၿဖိဳးေရး အစီအစဥ္က အေထာက္အကူ ျပဳေနေၾကာင္း ေလ့လာေတြ႕ရွိရပါသည္။
ႏိုင္ေဆြဦး
#NaingSweOo
Source: DTI Thailand Delivers CS/AH2 105mm Light Artillery Prototypes to Royal Thai Army, Global Defense News, Army Recognition Group, 3 May, 2024